Thursday, July 18, 2013

မိမိ GoDaddy Domain ကို Blogger နဲ့ ဘယ်လိုချိတ်မလဲ။

အရေးကြီးဆုံး အချက်ကတော့ GoDaddy ကနေ Domain ၀ယ်ပြီးသား ဖြစ်နေရပါမယ်။ အောက်မှာ ဘယ်လိုဆက်လက် လုပ်ဆောင်ရမယ်ဆိုတာကို ရှင်းပြပါမယ်။ Dimpost.com ကို Credit ပေးပါတယ်။

ပထမအချက် - မိမိ Custom Domain ကို Blogger မှာ Add လုပ်ခြင်း။
ဒုတိယအချက် - CName Record ကို GoDaddy မှာ ပြုလုပ်ခြင်း

ပထမအချက် - မိမိ Custom Domain ကို Blogger မှာ Add လုပ်ခြင်း။

Blogger Dashboard ကို သွားပါ။
Dashboard > Settings > Basic
Add a custom domain > Switch to advanced settings တဆင့်ချင်း နှိပ်ပါ။
Advanced settings အောက်က box ထဲမှာ မိမိ ဒိုမိန်းကို ရိုက်ထည့်ပါ။

ဥပမာ - www.yourdomain.com

ပြီးရင် Save လုပ်ပါ။
We have not been able to verify your authority to this domain. Error 5”  မတ်ဆေ့ဂ်ျ ပေါ်လာရင် မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ ခဏကြာရင် အဲ့ဒါကို အဆင်ပြေအောင်လုပ်ပလိုက်ပါမယ်။ အောက်က ပုံကို ကြည့်ပါ။


အပေါ်မှာ ပြထားတဲ့ ကုဒ်နှစ်ခုကို ကော်ပီကူးထားပါ။ Save လုပ်ထားပါ။ CName Record အတွက် ကုဒ်တွေ ဖြစ်ပါတယ်။ တစ်ခုက hosting အတွက်ဖြစ်ပြီး နောက်တစ်ခု အရှည်ကြီးက Verifying Authority ဖြစ်ပါတယ်။

ဒုတိယအချက် - CName Record ကို GoDaddy မှာ ပြုလုပ်ခြင်း

GoDaddy ကို Login ၀င်ပါ။
ပြီးရင် All product>> Domains>> Domain Management ကို အဆင့်ဆင့်သွားပါ။

DNS Manager Section ကို သွားပါ။  CNAME Record မှာ Quick Add button ကို  CNAME (Alias) ဆိုတာရဲ့ အောက်မှာနှိပ်ပါ။ ပြီးရင် အောက်ပါ အတိုင်းဖြည့်ပါ။


  • Host: www 
  • Points to: ghs.google.com 
တကယ်လို့ Host အောက်မှာ www ဆိုတာ ဖြည့်ပြီးသား တစ်ခုခု ရှိနေရင် အဲ့ဒါကို အရင်ဖျက်ပြီးမှာ အပေါ်က ဟာကို ဖြည့်ပါ။ ရှိပြီးသားကို အရင်ဖျက်ဖို့ အရေးကြီးပါတယ်။
ပြီးရင်   CNAME Record မှာ Quick Add button ကို  CNAME (Alias) ဆိုတာရဲ့ အောက်မှာ နောက်တစ်ခု ထပ်လုပ်ပါ။

ပြီးတာနဲ့ ကျွန်တော် အပေါ်က Copy Save လုပ်ခိုင်းတဲ့ Blogger ကပေးတဲ့ ကုဒ်တွေကို ဖြည့်ပေးပါ။ Save Zone File >> OK နှိပ်ပါ။
အခု GoDaddy နဲ့ ပတ်သက်တဲ့ အပိုင်းပြီးသွားပါပြီ။

Blogger ကို ပြန်သွားပါ။
Save ကို နှိပ်ပါ။ နှိပ်ပြီးသွားရင် Edit ကို နောက်တစ်ခါ ထပ်နှိပ်ပါ။

