Saturday, February 27, 2010

တောင့်တသူတို့ ၀မ်းမြောက်ဖွယ်

Blog လုပ်ဖို့တောင်းဆိုထားတဲ့ member များအားလုံး ခင်ဗျာ... ကျွန်တော်တို့ MMgenius Blog Service မှ အကြောင်းအမျိုးမျိုးကြောင့် လစ်ဟင်းမှုများစွာ ဖြစ်ခဲ့ပါတယ်... member များရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုခဲ့တာ မဟုတ်ပါဘူး... MMgenius ကို ပြန်လည် အသက် သွင်းနေရင်း အချိန်များစွာ ကုန်လွန်ခဲ့ပြီးပါပြီ... ခု လာမယ့် မတ်လ ၂ (တောင်သူလယ်သမားနေ့)မှ စတင်ပြီး member များရဲ့ တောင်းဆိုမှုများအားလုံးကို MMgenius မှ Invite လုပ်ပေးမည်ဖြစ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်ခင်ဗျာ...

MMgenius Admin
http://mmgenius.com

Wednesday, February 24, 2010

ယူစေတော့

ငါ့မှာ ဘာမှ မရှိဘူး
ကောင်မလေး ရယ်။
ငါ့ တသက်လုံး စောင့်စည်းလာတဲ့
သစ္စာတွေကိုပဲ
နင် ထပ်ယူပါနော်။

Monday, February 22, 2010

ဆုတောင်း

ငါ မြက် ဖြစ်ချိန်
နှုတ်ယူဖို့ ကြိုးစားတဲ့ သူတွေ၊
မုန်တိုင်းမှာ မင်းတို့ စပါးတွေ
သက်စိုးရှည်ပါစေ..................။

Saturday, February 20, 2010

Slider Problem

ကျွန်တော် Web2feel wordpress themes website ကနေ ဒီ Theme လေးကို တင်လိုက်တာပါ။ မောင်သားဖြိုး တင်ထားတာကို အားကျပြီး ကျွန်တော်လည်း ဒီလိုလှတ ပတ Theme လေးကို တင်ချင်တဲ့ စိတ်လေးတွေ တဖွားဖွား ပေါ်လာပါတယ်။ ဒါနဲ့ ကျွန်တော့်ဆရာ မောင်သားဖြိုး ကို မေးတော့ သူကလမ်းညွှန် ပေးပါတယ်။ သူ့လိုသီးမ်စ် တွေလိုချင်ရင် အဲဒီ ၀ဗ်ဆိုဒ်ကို သွားပြီး ကြိုက်တာကို ရွေး၊ ကြိုက်သလို သုံးနိုင်ကြောင်း ပြောပါတယ်။ ကျွန်တော်ကလည်း ဟုတ်ပြီပေါ့။ သူပြောသလိုပဲ Web2feel ကို သွားပြီး ကျွန်တော်ကြိုက်မယ့် သီးမ်စ်တွေကို ဒေါင်းလုဒ်ချပါတယ်။ Web2feel မှာ wordpresser တွေအတွက် wordpress theme တွေတော်တော် စုံပါတယ်။ တော်တော်လည်း မိုက်ပါတယ်။ အဲ... ဒါနဲ့ ကျွန်တော့် wordpress မှာ သီးမ်စ် တစ်ခုကို အင်စတော လုပ်ပါတယ်။ အားလုံး အဆင်ပြေပေမယ့် သီးမ်စ် ထိပ်ဆုံးက စလိုက်ဒါမှာ ပြသနာတက်ပါတယ်။ သူတို့က Theme Option မှာ ပြောထားတာက စလိုက်ဒါမှာ ပေါ်ဖို့အတွက်၊ ပေါ်စေချင်တဲ့ Categories နဲ့ ပေါ်မယ့် ပို့စ်အရေအတွက် ကို ဖြည့်ခိုင်းပါတယ်။ ကျွန်တော်ကလည်း ကျွန်တော့် Categories တွေထဲက (ဖတ်ကြည့်ဖို့) ဆိုတဲ့ ကတဂိုရီ ကို ရွေးပေးလိုက်ပါတယ်။ ဒါပေမယ့် စလိုက်ဒါမှာ ပို့စ်က ပုံတွေ မပေါ်လာပါဘူး။ ကျွန်တော် တခြား ကတဂိုရီကို ပြောင်းကြည့်ပါသေးတယ်။ ဒါပေမယ့် အဆင်မပြေဘူး ခင်ဗျ။ ပို့စ်က ပုံတွေက ပေါ်မလာပါဘူး။ နောက်ဆုံး ကျွန်တော်လည်း ကြံရာမရတာနဲ့ ကိုသင်္ကြန် ကိုမေးကြည့်ပါတယ်။ ကိုသင်္ကြန်က စိတ်ရှည်လက်ရှည်နဲ့ သူဝင်ကြည့်ပေးပါတယ်။ အဲဒီနောက် သူက Categories name တွေကို အင်္ဂလိပ်လို ပြောင်းကြည့်ဖို့ ပြောပါတယ်။ ကျွန်တော်လည်း သူပြောသလို အင်္ဂလိပ် လိုလည်း ပြောင်းလိုက်ရော ပို့စ်ကပုံတွေက သေသေချာချာ စလိုက်ဒါမှာ ပေါ်လာပါတော့တယ်။ ဒါလေးက ကျွန်တော်တို့လို မတောက်တခေါက် ဘလော့ဂါလေးတွေ အတွက် ဖြစ်တတ်တဲ့ အကြောင်းလေးပါ။ တချို့တွေအတွက် ဘာမှမဟုတ်ပေမယ့် ကျွန်တော်တို့ အတွက်တော့ စဉ်းစားမရတဲ့ အခက်အခဲ တစ်ခုပါ။ ဒါကြောင့်မို့လို့ ကျွန်တော့်လိုမျိုး Theme ကလိချင်သူတွေ အခက်မကြုံရအောင် ကျွန်တော် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

