Thursday, December 31, 2009

နှစ်မကူးခင် ရေးတဲ့စာ

heart Pictures, Images and Photos

ကောင်မလေးရေ...

နင်နဲ့ ငါနဲ့ခွဲနေရတာ
သတင်းပတ်တွေလည်း တော်တော်တောင်
လွန်ခဲ့ပြီနော်။
နင်နဲ့ ဝေးနေရတဲ့ နေ့တိုင်း နင့်အပေါ် ငါအမြဲ
သတိရနေပါတယ်။
သတိရတဲ့ အချိန်တိုင်းလည်း နင်နဲ့ ငါ့ဘ၀အတွက်
အမြဲတမ်း တောင်းဆုပြုပါတယ်။
ငါတို့ဘ၀တွေ ခိုင်မာလာဖို့နဲ့
ရင်ဆိုင်နေရတဲ့ သောကတွေကနေ ကင်းဝေးဖို့
ငါတို့ အရှင်ဆီကနေ ငါအမြဲတမ်း တောင်းခံနေပါတယ်။

ကောင်မလေးရေ...

ဒီနေ့က နှစ်ဟောင်းကုန်မယ့် နှစ်သစ်မကူးတကူး ညနော်။
အားလုံးက ပျော်နေကြပေမယ့် (အားလုံးလည်း ပျော်ရွှင်ကြပါစေ။)
နင်နဲ့ ဝေးနေရတဲ့ ငါ၊
အဝေးကနေ နင့်ကို သတိရနေပါတယ်။
နင့်အပေါ် လွမ်းဆွတ်နေပါတယ်။
လာမယ့် နှစ်မှာ ငါတို့ နှစ်ယောက် ပြန်ဆုံကြရအောင် ကောင်မလေးရယ်။

Tuesday, December 29, 2009

wp-flake plugin for wordpress

wp for wp

ကျွန်တော် wp-flake plugin ကို မောင် ဘရီးဇ်ဆီကနေ စပြီး ရခဲ့တာပါ။ သူ့ဘလော့ဂ်ဟောင်းလေးမှာ အဲဒီ ပလဂ်အင်သုံးထားတာကို တွေ့လို့ ကျွန်တော်လည်း နှစ်သက်ပြီး သူ့ဆီက ကျွန်တော် တောင်းခဲ့ပါတယ်။ သူကလည်း ကျွန်တော့်ကို လိုလိုလားလားနဲ့ နည်းလမ်းပြပြီး ပေးခဲ့ပါတယ်။ wp-flake plugin ဆိုတာ အခု ကျွန်တော့် ဘလော့ဂ် စာမျက်နှာမှာ အသုံးပြုထားတဲ့ နှင်းတွေကျနေတဲ့ ပုံစံမျိုး Effect လေးပါ။ ကျွန်တော်တို့ mmgenius ၀ိုင်းတော်သား မောင်ဇော်ထိုက် အပါအ၀င် မိတ်ဆွေတော်တော်များများက အဲဒီ ပလဂ်အင် အသုံးပြုပုံလေးကို ကျွန်တော့်ကို မေးကြပါတယ်။ သူတို့ အပါအ၀င် တခြားသိချင်တဲ့ သူတွေရှိခဲ့ရင်လည်း အလွယ်တကူ သိရှိအသုံးပြုနိုင်အောင် ကျွန်တော်ပို့စ်အဖြစ် တင်လိုက်ခြင်း ဖြစ်ပါတယ်။ wp-flake plugin ရယူဖို့ အတွက်ရော၊ အသုံးပြုဖို့အတွက်ပါ အင်မတန် လွယ်ပါတယ်။ ကျွန်တော်တို့ wordpress login ၀င်ပြီး Dashboard မှာရှိနေတဲ့ Plugins ရဲ့အောက်က Add New ကို ကလစ်နှိပ်လိုက်ပါ။ အဲဒီမှာ plugin search box ကျလာရင် wp-flake ကို ရိုက်ထည့်လိုက်ပါ။ plugins တွေ တန်းစီပြီး ကျလာတာကို တွေ့ရပါမယ်။ flake ဆိုတဲ့ ပလဂ်အင်လည်း အဲဒီမှာ ပါလာပါမယ်။ အဲဒီ flake plugin ကို အင်စတောလုပ်ပါ။ အင်စတောပြီးသွားရင် တခါတည်း Activate လုပ်ပါ။ ပြီးရင် မိမိဘလော့ဂ်ရဲ့ visit site ကို နှိပ်လိုက်ရင် ဘလော့ဂ်မှာ နှင်းတွေကျနေတာကို တွေ့ရပါမယ်။ wp-flake ပလဂ်အင်လိုမျိုး နှင်းပွင့်လေးတွေကျတဲ့ တခြားပလဂ်အင်တွေလည်း အဲဒီ Search box ထဲမှာ တွေ့နိုင်ပါတယ်။ အားလုံး အဆင်ပြေပါစေ။