ဒိုမိန်းဖြည့်ထားတဲ့ အောက်က Check box မှာ အမှန်ခြစ် check လုပ်ပါ။ ဥပမာ- yourdomainname.com to www.yourdomainname.com ပေါ့။
အားလုံးပြီးသွားရင် Save နှိပ်ပါ။ အကယ်၍ 404 Error ဆိုပြီး ပေါ်လာရင် စိတ်မပူပါနဲ့။ ၁ နာရီကနေ ၄၈ နာရီအတွင်း အဲ့ဒီ Error အဆင်ပြေသွားပါလိမ့်မယ်။

အဆင်ပြေကြပါစေဗျာ။


Saturday, June 2, 2012

Curtain Plugin

Wordpress အတွက် အလှအပ Plug in လေး တစ်ခုပါ။ ကျွန်တော့်ကိုတော့ မြန်မာ့ပရက်စ် က ကိုစည်သူသွင် ပေးတာပါ။ Java ကနေပြီးတော့ WP Plugin အဖြစ် သူမွမ်းမံ ဖန်တီးထားတယ်လို့ ပြောပါတယ်။ ကျွန်တော့် ဘလော့ဂ်မှာ သုံးကြည့်တော့ တော်တော်လေးကို လှပါတယ်။ ကိုယ့်ဘလော့ဂ်လေးကို ပြဇာတ် ကြည့်နေရသလိုမျိုး အဖွင့်မှာ ဖန်တီးပေးမယ့် ပလဂ်အင် ပါ။ သုံးကြည့်ပါ ခင်ဗျာ။ အောက်က လင့်က်ကနေ ဒေါင်းလုဒ် ပြုလုပ်နိုင်ပါတယ်။

ဒေါင်းလုဒ်လုပ်ရန်

Friday, May 25, 2012

Netvideohunter Firefox Add on

ဒီပို့စ်နဲ့ ပတ်သက်ပြီး ကိုလင်းဦး စိတ်ပညာ ကို Credit ပေးပါတယ်။ တနေ့က ဂျီတော့ခ်မှာ သူနဲ့ ကျွန်တော် တွေ့ပါတယ်။ ကြုံတုန်းဆုံခိုက် အလွတ်မပေးပဲ ကျွန်တော့်ရဲ့ လိုအပ်ချက်တစ်ခုကို သူ့ကို မေးမိပါတယ်။ Youtube က Videos တွေကို ဒေါင်းလုဒ် လုပ်ဖို့ ကိစ္စပါ။ အရင်က Maxthon ဆိုတဲ့ Browser ကို Youtube Video Clips တွေ ဒေါင်းလုဒ် လုပ်ဖို့သုံးပါတယ်။ သူက နောက်ပိုင်းကျတော့ နည်းနည်း အားနည်းချက်တွေ ရှိလာတဲ့ အတွက် ကျွန်တော် သုံးရတာ ဘ၀င်မကျ ဖြစ်လာပါတယ်။ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့အတိုင်း သူ့ထက်ကောင်းတာကို ရှာတွေ့ချင်လာတယ်။ သိပ်များများစားစား မမေးလိုက်ရပါဘူး။ ကိုလင်းဦးကို တွေ့တွေ့ချင်းမေးလိုက် တာနဲ့ သူက NetVideoHunter ဆိုတဲ့ FireFox Add on ကို ညွှန်ပေးပါတယ်။ အဲ့ဒီ Add on ကို Fire fox Browser မှာ Install လုပ်ပြီး Youtube က Videos တွေကို အလွယ်တကူ Download လုပ်လို့ ရပါပြီ။ သူနဲ့ ပတ်သက်ပြီး Firefox add on Webpage  မှာ ရှင်းပြထားပါတယ်။ အောက်က လင့်က် အတိုင်း သွားရောက် Install လုပ်နိုင် ပါတယ် ခင်ဗျာ။

Install Link

 