Friday, February 5, 2010

ယူအေအီး ကြမ်းပိုး

<![CDATA[Photobucket

ပြောမယ် ပြောမယ်နဲ့ ကျွန်တော်လည်း မပြောဖြစ်ခဲ့ဘူးဗျ။ ပြောချင်နေတာ ကတော့ တော်တော်ကြာပြီ။ ပထမဆုံး ကျွန်တော် ယူအေအီးကို အလုပ်ရှာဖို့ သွားတဲ့အခေါက်က အကြောင်းလေးပါ။ အစဆုံး အခေါက်လည်း ဖြစ်၊ အလည်ဗီဇာ နဲ့ သွားတာကလည်း ဖြစ်၊ အလုပ်ရှာဖို့ အတွက်လည်း ဖြစ်တော့ အလုပ်မရခင် စပ်ကြားမှာ နေဖို့ထိုင်ဖို့ အခန်းတစ်ခုကို မိတ်ဆွေ တစ်ယောက်ရဲ့ အကူအညီနဲ့ ကြိုတင် ငှားခိုင်းခဲ့ပါတယ်။ နေရာကတော့ အဘူဒါဘီမြို့ရဲ့ ဟမ်ဒါးန် လမ်းမမှာပါ။ ရောက်တဲ့ နေ့မှာပဲ အဲဒီအခန်းကို ပါလာတဲ့ အထုပ်အပိုးတွေ သယ်ပြီး တခါတည်း သွားနေဖြစ်ပါတယ်။ ရပ်ကွက်နေရာ ကတော့ နေရာကောင်း လေးပါ။ ဆိုးတာက ကျွန်တော်နေထိုင်ရတဲ့ ငှားရမ်းခဲ့တဲ့ အဲဒီတိုက်ပါပဲ။ အဲဒီ တိုက်ကြီးမှာ ကျွန်တော့်အထင် နိုင်ငံခြား အလုပ်သမား ၂၀၀ ကျော်၊ ၃၀၀ လောက် နေမယ်လို့ ထင်ပါတယ်။ များသောအားဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့ အင်းဒီးယန်း ကရလာ လူမျိုးတွေပါ။ ဗမာဆိုလို့ ကျွန်တော် တစ်ယောက်တည်း ရှိမယ်လို့ ထင်ပါတယ်။ ကျွန်တော် နေမယ့် အခန်းကို ၀င်တော့ ၂ ထပ်ကုတင် ၆ လုံး နဲ့ ကျွန်တော့်ကို ၀ိုင်းကြည့်နေတဲ့ အင်ဒီးယားသား တွေကို တွေ့ပါတယ်။ အဲဒီ့အခန်းရဲ့ ခေါင်းဆောင်လို့ ထင်ရတဲ့ အဘိုးကြီးက လွတ်နေတဲ့ ကုတင်တစ်ခုကို ညွှန်ပြပြီး ကျွန်တော့်အတွက် ဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော်တို့ အခန်းမှာ လူဦးရေ စုစုပေါင်း ၁၆ ယောက်နေကြပါတယ်။ ကုတင်ကိုယ်စီနဲ့ ဖြစ်သလို လွတ်နေတဲ့ ကြမ်းခင်းမှာလဲ မှို့ယာချပြီး အိပ်ကြပါတယ်။ တရေးနိုး အိမ်သာထ သွားရင် ကြမ်းပေါ်မှာ အိပ်နေတဲ့ သူတွေကို ကျော်ခွပြီး သွားရပါတယ်။ ဒါကတစ်ဒုက္ခပါ။ ဒါပေမယ့် သိပ်တော့ မပြောပလောက်ပါဘူး။ ပြောပလောက်တာက လာပါမယ်။ ကျွန်တော် ရောက်ရောက်ချင်း နေ့ကတော့ ခရီးကလည်းပန်း၊ လူကလည်းနွမ်း နေတော့ အထုပ်အပိုးတွေ ချပြီး တိုက်အောက်က ဆိုင်မှာ အာလူးပူရီလောက်ပဲ ၀ယ်စား၊ ရေတောင် မချိုးဖြစ်တော့ပဲ အိပ်ဖို့ အရှိန်ယူပါတယ်။ ည ၁၁ နာရီလောက်မှာ အိပ်ဖြစ်တယ် ဆိုပါတော့ဗျာ။ အဲဒီညက နှစ်နှစ်ခြိုက်ခြိုက်ပဲ အိပ်မောကြခဲ့ပါတယ်။ နောက်နေ့ မိုးလင်းတော့လည်း တိုက်အောက်က ဆိုင်မှာ အာလူးပူရီပဲ ၀ယ်စား အနီးအနားကို လျှောက်ကြည့်ရုံလောက်သာ လုပ်ပြီး အလုပ်ရှာဖွေရေး ကိစ္စကို ဆိုင်းငံ့ထားခဲ့ပါတယ်။ ဒီလိုနဲ့ အဲဒီနေ့ညလည်း စောစောပဲ အိပ်ယာဝင်ဖြစ်ပါတယ်။ အဲဒီလို အိပ်ယာဝင်ပြီး မကြာခင်မှာပဲ ကျွန်တော်ဟာ တိုက်ပွဲကြီး တစ်ခုကို စတင်ရင်ဆိုင်ရပါတော့တယ်။ ယူအေအီး ကြမ်းပိုးတွေဟာ ကျွန်တော့်အိပ်ယာ ဘေးနံရံကနေ အလုံးအရင်းနဲ့ ဆင်းလာပါတယ်။ ကျွန်တော်ကတော့ မသိပါဘူး။ ကိုယ်ပေါ် သူတို့တက်လို့ ရွစိရွစိဖြစ်မှပဲ ပါလာတဲ့ မိုဘိုင်းလ်ရဲ့ မီးလေးနဲ့ ကြည့်တော့မှ အနည်းဆုံး ကြမ်းပိုး ၁၄ ကောင်လောက် ရှိမယ်ခင်ဗျ။ ကျွန်တော် ကိုယ်ပေါ်မှာ နေရာယူနေကြပါတယ်။ ကျွန်တော်လည်း တွေ့တာနဲ့ ကြောက်အားလန့်အား ခါချလိုခါချ၊ ဖိသတ်လိုသတ်နဲ့ ပြန်လည် ခုခံရပါတော့တယ်။ ဒါပေမယ့် ယူအေအီး ကြမ်းပိုးတွေဟာ တပ်ဆုတ်ခြင်း မရှိပဲ အရေအတွက် ပိုတိုးလာပြီး ကျွန်တော့်ကို ဆက်လက်တိုက်ခိုက်ပါတယ်။ မီးရောင်နည်းနည်း ရှိရင် အဲဒီ မီးရောင်အောက်မှာ မနေပဲ အမှောင်ထဲကနေ တိုက်ခိုက်ပါတယ်။ ဒီဘက်ကို သတ်ရင်၊ ဟိုဘက်ကလာ၊ ဟိုဘက်ကို သတ်ရင် ဒီဘက်ကလာနဲ့ လက်မလည်အောင် ဖြစ်နေပါတယ်။ အဲဒီလို ကျွန်တော် တိုက်ပွဲဆင်နွဲချိန်မှာ အခန်းဖော် တခြားလူတွေကို ကြည့်တော့ သူတို့ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပါတယ်။ ယူအေအီး ကြမ်းပိုးတွေကတော့ သူတို့ ကိုယ်တွေပေါ်မှာ ပျော်ပျော်ပါးပါး သွားလာနေကြပါတယ်။ တချို့အကောင်လေးတွေဆို ကိုယ်လုံးတွေတောင် တော်တော်ဖောင်းကားနေပါတယ်။ ဒီလိုနဲ့ မတတ်နိုင်တဲ့ အဆုံး ကျွန်တော်လည်း အ]
]>