Monday, December 28, 2009

Restart မလိုသော ဇော်ဂျီကီးဘုတ်

Photobucket

ပီတိအော့ဖ်ဘလော့ဂ် ကိုရေးပြီးနောက်ပိုင်း ဖောင့်တ် အခက်အခဲကြောင့် ကျွန်တော် ပို့စ်တွေရေးလို့မရ ဖြစ်ခဲ့ရပါတယ်။ သူငယ်ချင်း ဘလော့ဂ်တွေကို သွားလည်တဲ့ အခါမှာလည်း ကောမန့်ရေးချင်ပေမယ့် အဲဒီ ဖောင့်တ် အခက်အခဲကြောင့်ပဲ ကောမန့်တွေ မရေးပဲ ထားဖြစ်ခဲ့ရပါတယ်။ ကျွန်တော် တဂ်ထားတဲ့ ပို့စ်တွေကို မညီးမညူရေးပေးတဲ့ ဘော်ဒါတွေရဲ့ အဲဒီတဂ်ပို့စ်တွေကိုလည်း ဖတ်သာဖတ်ခဲ့ရပြီး ကောမန့်ရေးမရပဲ ရင်မောပြီး ခဏခဏပြန်ခဲ့ရပါတယ်။ ဒီနေ့တော့ ကျွန်တော့်ဆရာသမား မောင်သားဖြိုးနဲ့ အွန်လိုင်းမှာ ဆုံဖြစ်ပါတယ်။ ရန်ကုန်အချိန် ည တစ်နာရီ လောက်မှာပါ။ မအိပ်သေးပဲ ဘာတွေအလုပ်ရှုပ်နေတယ် မသိပါဘူး။ ကျွန်တော် မေးကြည့်တော့ အနုပညာလုပ်ငန်းတွေ တိုးချဲ့နေတယ်ဆိုတယ်လို့ ကျွန်တော့်ကိုတော့ ပြောပါတယ်။ ကျွန်တော်လည်း ညကြီးအချိန်မတော် အားကိုးစရာ လက်ဦးဆရာ ကိုတွေ့တော့ ကျွန်တော့်ရဲ့ အခက်အခဲကို တင်ပြလိုက်ပါတယ်။ ဆရာကလည်း ချက်ခြင်းဆိုသလို ကျွန်တော့်ကို ကူညီလိုက်ပါတယ်။ (ဆရာဆိုတာ အဲ့ဒါဗျ။) ကျွန်တော် ဖြစ်တဲ့ ပြသနာက ဒီလိုပါ။ ဒီနိုင်ငံမှာ ကျွန်တော် အင်တာနက်ကို ဆိုင်ဘာတွေမှာ သုံးဖြစ်တာများပါတယ်။ အဲဒီတော့ နိုင်ငံရပ်ခြားဆိုင်တွေမှာ မြန်မာဖောင့်တ် အသုံးပြုဖို့ အခက်အခဲရှိလာပါတယ်။ ကိုယ်အသုံးမပြုခင်မှာ ဇော်ဂျီဖောင့် ကို အရင် အင်တာနက်ကရှာပြီး ဒေါင်းလုဒ်လုပ်ရပါတယ်။ အဲဒီလို ဒေါင်းလုဒ်လုပ်တဲ့ အခါမှာ တချို့တချို့ ဇော်ဂျီဖောင့် နဲ့ ကီးဗုဒ်တွဲထားတဲ့ ဖိုင်တွေဟာ အင်စတောလုပ်ပြီး Restart တောင်းပါတယ်။ အဲဒါမှ သူက အလုပ်လုပ်မှာကိုး။ အဲဒီလို Restart တောင်းလို့ ရီစတတ် လုပ်လိုက်ရင် ကျွန်တော်တို့ သုံးနေတဲ့ ဆိုင်ဘာက ဆိုင်တွေဟာ Defult Setting ပြန်ဖြစ်သွားပါတယ်။ ကိုယ်လုပ်ထားတဲ့ ဒေါင်းလုဒ်ဖိုင်တွေ၊ အင်စတောဖိုင်တွေကို အကုန်ပြန်ဖျက်ပြီး နဂိုမူလအတိုင်း ပြန်ထားပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော့်ဘ၀က ဖတ်ဖို့အတွက် လောက်ကိုပဲ ဇော်ဂျီဖောင့် ကို ဒေါင်းခွင့်ရှိနေပါတယ်။ ဇော်ဂျီကီးဘုတ်ကို သုံးလို့မရခဲ့ပါဘူး။ အခုမှ ကျွန်တော့်ဆရာသမားပေးတဲ့ ဇော်ဂျီကီးဘုတ် အင်စတောဖိုင် လေးဟာ Restart မတောင်းပဲ အင်စတောလုပ်ပြီး တန်းသုံးလို့ရတဲ့ ရွှေဖိုင်လေးဖြစ်နေပါတယ်။ ကျွန်တော် တော်တော်ဝမ်းသာသွားခဲ့ပါတယ်။ တကယ်လို့ ကျွန်တော့်လိုပဲ အခက်အခဲ ဖြစ်နေတဲ့ သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ရှိခဲ့တယ် ဆိုလို့ရှိရင် အောက်က လင့်က်မှာ ဒေါင်းပြီး အင်စတောလုပ်ပါ။ ဖြစ်နေတဲ့ အခက်အခဲ ချက်ခြင်း ပြေလည်သွားပါလိမ့်မယ်။ ဒန့်.. တန့်...တန့်......