Wednesday, May 23, 2012

MMgenius Blog Service ပြန်လာပြီ

MMGENIUS ကို အဓိက တည်ထောင်သူ ကိုဘလက် ရဲ့ မူရင်းပို့စ်ကိုပဲ ကော်ပီကူးပြီး ပြန်တင်ပေးလိုက်ပါတယ် ခင်ဗျာ။ MMgenius နဲ့ အကျွမ်းဝင် ခဲ့ပြီးသား သူတွေရော၊ အကျွမ်းဝင်ချင် နေတဲ့ သူတွေရော၊ အကျွမ်းဝင်လာမယ့် သူတွေပါ ဒီပို့စ်လေးကို အစအဆုံး ဖတ်ပေးဖို့ မေတ္တာရပ်ခံ ချင်ပါတယ် ခင်ဗျာ။

 

Blog မရေးတာ ကြာဆို တော်တော်ကြာပေါ့…။ ဘာရေးရမှန်း မသိတာရော…။ အရင်လို အင်တာနက်ကို အချိန်ပြည့်မသုံးနိုင်တာရော…။ မအားတာရော အားလုံးတိုက်ဆိုင်နေတော့ ဘယ်လိုမှမရေးဖြစ်ပါဘူး..။ အခုကတော့မင်္ဂလာသတင်းတစ်ခု ပြောချင်လိုပါ…။ တစ်ခြားတော့မဟုတ်ပါဘူး..။ တစ်နှစ်ကျော် နှစ်နှစ်နီးပါးလောက် Ban ခံလိုက်ရတဲ့နောက်ပိုင်း ဆက်မလုပ်ဖြစ်တော့တဲ့ MMGenius Blog Service ကို အခု ကျွန်တော်တို့ ပြန်ပြီးအကောင်အထည်ဖော် လိုက်ပြီ ဖြစ်ပါတယ်…။ ဒီနေ့ပဲ အားလုံးလိုအပ်မယ့် Setting နဲ့ Configuration တွေ အားလုံးကို ပြင်ဆင်လို့ ပြီးသွားပါတယ်…။ လောလောဆယ်တော့ Public Registration ကို မဖွင့်ပေးသေးပါဘူး…။ ဒီအတိုင်းဖွင့်ပေးလိုက်ရင် အရင်အတွေ့အကြုံတွေအရ Spam Blog တွေ ဝင်လာပြီး… ဘယ်ဟာက တကယ့် Blog လည်း ဘယ်ဟာက Spam Blog လည်းဆိုတာ ခွဲဖို့မလွယ်လို့ပါ…။

အရင်လို Internet ကို အမြဲသုံးနိုင်တဲ့ နေရာမှာလည်းမဟုတ်တော့… အရင်က အမြဲသုံးနိုင်တာတောင် အဲ့ဒီ့ Spam Blog တွေကို လက်မလည်အောင် ထိုင်ဖျက်ရတာ… အခုလိုအခြေအနေဆိုရင် ကျွန်တော် လုပ်နိုင်မှာမဟုတ်ပါဘူး… ဒါကြောင့် လောလောဆယ် Error တွေ ရှိမရှိစမ်းရင်း Admin ပိုင်း တာဝင် ယူမယ့်သူတွေလောက်ကိုပဲ အစမ်း Blog လုပ်ခွင့်ပေးထားပါတယ်….။ အားလုံးစမ်းသပ် စစ်ဆေးပြီးပြီ… လိုအပ်မယ့် စည်းကမ်းလေးတွေနဲ့ Security ပိုင်းတွေ အားလုံးပြီးသွားပြီဆိုတာနဲ့ ကျွန်တော် ချက်ချင်းအသိပေး ပေးပါ့မယ်….။

ဒီတစ်ခါတော့ ထပ်ပြီး Ban မခံရလောက်တော့ဘူးထင်ပါတယ်….။ အလုပ်တွေရှုပ်နေတဲ့ကြားက ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်တာတော့ မဟုတ်ပါဘူး…။ ကျွန်တော့် အသွေးအသားထဲ အမြဲလည်ပတ်နေတဲ့ ဒီ Blogging နဲ့ Blogging Service တွေကို မလုပ်ရရင် ကျွန်တော် ဘယ်လိုမှ နေလို့ထိုင်လို့မရပါဘူး…။ လွတ်လပ်တဲ့ Media နဲ့ Freedom Of Press ကို နိုင်ငံတော်က အားပေးလာတဲ့အချိန်မှာ ကျွန်တော်လည်း ကိုယ်ကျွမ်းကျင်တဲ့ ပညာနဲ့ တစ်ဘက်တစ်လမ်းက ကူညီလိုတာလဲပါ ပါတယ်….။

