Guest Comment

မြန်မာပြည်မှာမွေးပြီး ကျွန်တော် မြန်မာပြည်မှာပဲ ကြီးလာခဲ့ပါတယ်။ မြန်မာမှန်ပုံတင် ကိုင်ထားပြီး မြန်မာပတ်စ်ပို့တ်ကို ၄ ခါသက်တမ်းတိုးထားပါတယ်။ မိဘတွေ ဇာတိက ဧရာဝတီတိုင်းက ဖြစ်ပြီး ရန်ကုန်မှာ ကျွန်တော်သန္ဓေတည်ခဲ့ပါတယ်။ ပန်းချီရေးဆွဲခြင်းကို ငယ်ငယ်ကတည်းက ၀ါသနာထုံခဲ့ပေမယ့် ကြီးလာတဲ့အခါ ဦးတည်ရာတွေပြောင်းခဲ့ပါတယ်။ ကွန်ပျူတာတစ်လုံးနဲ့ အရင်အိမ်ထောင်ကျခဲ့ပေမယ့် ဘလော့ဂ်လောကထဲကို မနေ့တနေ့က ၀င်လာခဲ့ပါတယ်။ မရုပ်တဲ့လက်တွေကို တွဲထားရင်းနဲ့ ဟိုတစ်စ ဒီတစ်စ ပို့စ်တွေနဲ့ ရှင်သန်လိုက်၊ ငုပ်သွားလိုက် ဖြစ်နေခဲ့ပါတယ်။ ဦးတည်ချက် တစ်ခုအတွက် တစိုက်မတ်မတ် ကြိုးစားနေရင်း မိသားစုအတွက် အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် နေထိုင်ကျက်စားနေတဲ့ ခပ်နိမ့်နိမ့် လူလတ်တစ်ယောက်ပါပဲ။

ကျွန်တော့် ဘလော့ဂ်လေးကို ရောက်လာတဲ့ သူတိုင်း ဒီ နေရာလေးမှာ အော်ဟစ်သွားနိုင်ကြပါတယ်။

0 comments:

Post a Comment