(ဒေါင်းလုဒ်လုပ်ရန်)


အဲဒါက ရီစတတ် မလိုတဲ့ ဇော်ဂျီကီးဘုတ်ပါ။ ဖောင့်ကတော့ ဘယ်ဟာယူယူ ရပါတယ်။




Sunday, December 20, 2009

ပီတိအော့ဖ်ဘလော့ဂ်

Photobucket

သူငယ်ချင်းတွေရဲ့ ကျောင်းအဆောင်ကို ခဏရောက်ရင်း သူတို့နောက်နေ့ စာမေးပွဲရှိတာနဲ့ ကျွန်တော်လည်း စောစောစီးစီး ညက အိပ်လိုက်မိပါတယ်။ ၀ါယာလက်စ် ကော်နက်ရှင်ကလည်း လုံးဝအဆင်မပြေတာနဲ့ ဆန္ဒရှိပေမယ့်လည်း ဘလော့ဂ်ကို ဖွင့်မကြည့်ဖြစ်တော့ဘူးပေါ့။ နောက်တစ်နေ့မှာတော့ သူငယ်ချင်းတွေက စောစောစီးစီးထပြီး သူတို့ကျောင်းကို သွားကြပါတယ်။ ကျွန်တော်ကတော့ အားအားရှိရှိတာနဲ့ ဆက်အိပ်နေလိုက်တာပေါ့။ အရင့်အရင် ရက်တွေက အိပ်ပျက်ထားတာတွေကို အတိုးချတယ်လို့လည်း ဆိုရပါမယ်။ ခရီးသွားလုပ်ငန်း နဲ့အတူ ဒီနိုင်ငံကို ရောက်လာပြီး ကတည်းက ခရီးသည်တွေကို အကျိုးဆောင်ပေးရင်း နားချိန်က သိပ်မရှိတော့ နားချိန်လေး ရတုန်းမှာ အားရပါးရ နားနေလိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ခရီးသွားကာလမှာက မျက်စိလည်ပြီး ပျောက်သွားတဲ့ ခရီးသည်တွေကို ရှာရရင် ထမင်းစားချိန်ပါ မေ့ပြီး ထမင်းပါငတ်ရတာကိုးဗျ။ ကိုယ့်မှာကလည်း တာဝန်ရှိတော့ မဖြစ်မနေ မတွေ့တွေ့အောင် ရှာရတာပေါ့။ နောက်ဆုံးတော့ အကုန်ပြန်တွေ့ပါတယ်။ အကုန်လုံးလည်း အဆင်ပြေခဲ့ပါတယ်။ ကျွန်တော်ကတော့ တော့်တော့်ကို ပင်ပန်းခဲ့ပါတယ်။ ထားပါတော့။ ဒီလိုနဲ့ အိပ်ရာနိုးနိုးချင်း လက်ပ်တော့ပ်လေးကိုပဲ အရင်ဆုံး စဖွင့်မိတာပေါ့။ ပြီးတော့ ကျွန်တော့် ဘလော့လိပ်စာလေးကို ရိုက်ထည့်ပါတယ်။ ကျွန်တော် ပထမဆုံးကြည့်ဖြစ်တာက ကောမန့်စာရင်းကိုပါ။ (အားလုံးလည်း ကျွန်တော့်လိုပဲလို့ ထင်ပါတယ်) ကျွန်တော့်အတွက် ၀မ်းသာစရာ ကောမန့်လေးတွေက စောင့်ကြိုနေပါတယ်။ ကျွန်တော့် အမျိုးသမီးရဲ့ မွေးနေ့အတွက် တင်ထားတဲ့ ပို့စ်လေးမှာ ကျွန်တော့်ဘလော့ဂါ သူငယ်ချင်းတွေ ဆုတောင်းပေးသွားတဲ့ ကောမန့်လေးတွေပါ။ ကျွန်တော် ဖတ်ရင်းကြည်နူးနေမိပါတယ်။ ကျွန်တော့်ရဲ့ ဒီနေ့ မနက်ခင်းက မင်္ဂလာအလိုလို ရှိသွားပါတယ်။ ထပ်ခါတလဲလဲ ကျွန်တော် အဲဒီကောမန့်လေးတွေကို ကျွန်တော် ဖတ်နေမိပါတယ်။ ဒီပို့စ်လေး ရေးပြီးရင်လည်း နောက်တစ်ခါ ဖတ်ပါဦးမယ်။ အဲဒါ ဘာဖြစ်လို့လဲ ဆိုတော့.....................။

Friday, December 18, 2009

Happy Birthday

pink heart Pictures, Images and Photos

ကောင်မလေးရေ...
လူသားတစ်ဦးရဲ့ အပြစ်အကင်းစင်ဆုံး အချိန်ဟာ သူမွေးဖွားလာတဲ့ နေ့ပဲဟ။

ဒီဇင်ဘာလ ၁၇ ရက်နေ့ဟာ ဒီလောကကြီးမှာ နင်မွေးဖွား လာတဲ့နေ့ဆိုတော့...

ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ဘ၀မှာတော့ နင်ဟာအမြဲတမ်း အပြစ်ကင်းစင်နေမှာပါ။
ငါ့အတွက် အမြဲတမ်း ဖြူစင်နေမှာပါ။
အမြဲတမ်း ချစ်စရာကောင်းနေဦးမှာပါ။

ကောင်မလေးရေ...။
နင့်အနီးမှာ ငါ့ရှိမနေနိုင်ပေမယ့် နင့်အတွက် ငါအဝေးကနေ ဆုတောင်းပေးနေပါတယ်။
နင့်အပေါ် ငါအရမ်းလွမ်းနေပါတယ်။
ငါသေသွားတဲ့ နေ့အထိ နင့်ကိုငါ ချစ်နေပါမယ် ကောင်မလေးရယ်...။