MMGenius Blogging Service နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတဲ့သူများ…။ ကူညီချင်တဲ့သူများ….။ စမ်းကြည့်ချင်တဲ့သူများရှိရင် ကျွန်တော့်ကို အောက်မှာ Comment ရေးလို့ဖြစ်စေ….။ Facebook မှ တစ်ဆင့်ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်…။ နည်းပညာအကူအညီ …။ လူအကူအညီတွေလည်း ကျွန်တော် တစ်ကယ်ကို လိုအပ်ပါတယ်….။ ကူညီပေးနိုင်တဲ့ အတိုင်းအတာနဲ့ အချိန်ပေးနိုင်မှု၊ တန်းဖိုးထားမှုတို့အပေါ်မူတည်ပြီး….။ Admin ပေးသင့်လား…။ Editor ပေးသင့်လား…။ ဒီအတိုင်း အစမ်း User အဖြစ်ပဲ ထားသင့်သလားတွေကိုတော့ ကျွန်တော်တို့ ဒီ MMGenius ကို လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်ထဲက အတူတူ တည်ထောင်ခဲ့ကြတဲ့ ကို ရဲအောင်သူတို့… Zox တို့…. မောင် Ogga တို့ သားဖြိုးတို့ နဲ့ ကျွန်တော် တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ်…။

အားလုံးကို ကျေးဇူးတင်ပါတယ်…. စပြီး အသုံးပြုလို့ရပြီဆိုတာ နဲ့ ကျွန်တော် ချက်ချင်းအသိပေးပေးပါ့မယ်….။ မကြာပါဘူး ဒီတစ်ရက် နှစ်ရင်အတွင်း အားလုံးအဆင်သင့်ဖြစ်မယ်ထင်ပါတယ်…(ကော်နက်ရှင်တွေ ဒီအတိုင်းကောင်းနေရင်ပေါ့ :D ) ကျွန်တော် (တို့) ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ် ပြုတယ်ဆိုရင် ဖြင့် ဒီသတင်းလေးကို လက်ဆင့်ကမ်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်….။

လေးစားစွာဖြင့်

Black Dream

 