Monday, February 1, 2010

ကျော်ခွနိုင်စေဖို့

Photobucket

ပတ္တမြားမှန်ရင် နွံနစ်ရိုး ထုံးစံမရှိပါဟု ကျွန်တော်၏ ဆရာမောင်သားဖြိုးက ကောမန့်တွင် ပြောလာပါသည်။ မှန်ပါသည်။ ကျွန်တော်တို့ အားလုံး ဇွဲရှိစွာဖြင့် စိတ်ဓါတ်မချပဲ ရှေ့သို့ဆက်လက် ချီတက်ကြပါဦးမည်။ ကျွန်တော်တို့ ချစ်သော ဘလော့ဂ်စာမျက်နှာ များကို ဆက်လက်ရှင်သန်စေပါဦးမည်။ ၀ါသနာ၊ ဗဟုသုတများကို ဆက်လက် ဖြန့်ဝေပါဦးမည်။ ဘယ်လိုလူတွေ ဘယ်လောက်ပင် ဖျက်စီးပါစေ၊ ပိတ်ပင်ပါစေ ဆက်လက် လျှောက်လှမ်းနေပါဦးမည်။ နေပူထဲတွင် အခြားသူများကို လှည့်မကြည့်ပဲ၊ (ခဏခဏ ထကြည့်ရင် အိပ်ရေးပျက်တယ် ဆိုပဲ) ကွန်ယက်ပေါ်တွင် ဆက်လက် ရှင်သန်နေပါဦးမည်။ အားလုံးသိကြသည့် အတိုင်း ကျွန်ုပ်တို့ mmgenius group အဘန်းခံလိုက် ရပါသည်။ လွယ်ကူ လွတ်လပ်စွာ ဘလော့ဂ်ရေးခွင့် ဆုံးရှုံးခဲ့ရပါသည်။ တချိန်က ဘလော့ဂ်စပေါ့တ် ယူဇာများလို ကျွန်တော်တို့လည်း ကျော်ခွရသည့် ဒုက္ခကို ခံစားနေရပါသည်။ မြန်မာပြည်တွင် ဖြစ်ပါသည်။ နေ့အိပ်မက်တို့ကဲ့သို့ နိုင်ငံရပ်ခြားတွင် အသုံးပြုနေသော ဘောဇိ mmgenius ယူဇာများမှ အပ ထိုဒုက္ခများကို ကျွန်တော်တို့ ခံစားနေရပါသည်။ ကျွန်တော် ကိုယ်ချင်းစာသဖြင့် မြန်မာနိုင်ငံတွင် အသုံးပြုနေသော၊ ကျော်ခွရသည့် proxy မသိသေးသော mmgenius ယူဇာများကို အသိပေးချင်ပါသည်။ (သိပြီးသူများလည်း သည်းခံပေးပါ ခင်ဗျာ။) ကျွန်တော်တို့၏ mmgenius ကို ဘန်းထားသည်မှာ ပုဂံနက် မှသာဖြစ်ပါသည်။ ပုဂံနက်တွင် ချိတ်ဆက်ထားသည့် အသုံးပြုနေသည့် မည်သည့်ဆိုင်တွင် (အိမ်တွင်) မဆို mmgenius blog များ ဖွင့်မရနိုင်ပါ။ ထို့အတွက်ကြောင့် ဆိုင်ဘာတွင် အသုံးပြုလေ့ရှိသော သူများသည် mpt တွင် ချိတ်ဆက် ထားသော ဆိုင်ဘာကဖေး များတွင် အသုံးပြုပါက ကျော်ခွရခြင်း မရှိပဲ mmgenius blogs များကို လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ (တိတ်တိတ်လေးတော့ နေပေးပါ)။ ဘန်းစက်ကွင်း မလွတ်သော ဆိုင်ဘာများတွင် အသုံးပြုနေသော ယူဇာများ အနေဖြင့် address bar တွင် https://vtunnel.com ကိုခေါ်ကာ vtunnel address bar တွင် mmgenius blogs လိပ်စာ ကို ရိုက်နှိပ်၍၄င်း၊ mozilla firefox (သို့) Flock browser ၏ proxy box တွင် 212.93.193.88၊ ပို့တ် 443 ကိုပြောင်းလဲ ရိုက်နှိပ်၍၄င်း ကျော်ရခွရ ဒုက္ခကို ခံစားနိုင်ကြစေရန် လက်တို့ အသိပေးလိုက်ပါသည် ခင်ဗျား။ အားလုံး အဆင်ပြေနိုင်ကြပါစေ။