Tuesday, December 15, 2009

အိမ်လွမ်းသူ

<![CDATA[Photobucket

အိမ်လွမ်းသူ ကိုရေးနေဆဲ ကာလမှာပဲ ကျွန်တော်၊ သူငယ်ချင်းတွေကိုလည်း ဒီပို့စ်လေးကို ရေးဖို့ လိုက်တဂ်လိုက်ပါတယ်။ သူငယ်ချင်း အားလုံးကလည်း မညီးမညူလက်ခံ ပေးကြပါတယ်။ ဒီပို့စ်လေးကို ကျွန်တော် ရေးဖို့ဆန္ဒရှိနေတဲ့ အချိန်မှာ သူငယ်ချင်းတွေကို ရေးစေချင်တဲ့ ဆန္ဒကလည်း ဘာဖြစ်လို့ တပြိုင်တည်း ပေါ်လာရတာလည်း ဆိုတော့ လူတိုင်းလိုလို အိမ် နဲ့ ခွဲခွာခဲ့ရဖူးတယ်လို့ ကျွန်တော် စိတ်ထဲက ထင်နေမိလို့ပါပဲ။ အဲဒီလို အိမ်နဲ့ ခွဲခွာခဲ့ရတဲ့ အချိန်မှာ ဖြစ်ရှိလာတဲ့ အိမ်လွမ်းစိတ် ကလေးဟာလည်း တစ်ယောက်နဲ့ တစ်ယောက် မတူ ဘယ်လိုခြားနား နေမလဲဆိုတာကို သိရှိခံစားနိုင်စေဖို့ ကျွန်တော် တဂ်ရခြင်း ဖြစ်ပါတယ်။ ဟုတ်ကဲ့.. ကျွန်တော် အခု ပြောပါတော့မယ်။ ကျွန်တော့်ဘ၀မှာ ကလေးဘ၀ကနေ၊ လူပျိုဘ၀အထိ အိမ်နဲ့မခွဲခဲ့ရဖူးပါဘူး။ ပထမဆုံး ကျွန်တော် အိမ်နဲ့ခွဲခွာရတဲ့ အချိန်ဟာ ကျွန်တော်ရဲ့ လူပျိုမသိုးတသိုး အချိန်ပါ။ ကျွန်တော့် ပညာရေး ကိစ္စနဲ့ Middle East ကို ထွက်ခွာလာခဲ့ရတာပါ။ ကလေးဆန်တယ် လို့ပဲ ပြောပြော၊ ရေခြားမြေခြားကို ရောက်ရောက်ချင်း နေ့မှာပဲ၊ ကျွန်တော့် မျက်လုံးက မျက်ရည်တွေ ထွက်လာခဲ့ရပါတယ်။ အဲ.. အရှေ့မှာ လူပျိုမသိုး၊ တသိုး အချိန်လို့ ဘာလို့ပြောရတာလဲ ဆိုတော့ အဲဒီအချိန်လေးမှာ ကျွန်တော့် ချစ်သူလေးနဲ့ ပျော်လို့ကောင်းနေတဲ့ အချိန်မို့လို့ပါ။ (နောင်အခါ ကျွန်တော့်ဇနီးလေး ဖြစ်လာမယ့် သူပေါ့) အဲလို အချိန်မျိုးမှာ ကျွန်တော် ချစ်သူလေးကိုရော၊ အိမ်ကိုရော ခွဲခွာခဲ့ရတာပါ။ ကျွန်တော်က ဆွေမျိုး သိပ်ခင်တတ်တဲ့သူ မဟုတ်တော့ home sickness နဲ့ ပတ်သက်ရင် အဓိက အားဖြင့် မိဘတွေကိုပဲ လွမ်းတဲ့စိတ်ရှိတာပါ။ နောက်ကိုယ့် နိုင်ငံပေါ့။ အထူးပြုတာကတော့ ချစ်သူကိုပေါ့။ အဲလို ပြောရင် တချို့တချို့က ပြောကြမယ်ထင်တယ်။ ဒီလူ မိဘကိုတော့ အထူးမပြုပဲ ချစ်သူကို အထူးပြုတယ် ဆိုပြီးတော့လေ။ မိဘတွေဆိုတာ သားသမီးတွေ အများကြီး မွေးထားတယ်ဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် သားသမီးတိုင်း ကတော့ မိဘအပေါ် အနည်းနဲ့ အများတော့ ချစ်ကြတာပဲ။ မိဘကလည်း သားသမီး အယောက်တိုင်းကို ပုံစံတစ်မျိုးစီနဲ့ ချစ်ကြတာပဲ။ အဲ.. ဒီလိုဆိုတော့ သားသမီးတွေထဲက တစ်ယောက်လောက် အဝေးရောက်ချိန်မှာ အဲဒီ သားသမီးအပေါ် လွမ်းတဲ့စိတ် ဖြစ်လာပေမယ့် ဖြေသိမ့်စရာ တခြားသားသမီး တွေရှိတယ်ဗျာ။ သူတို့အပေါ် အနီးအကပ်နေပေးမယ့်၊ သူတို့ကို အချစ်တွေပေးမယ့် သားသမီးတွေ အနားမှာ ရှိနေသေးတယ်ဗျာ။ ကဲ.. ချစ်သူဆိုတာက။ သစ္စာပြည့်ဝတဲ့ ချစ်သူတွေမှာ ကိုယ့်ရဲ့ချစ်သူ အဝေးရောက်သွားရင်၊ ဒါမှမဟုတ် ကိုယ် ချစ်သူဆီကနေ အဝေးကို သွားလိုက်ရရင် ဖြေသိမ့်စရာ ဘယ်လို ချစ်သူရှိမလဲ။ အလွမ်းတွေကို ဖက်တွယ်ထားရမှာလေ။ ဒါ.. သစ္စာရှိတဲ့ ချစ်သူတွေကို ပြောတာနော်။ အဲဒါကြောင့် ချစ်သူကို အထူးပြုထားတာပါ။ အင်း... ဒါနဲ့ အဝေးကနေ လွမ်းတိုင်း အလွမ်းပြေစရာ ဆိုလို့ ဖုန်းတွေပဲ ကောက်ကောက် ဆက်ရတာပေါ့။ အဲဒီတုန်းက အခုလို အင်တာနက်တွေ ဘာတွေမှာ သိပ်ခေတ်မစားသေးတာကိုး။ နိုင်ငံခြားက ကျွန်တော့် အပေါင်းအသင်းတွေကတောင် ကျွန်တော့်ကို only for call ဆိုပြီး နာမည်ပေးကြတဲ့ အထိပေါ့။ အဲဒီအချိန်တုန်းကလည်း ကျွန်တော့်ချစ်သူလေးနဲ့က လူမသိ၊ သူမသိ ချစ်နေရတာဆိုတော့ သူ့အိမ်ကို ဖုန်းဆက်တဲ့နေရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာပေါ့။ ဒါပေမယ့် လွမ်းတော့လည်း အမျိုးမျိုး ကြိုးစားပြီး ၂ မိနစ်၊ ၃ မိနစ် လောက် စကားပြောဖို့ အတော်လေး ဒုက္ခခံခဲ့ရပါတယ်။ ပညာသင်နှစ်ပြီးလို့ ပြည်တော်ပြန်ခါနီး အချိန်မှာတော့ ကျွန်တော့်လောက် ပျော်မယ့်သူ နောက်ထပ်မရှိတော့ဘူးပေါ့။ အထူးပြုလေး အနားကို ပြန်ရောက်တော့မယ်ဆိုတော့ ဘယ်လောက် ပျော်လိုက်မလဲ။ ကျွန်တော့်ရဲ့ ပထမဆုံး အိမ်လွမ်းသူ ဘ၀လေးဟာ အဲဒီမှာ အဆုံးသတ်ခဲ]]
>