Sunday, May 20, 2012

လျှာဒိုဘီ

ကျွန်တော် ဘလော့ဂ်မှာ ပို့စ်မတင်ဖြစ်တာလဲ ကြာပါပြီ။ ကျွန်တော့် ဘလော့ဂ်လေးကို ပစ်ထားရတာ ကြာလာတော့ သနားလာမိပါတယ်။ ဒါကြောင့်မို့ ပြန်လည် အသက်သွင်းတဲ့ အနေနဲ့ အများသူငါ အတွက် အတုယူစရာ၊ ဗဟုသုတ ရစရာ၊ မှတ်သားစရာ အကြောင်းအရာ လေးတစ်ခုကို တင်ပြလိုက်ပါတယ်။ လိုက်နာ ကျင့်သုံး ကြလိမ့်မယ် လို့လည်း မျှော်လင့်မိပါတယ်။ အဖြစ်ကတော့ ဒီလိုပါ။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ချာတိတ်လေး တစ်ယောက် ရှိပါတယ်။ ရပ်ကွက်ထဲက တခြား ချာတိတ်တွေနဲ့ ဆော့တဲ့ အခါကျရင် သူက နေရာတကာ ဗိုလ်ဖြစ်ပါတယ်။ ကလေးတွေ ကြားထဲ အခက်အခဲ တခုခုကြုံလာ ရင်လည်း သူက ဖြေရှင်းလေ့ ရှိပါတယ်။ ဒီလိုနဲ့ တနေ့ ကျွန်တော်တို့ ခြံရှေ့မှာ သူတို့ ကလေးအုပ်စု ဘောပင်တွေ၊ စာအုပ်တွေနဲ့ ကစားနည်း တစ်ခုကို ကစားနေကြပါတယ်။ အားလုံးလည်း သိကြမှာပါ။ ဒေါင်လိုက် ကန့်လန့်ဖြတ် နှစ်ကြောင်း၊ အလျားလိုက် ကန့်လန့်ဖြတ် နှစ်ကြောင်း မျဉ်းတွေဆွဲပြီး အဲဒီအထဲမှာ တစ်ယောက် တစ်လှည့်ဆီ အမြှောက်တွေ၊ ၀လုံးတွေ ဖြည့်ရတာပါ။ ထားပါတော့။ ကျွန်တော် ပြောချင်တာ အဲ့ဒီ ကစားနည်း မဟုတ်ပါဘူး။ အဲ့ဒီမှာ ကစားနေတဲ့ ဗိုလ်ချာတိတ် အကြောင်းပါ။ သူတို့ ကစားနေတဲ့ အတောအတွင်းမှာ သူတို့ထဲက တစ်ယောက်ရဲ့ ဘောပင် မှင်ကပ်သွားပါတယ်။ မှင်ကုန်တာ မဟုတ်ပါဘူး။ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ရံဖန်ရံခါ မှင်မလိုက် ဖြစ်သွားတာပါ။ အဲ့ဒီ ဘောပင်ပိုင်ရှင် ကလေးက ပထမတော့ ဘောပင်ကို ခါ၊ မှင်ချောင်းကို ထုတ်ပြီး အနောက်က မှုတ်လိုမှုတ် လုပ်ပါတယ်။ မှင်က ထွက်မလာပါဘူး။ အဲ့ဒီမှာ ဗိုလ်ချာတိတ်က အဲ့ဒီဘောပင် ကိုဆတ်ခနဲ ယူပြီး မှင်ချောင်း အနောက်ကနေ ပါးစပ်နဲ့ စုပ်လိုက်ပါတယ်။ အဲ့ဒီ အခါမှာ ခုနက ခေါင်းမာမာ နဲ့ တင်းခံနေတဲ့ မှင်တွေလည်း ဗိုလ်ချာတိတ်ရဲ့ အမိန့်ကို မလွန်ဆန်နိုင်ပဲ သူ့ပါးစပ်ထဲကို အစုလိုက် အပြုံလိုက် ၀င်သွားပါတော့တယ်။ အဲ့ဒီ အခါမှပဲ ဗိုလ်ချာတိတ်လည်း မျက်လုံးပြူး၊ မျက်ဆံပြူးပြီး ပါးစပ်ထဲက