Saturday, November 7, 2009

ကျွန်တော်နှင့် အိမ်ထောင်ရေး

for post

ကောင်မလေးရေ...

ငါ့ရင်ဘတ်ထဲမှာ မှန် တစ်ချပ်ရှိတယ်။
အဲဒီမှန်ထဲမှာ နင့်ရဲ့ ပုံရိပ်ပဲ အမြဲတမ်းပေါ်နေတယ်။

တကယ်လို့ နင်သာ...
ငါ့ကိုပစ်သွားလို့ ငါ့ရင်ကွဲသွားမယ်ဆိုရင်

ငါ့ရင်ဘတ်ထဲက အဲဒီမှန်တစ်ချပ်လည်း
ကွဲသွားလိမ့်မယ်။

ဒါပေမယ့်...
အဲဒီမှန်ပေါ်မှာ ထင်နေတဲ့
နင့်ပုံရိပ်ကတော့ ပျက်သွားမှာ မဟုတ်ဘူး။

မှန်ကွဲစတိုင်း၊ မှန်ကွဲစတိုင်းမှာ
နင့်ပုံရိပ် တစ်ပုံစီ၊ တစ်ပုံစီ
တိုးလို့ ထင်နေမယ် ကောင်မလေးရယ်... ။



(ကျွန်တော့် ဘေးမှာ အမြဲတမ်း မငြီးမငြူ၊ ပါရမီဖြည့်ပေးတဲ့ ကျွန်တော့်ရဲ့ ချစ်ဇနီး ကို ဒီကဗျာလေး နဲ့ ရည်ရွယ်ပါတယ်။)

နောက်ပြီး (ကျွန်တော်နှင့် အိမ်ထောင်ရေး) ဆိုပြီး တဂ်လာတဲ့ မိုးသည်းည တဖြစ်လဲ ဘလော့ဂ်ဂါ ကျွန်တော် ကိုလည်း၊ ကျွန်တော့်ရဲ့ အိမ်ထောင်ရေးဟာ ဒီကဗျာထဲက အတိုင်း ဖြစ်တယ်ဆိုတာ အသိပေးအပ်ပါတယ်။