မှင်အရည် ပြာပြာတွေကို ထွေးထုတ်ပါတော့တယ်။ သိတဲ့အတိုင်း မှင်ဆိုတာကလည်း လွယ်လွယ်နဲ့ မပျက်တော့ ထွေးထုတ်လိုက်ပေမယ့် သူ့လျှာပေါ်မှာ အပြာရောင်ရဲရဲတွေက စွဲနေတာပေါ့။ သူလည်း သူ့ရဲဘော် ချာတိတ်တွေ အကူအညီနဲ့ ရေတစ်ခွက် တစ်ဖလား ကနေ ဘယ်နှခွက် ဘယ်နှဖလား ထိရောက်အောင် ပလုပ်ကျင်းလိုက်လဲ မသိပါဘူး။ ရဲဘော် ချာတိတ်တွေက ခေါက်တုန့် ခေါက်ပြန် ရေခွက် သယ်လာတာကိုတော့ တွေ့နေရပါတော့တယ်။ ဒီလိုနဲ့ ချာတိတ်ရဲဘော် တစ်ယောက်ကို မှန်ယူလာခိုင်း တယ်ထင်ပါတယ်။ လက်ထဲမှာ မှန်တစ်ချပ်နဲ့ သူ့လျှာကို ခဏခဏ ထုတ်ပြီးကြည့်ပါတယ်။ ထွက်လာတဲ့ သူလျှာကလည်း မှင်အရောင်တွေနဲ့ ပြာသလူးခါ နေတာပေါ့။ နောက်ဆုံး အကြံတစ်ခု ရတဲ့ပုံစံနဲ့ ခြံရှေ့လမ်းဘေးက ရေဘုံဘိုင်နားမှာ ဘာလုပ်တယ် မသိပါဘူး။ သုံးမိနစ်လောက် ကြာတော့ ဗိုလ်ချာတိတ် (တ ဝေါ့ ဝေါ့) နဲ့ ထိုးအန်ပါတော့တယ်။ ချာတိတ်ရဲဘော် တသိုက်လည်း လန့်ဖြတ်ပြီး ကျွန်တော့်ကို အော်ခေါ်ကြပါတယ်။ ကျွန်တော် ဗိုလ်ချာတိတ် နားရောက်လို့ အကျိုးအကြောင်းကို မေးတော့ ငိုသံပါကြီးနဲ့ ကျွန်တော်တို့ ရဲ့ ဗိုလ်ချာတိတ်က ရှင်းပြပါတော့တယ်။ မှင်ချောင်း မှင်မလိုက်တာကနေ စပြီး သူစုပ်ထုတ်ခဲ့ပုံ၊ မှင်တွေ ပါးစပ်ထဲ ၀င်သွားပြီး ထွေးထုတ်ရာက မှင်ရဲ့ အရောင်ရော၊ အနံ့ရော၊ အရသာရော သူ့လျှာမှာ စွဲထင်နေပုံ၊ တခါမှ မခံစားဖူးပေမယ့် ဘောပင်မှင် ဆိုတာ ဘယ်လိုမှ အရသာ မရှိကြောင်း သိပြီးတဲ့နောက် ဥာဏ်ကြီးရှင် ပီပီ မှင်ကိုဖျက်နိုင်တာ ဆပ်ပြာ ဆိုတာ တွေးတောမိပုံနဲ့ မှင်တွေပျက်ဖို့ လျှာ ကို ဆပ်ပြာနဲ့ တိုက်မိရာက ဆပ်ပြာ ရဲ့ အရသာဟာ မှင်ထက်ဆိုးကြောင်း သိရပြီးတဲ့နောက် အန်ချမိပုံတို့ ဖြစ်ပါတယ်။ နောက်ဆုံး ကျွန်တော်လည်း ငိုအားထက် ရယ်အားသန်ပြီး ဗိုလ်ချာတိတ်ကို ပလုပ်ကောင်းကောင်း ကျင်းဖို့ ပြောပြီးတဲ့နောက် ပူရှိန်းပီကေ တစ်ခုကို အရသာ ပျောက်စေဖို့ ကျွေးခဲ့ပါတယ်။ အားလုံးပဲ မှတ်သား အတုယူရင်း တကယ်လို့များ ပါးစပ်ထဲ မတော်တဆ မှင်တွေ ၀င်သွားခဲ့ရင် ဆပ်ပြာနဲ့ လျှော်ဖို့ မမေ့ကြပါနဲ့လို့ သတိပေးချင်ပါတယ်။ (အဟတ်ဟတ်)။

Thursday, January 19, 2012

နွားအဖြစ်မှ လွတ်မြောက်မှု

ကျွန်တော် တရက်က ဗိုလ်အောင်ကျော်လမ်းက Mobile Country ဆိုတဲ့ ဖုန်းရောင်းတဲ့ဆိုင်ကို ရောက်သွားတယ်။ အကြောင်းကတော့ ကျွန်တော် တခြားနိုင်ငံက ၀ယ်လာတဲ့ LG Optimus Black P970 Handset ကို Application သွင်းဖို့ခင်ဗျ။ ဟိုက ၀ယ်လာတာ သာမန်ပဲ ဆိုတော့ ကျွန်တော်လည်း ကလိလို့ရအောင် ဘာဘာညာညာ ထည့်ချင်တာပေါ့။ အဲ့ဒီ ဆိုင်ရောက်သွားပြီး ကျွန်တော်ဖြစ်ချင်တာကို ပြောပြပါတယ်။ အဲဒီဆိုင်က ချာတိတ်က ကျွန်တော့်ကို ဒရိုင်ဘာစီဒီ ပါလားလို့မေးတယ်။ ကျွန်တော်က ၀ယ်ကတည်းက မပါကြောင်း ပြောပြပါတယ်။ သူက ဆိုင်အသစ်ဖြစ်တဲ့အတွက် Application အစုံထည့်ပေးမယ် ၅၀၀၀ ကျမယ်လို့ ပြောတော့ ကျွန်တော်ကလည်း လက်ခံလိုက်ပါတယ်။ သူက ကျွန်တော့်ဖုန်းကို အဖုံးဖွင့် SD Card ကို ထုတ်ပြီး သူတို့ကဒ်ရီဒါမှာထည့်၊ ပီစီနဲ့ ချိတ်ပါတယ်။ အဲဒီမှာ သူတို့စက်မှာ LG PC Suite ဆိုတဲ့ Shortcut လေးကို တွေ့ပါတယ်။ ကျွန်တော်ကလည်း ၀မ်းသာအားရနဲ့ အဲဒီ LG PC Suite က အစ်ကိုတို့ဆီမှာ နဂိုတည်းက ရှိတာလား မေးတော့ သူက အရင်တည်းက ထည့်ထားကြောင်း၊ ကျွန်တော် ယူမယ်ဆိုရင် အဲဒီ ဆော့ဖ်ဝဲလ်ဖိုး ၅၀၀၀ ပေးရမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီလို Driver Software တွေက ရှားကြောင်း အဲ့ဒါကြောင့် ဈေးကြီးကြောင်း၊ တော်ရုံတန်ရုံ ဘယ်သူ့ကိုမှ မပေးကြောင်း၊ ကျွန်တော် အခက်အခဲ ဖြစ်မှာစိုးလို့သာ ရောင်းတာဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော်ကလည်း ၅၀၀၀ ဆိုလည်း ၅၀၀၀ ပေးမှာ ဖြစ်ကြောင်း လောလောဆယ် အခက်အခဲ အဆင်ပြေအောင် လုပ်ပေးဖို့နဲ့ အဲ့လို Driver Software ရှိနေရင် နောက် ကိုယ့်ဟာကိုယ် အသုံးပြုလို့ရမှာ ဖြစ်တဲ့ အတွက် လက်ခံလိုက်ပါတယ်။ ဒါပေမယ့် ဆိုးတာက ပြည့်ပြည့်စုံစုံ ပြောရမယ်ဆိုင် သူတို့ကံဆိုးတာက ကျွန်တော့်ဟန်းဆက်နဲ့ သူတို့ပီစီ နဲ့ ဘယ်လိုမှ ချိတ်မရတာပါပဲ။ LG PC Suite က အလုပ်လုပ်နေပေမယ့် သူတို့ရဲ့ မကျွမ်းကျင်မှုကြောင့် ဘယ်လိုမှ Application တွေက install လုပ်လို့မရဘူး ဖြစ်နေတော့ပါတယ်။ ကျွန်တော့် ဟန်းဆက်ထဲမှာ File manager က install မဖြစ်တော့ တခြားဘာ Application မှ ဆက်ထည့်လို့ မရတော့ပါဘူး။ နောက်ဆုံး တိုတိုပြောရရင် သူတို့ တခြားဆိုင်တဆိုင်ကို သွားအကူညီတောင်းပေမယ့် အဆင်မပြေဖြစ်ပြန်လာခဲ့ရပါတယ်။ သူတို့ အကြောင်းပြတာကတော့ ဟန်းဆက်က မြင့်တဲ့အတွက် ဖြေရှင်းဖို့ လောလောဆယ် မလွယ်သေးကြောင်း ပြောပီး ကျွန်တော့်ကို ပြန်လွှတ်လိုက်ပါတယ်။ ကျွန်တော်လည်း မထူးတဲ့အဆုံး အိမ်ပြန်လာပီး LG website ကို မေးလ်ပို့ပြီး မေးပါတယ်။ ကျွန်တော်သိလိုက်ရတဲ့ သူတို့ရဲ့ လူလည်ကျချက်ကတော့ LG Driver Software ဟာ ကျွန်တော့်ဖုန်း SD Card ထဲမှာ ၀ယ်ကတည်းက ပါလာတာကို LG Customer Care က ပို့လိုက်တဲ့ စာကြောင့် သိလိုက်ရပါတယ်။ ကျွန်တော်ဆီက ဟာနဲ့ ကျွန်တော့်ကို အချောင်ပြန်ဂွင်ရိုက်ဖို့ ကြိုးစားပေမယ့် သူတို့ ကံဆိုးသွားပါတယ်။ ကျွန်တော့်ရဲ့ ပြသနာကိုတော့ ကျွန်တော့်ဖာသာ Tokyo Donut မှာ ၀ိုင်ဖိုင်နဲ့ ဖုန်းကနေ အင်တာနက် သုံးပြီး ရှာဖွေရာက File manager Application ကို ဒါရိုက် ဒေါင်းလုဒ် လုပ်ရင်းနဲ့ အဆင်ပြေသွားခဲ့ပါတယ်။ ကျွန်တော် စိတ်မကောင်းတာကတော့ အရည်အချင်း မရှိတဲ့ ၀န်ထမ်းတွေကို ခန့်ထားမိတဲ့ အဲ့ဒီ Mobile Country က ပိုင်ရှင် အန်တီကြီးကိုပါပဲ။