Thursday, November 5, 2009

၁ နဲ့ င၊ ပ နဲ့ ဂ

for post2

ကျွန်တော့်ကို ကျွန်တော်က (၁) နဲ့ (င)၊ (ပ) နဲ့ (ဂ) လာပေးပါတယ်။ ကျွန်တော် လာပေးတဲ့ဟာကို ကျွန်တော်ကလည်း ကြည်ကြည် ဖြူဖြူ နဲ့ လက်ခံလိုက်ပါတယ်။ စောစောစီးစီး ရှင်းရှင်းလင်းလင်း ပြောထားချင်တာက ကျွန်တော်ဆိုတာကတော့ ကျွန်တော်ပါ။ ကျွန်တော်ကတော့ ကျွန်တော် မဟုတ်ပါဘူး။ ကျွန်တော်က ကျွန်တော့်ကို အဲဒီ (၁) နဲ့ (င)၊ (ပ) နဲ့ (ဂ) လာပေးတာပါ။ ကျွန်တော်က ပေးတဲ့သူပါ။ ကျွန်တော်ကတော့ လက်ခံယူထားတဲ့ သူပါ။ ဒီလောက်ဆိုရင် ရှင်းလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်က ကျွန်တော့်ကို (၁) နဲ့ (င)၊ (ပ) နဲ့ (ဂ) လာပေးရင်း (၁) ဟာ (၁) ဖြစ်ကြောင်း၊ (င) ဟာ (င) ဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော်ကလည်း ကျွန်တော် ပြောတဲ့စကားကို (၁) ဟာ (၁) ဖြစ်ကြောင်း၊ (င) ဟာ (င) ဖြစ်ကြောင်း လက်ခံခဲ့ပါတယ်။ ဆက်လက်ပြီး ကျွန်တော်က ကျွန်တော့်ကို (ပ) ဟာ (ပ) ဖြစ်ကြောင်း၊ (ဂ) ဟာ (ဂ) ဖြစ်ကြောင်း ဆက်ပြောပါတယ်။ အဲဒီ ကျွန်တော်ပြောတဲ့စကားကို ကျွန်တော်က (ပ) ဟာ (ပ) ဖြစ်ကြောင်း၊ (ဂ) ဟာ (ဂ) ဖြစ်ကြောင်း ထပ်မံလက်ခံလိုက်ပါတယ်။ အဲဒါကို ကျွန်တော်က သူပြောတဲ့ (၁) ဟာ ကျွန်တော့်ရဲ့ (င) ဖြစ်ကြောင်း၊ သူပြောတဲ့ (င) ဟာ ကျွန်တော့်ရဲ့ (၁) ဖြစ်ကြောင်း ဆက်လက်ရှင်းပြပါတယ်။ အဲဒါကို ကျွန်တော်က ကျွန်တော့်ကို ကျွန်တော်ပြောတဲ့ (၁) ဟာလည်း ကျွန်တော့်ရဲ့ (၁) ပဲ ဖြစ်ကြောင်း၊ ကျွန်တော်ပြောတဲ့ (င) ဟာလည်း ကျွန်တော့်ရဲ့ (င) ပဲ ဖြစ်ကြောင်း ပြန်ပြောလိုက်ပါတယ်။ အဲဒါကို ကျွန်တော်က မဟုတ်ကြောင်း သူပြောချင်တာက သူပြောတဲ့ (၁) ဟာ ကျွန်တော့်ရဲ့ (င) ဖြစ်ကြောင်း၊ သူပြောတဲ့ (င) ဟာ ကျွန်တော့်ရဲ့ (၁) ဖြစ်ကြောင်း၊ သူပြောတဲ့ (ပ) ဟာ ကျွန်တော့်ရဲ့ (ဂ) ဖြစ်ကြောင်း၊ သူပြောတဲ့ (ဂ) ဟာ ကျွန်တော့်ရဲ့ (ပ) ဖြစ်ကြောင်း ဆက်လက်ရှင်းပြပါတယ်။ အဲဒီလို ကျွန်တော်က ကျွန်တော့်ကို ပြောလာတော့ ကျွန်တော်က ...


ကျွန်တော်ပြောတဲ့ (၁) ဟာလည်း ကျွန်တော့်ရဲ့ (၁) ပဲ ဖြစ်ကြောင်း၊ ကျွန်တော်ပြောတဲ့ (င) ဟာလည်း ကျွန်တော့်ရဲ့ (င) ပဲ ဖြစ်ကြောင်း၊ ကျွန်တော်ပြောတဲ့ (ပ) ဟာလည်း ကျွန်တော့်ရဲ့ (ပ) ပဲ ဖြစ်ကြောင်း၊ ကျွန်တော်ပြောတဲ့ (ဂ) ဟာလည်း ကျွန်တော့်ရဲ့ (ဂ) ပဲ ဖြစ်ကြောင်း၊ ဘာမှ စိတ်ဝန်းကွဲစရာ မလိုကြောင်း ပြန်လည် ရှင်းပြလိုက်ပါတယ်။ အဲဒါကို ကျွန်တော်က သူပြောတဲ့ (၁) ဟာ ကျွန်တော့်ရဲ့ (င) ဖြစ်ကြောင်း၊ သူပြောတဲ့ (င) ဟာ ကျွန်တော့်ရဲ့ (၁) ဖြစ်ကြောင်း၊ သူပြောတဲ့ (ပ) ဟာ ကျွန်တော့်ရဲ့ (ဂ) ဖြစ်ကြောင်း၊ သူပြောတဲ့ (ဂ) ဟာ ကျွန်တော့်ရဲ့ (ပ) ဖြစ်ကြောင်းကို လက်ခံရမှာ ဖြစ်ကြောင်း၊ အဲဒါကို လက်မခံရင် ကျွန်တော်က ကျွန်တော့်ကို ပေးထားတဲ့ (၁) နဲ့ (င)၊ (ပ) နဲ့ (ဂ) ပြန်ယူသွားမှာ ဖြစ်ကြောင်း ခြိမ်းခြောက်လာပါတယ်။ ကျွန်တော်ကလည်း ကျွန်တော့်ဆီက အချောင်ရထားတဲ့ (၁) နဲ့ (င)၊ (ပ) နဲ့ (ဂ) ကို ပြန်ပေးဖို့ မဖြစ်နိုင်တဲ့ အတွက်၊ ကျွန်တော့်ကို ဒုတိယအကြိမ် ကျွန်တော့်ဘက်ကနေ ကျွန်တော်ပြောတဲ့ (၁) ဟာလည်း ကျွန်တော့်ရဲ့ (၁) ပဲ ဖြစ်ကြောင်း၊ ကျွန်တော်ပြောတဲ့ (င) ဟာလည်း ကျွန်တော့်ရဲ့ (င) ပဲ ဖြစ်ကြောင်း၊ ကျွန်တော်ပြောတဲ့ (ပ) ဟာလည်း ကျွန်တော့်ရဲ့ (ပ) ပဲ ဖြစ်ကြောင်း၊ ကျွန်တော်ပြောတဲ့ (ဂ) ဟာလည်း ကျွန်တော့်ရဲ့ (ဂ) ပဲ ဖြစ်ကြောင်း၊ ပြောပြနှစ်သိမ့်လိုက်ပါတယ်။ အဲဒါကို ကျွန်တော်က၊ ကျွန်တော့်ရဲ့ ဂုတ်ကိုကိုင်ပြီး သူပြောတဲ့ (၁) ဟာ ကျွန်တော့်ရဲ့ (င) ဖြစ်ကြောင်း၊ သူပြောတဲ့ (င) ဟာ ကျွန်တော့်ရဲ့ (၁) ဖြစ်ကြောင်း၊ သူပြောတဲ့ (ပ) ဟာ ကျွန်တော့်ရဲ့ (ဂ) ဖြစ်ကြောင်း၊ သူပြောတဲ့ (ဂ) ဟာ ကျွန်တော့်ရဲ့ (ပ) ဖြစ်ကြောင်း ထပ်မံငြင်းဆိုပါတယ်။ အဲဒါကို အဝေးတစ်နေရာကနေ ကြည့်ရင်း စပ်စပ်စုစု အနီးအနားရောက်လာတဲ့ နေ့အိပ်မက်ရယ်၊ ရွှေမြန်မာရယ်၊ မိုးထက်အိမ်ရယ်၊ အချစ်မဲ့ဂစ်တာရယ် က ကျွန်တော့်နဲ့ ကျွန်တော့်ရဲ့ အငြင်းပွားမှုကို ဖြေရှင်းပေးလိုက်ပါတယ်။ (အဟေးဟေး........ ဆက်တဂ်လိုက်ပါပြီ)။

Monday, November 2, 2009

လမ်းပြဖို့ လမ်းပျောက်နေသူများ

netmaze

တစ်ခါတစ်ခါ စိတ်ထဲမှာ နည်းနည်း ယူကျုံးမရ ဖြစ်တာရှိတယ်ဗျာ။ အဲဒါကလည်း နိုင်ငံခြား ခရီးစဉ်တွေသွားပြီး အဲဒီမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့်ပါ။ အဲဒီ အကြောင်းတွေကို ပြောပြလို့ ကျွန်တော့်ကို အမြင်တော့ မကတ် လိုက်ပါနဲ့။ နေရာတကာ လျှောက်ပြောနေတာပဲ ဆိုပြီးတော့လည်း အပြစ်မမြင်ပါနဲ့ဗျာ။ ကျွန်တော့် စိတ်ထဲက ဖြစ်ချင်တဲ့ ဆန္ဒလေးကလည်း ဘယ်လိုမှ တားမရလို့၊ နောက် မိတ်ဆွေ အပေါင်းအသင်းတွေကို တိုက်တွန်းချင်စိတ်ရှိလာလို့ ပြောရတာပါ။ ကျွန်တော် ဆော်ဒီ နိုင်ငံကို ရောက်တုန်းက ဆော်ဒီနိုင်ငံလေဆိပ်ကို ခြေချရင်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့ ဘင်္ဂါလီစကားကို စကြားရပါတယ်။ အမှိုက်သိမ်း၊ သန့်ရှင်းရေး နဲ့ တောက်တိုမယ်ရ လူတွေအားလုံးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေချည်းပါပဲ။ အိန္ဒိယ၊ ပါကစ်စတန် နိုင်ငံသားတွေကတော့ အနည်းအကျဉ်းရှိပါတယ်။ ဒါက လေဆိပ်မှာပါ။ ကျွန်တော် မြို့တွင်းရောက်ပြီး၊ ဆော်ဒီနိုင်ငံမှာ နေထိုင်စဉ်ကာလ တစ်လျှောက်လုံးမှာ ဘင်္ဂါလီလူမျိုးတွေနဲ့ပဲ များသောအားဖြင့် ဆက်ဆံခဲ့ရပါတယ်။ ဘယ်နေရာရောက်ရောက်၊ ဘယ်နေရာကြည့်ကြည့် ဘင်္ဂါလီစကားတွေပဲကြားရတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေပဲ တွေ့ရပါတယ်။ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့်သာ ဘင်္ဂါလီစကား မတတ်ခဲ့တာပါ။ ကြားရပါများလို့ နည်းနည်းပါးပါးတောင် နားလည်ပါတယ်။ ကျွန်တော်သူတို့ကို မေးကြည့်ဖြစ်ပါတယ်။ ဘာလို့ခင်ဗျားတို့ လူမျိုးတွေ ဒီနိုင်ငံမှာ ဒီလောက်များတာလဲလို့။ သူတို့က ပြောပါတယ်။ ပထမတော့ အဆက်အသွယ် တစ်ခုနဲ့ တစ်ယောက်စ၊ နှစ်ယောက်စ ရောက်လာတယ်။ နှစ်နည်းနည်းကြာပြီး အဆင်လည်း ပြေလာတော့ ကျန်တဲ့ကျွန်တော်တို့ နိုင်ငံကလူတွေကို ပထမရောက်နေတဲ့ လူတွေက ဆက်သွယ်ခေါ်ယူတယ်။ အဲဒီလို ဆက်သွယ်ခေါ်ယူ လမ်းပြရင်းနဲ့ ကြာလာတော့ အခုလိုများလာတာပါ ဆိုပြီး ကျွန်တော့်ကို ရှင်းပြပါတယ်။ ဟုတ်ပါတယ်။ တစ်ချို့တစ်ချို့ဆို တစ်မျိုးလုံး တစ်ဆွေလုံး အဲဒီမှာ ရှိနေတာကို ကျွန်တော်တွေ့ရပါတယ်။ ဆော်ဒီမှာ နိုင်ငံခြားလူမျိုး အများဆုံးက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေပါ။ နောက်ပြီး ကာတာ၊ ဘာရိန်း တို့လို နိုင်ငံတွေမှာဆို အိန္ဒိယ၊ ပါကစ္စတန် နိုင်ငံသားတွေက နိုင်ငံခြားသားတွေထဲမှာ အများဆုံးပါ။ သူတို့လည်း အဲဒီလို ပထမလူက နောက်ပေါက်တွေကို ခေါ်ရင်းနဲ့ များလာရတာပါ။ ဟော.... ဒူဘိုင်းမှာဆို အိန္ဒိယနိုင်ငံသား ကရလာ လူမျိုးတွေက တော့်တော့်ကို များပါတယ်။ နေရာတကာ သူတို့စကားသံတွေပါပဲ။ ပိုစေရှင် ကောင်းတွေမှာ ပေါက်ပေါက်ရောက်ရောက် လူတွေအဖြစ် ရှိသလို တောက်တိုမယ်ရ လူတွေလည်း သူတို့လူမျိုးတွေ ရှိပါတယ်။ အာရဗ်တွေထက်တောင် ဦးရေများမယ်လို့ ထင်ပါတယ်။ သူတို့ဘာသာစကားနဲ့တောင် သတင်းအပါအ၀င် တခြားအစီအစဉ်တွေကို ဒူဘိုင်းနိုင်ငံမှာ လွှင့်ပေးပါတယ်။ ကျွန်တော်တို့ ဟော်တယ်မှာလည်း ၈၀ ရာခိုင်နှုန်းက ကရလာ အလုပ်သမားတွေပါ။ သူဌေးကလည်း ကရလာ လူမျိုးပါပဲ။ ကျွန်တော်တောင် ကံကောင်းလို့ ဗမာတစ်ဦး ပါလာတာပါ။ ကျွန်တော့်အထင် ကရလာ တွေပဲ အလုပ်ခန့်ချင်တယ် ထင်ပါတယ်။ ကျွန်တော် စဉ်းစားကြည့်တော့ ...