Tuesday, December 6, 2011

After Birthday

[slideshow]ဘလော့ဂ်ကိုလက်နဲ့မထိတာ တော်တော်ကြာနေပြီ။ မိတ်ဆွေတစ်ယောက် အတွက် ဘလော့ဂ်တစ်ခု လုပ်ပေးရင်း ကျွန်တော့်ဘလော့ဂ်လေးမှာ ပို့စ်တင်ချင်စိတ်တွေ ပေါ်လာတယ်ဗျာ။ တင်စရာအကြောင်းအရာ ဆန်းဆန်းပြားပြားကလည်း မရှိဘူး။ ဒါနဲ့ပဲ မထူးဇာတ်ခင်းတဲ့ သဘောနဲ့ ကျွန်တော့်ရဲ့ လက်ရှိခရီးစဉ်က ဓါတ်ပုံလေးတွေကို အမှတ်တရ တင်လိုက်တယ်ဗျာ။ ကျွန်တော် ဆော်ဒီအာရေးဗီးယားကို ဘုရားဖူးခရီးစဉ် အဖြစ်နဲ့ ရောက်နေတာ တစ်လပြည့်တော့မယ်။ အုပ်စုဂိုက်ဒ် အဖြစ်လာတာဆိုတော့ သတ်မှတ်ထားတဲ့ ရက်ပြည့်မှာပဲ ပြန်ဖြစ်မှာဆိုတော့ မနေ့ကဖြစ်ခဲ့တဲ့ ကျွန်တော့်မွေးနေ့ကိုတောင် မေ့တေ့တေ့ ဖြစ်နေတယ်။ သူငယ်ချင်းတွေကတော့ ဖေ့စ်ဘုက်မှာ ၀စ်ရှ်တွေ လုပ်ထားကြတယ်။ အိမ်က လေဒီဇော့ခ်စ် ကတော့ တနေ့က ကတည်းက ဘယ်သူမှ ၀စ်ရှ်မလုပ်ခင် ဦးအောင်ဆိုပြီး အီးကတ်
တစ်ခုပို့လိုက်တယ်ဗျာ။ ပြန်မယ့်ရက်ကလည်း သိပ်မလိုတော့ဘူး။ မွေးနေ့အမှတ်တရ ကိုတော့ အိမ်ပြန်ရောက်မှပဲ လုပ်ဖြစ်မယ်ထင်တယ်။ လောလောဆယ်တော့ သူငယ်ချင်းနှစ်ယောက်ကို ဒီနိုင်ငံမှာ Pepsi နဲ့ ဒိန်ချဉ်ဝယ်ပြီး ရောတိုက်လိုက်တယ်ဗျာ။ ကျွန်တော်လည်း ၂ ခွက်လောက် သောက်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ကောင်မလေးကို လွမ်းနေတာတွေကတော့ မပြေပါဘူးဗျာ။