သူတို့တွေဟာ နိုင်ငံခြားမှာ လမ်းတစ်ခုပွင့်လို့ အဆက်အသွယ် ကောင်း တစ်ခုရပြီ ဆိုရင် သူတို့ နိုင်ငံက လူမျိုးတွေကို လက်တွဲခေါ်ယူပါတယ်။ အလုပ်အကိုင်တွေ ရှာပေးပါတယ်။ လမ်းပြပါတယ်။ ကူညီပါတယ်။ ဒီလိုနဲ့ သူတို့တွေ အချင်းချင်း ညီညွတ်ပြီး နိုင်ငံခြားနိုင်ငံတွေမှာ သူတို့လူမျိုးတွေ များပြားလာရပါတယ်။ ကျွန်တော်တို့ မြန်မာတွေလည်း နိုင်ငံခြား နိုင်ငံတွေမှာ အသီးသီး ရှိနေကြပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံမှာမှ မြန်မာလူမျိုးတွေ တော်တော်များများ ရှိတယ်၊ အုပ်စိုးထားတယ် ဆိုပြီး မကြားမိပါဘူး။ မလေးရှားမှာတော့ ရှိပါတယ်။ ဒါကလည်း နယ်စပ်က ခိုးသွားပြီ အိုဗာစတေးနဲ့ ဟိုပြေးဒီပြေး နေနေရတဲ့ သူတွေလောက်သာ ရှိတာပါ။ နိုင်ငံကြီး နိုင်ငံကောင်းတွေမှာ စောစောစီးစီ ရောက်ပြီး အဆင်ပြေ လမ်းပွင့်နေတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ နောက်ပေါက် လူတွေကို ခေါ်ယူလမ်းပြဖို့ ကြောက်ရွံ့ကြပါတယ်။ တစိမ်းကို ခဏထား၊ ကိုယ့်ဆွေမျိုးသားချင်းကို တောင် ခေါ်ဖို့ တော်တော့်ကို ၀န်လေးပါတယ်။ ဒါ ကျွန်တော်တို့ ဗမာတွေပါ။ ဒီလိုဆို ကျွန်တော်တို့တွေ ဘယ်လိုတိုးတက်မလဲ။ ဘယ်လို နိုင်ငံခြား အတွေ့အကြုံတွေ တိုးပွားမလဲ။ သူများတွေကို ဘယ်လို ကျော်တက်မလဲ။ ဒါဟာ စဉ်းစားစရာပါ။ ကျွန်တော်လည်း စဉ်းစားနေပါတယ်။ အစ်ကိုတို့ အစ်မတို့လဲ စဉ်းစားပေးကြပါ။

Monday, October 26, 2009

ကိုယ်ယုံကြည်ရာ

for blog

ကောင်မလေးရေ...........
ငါတို့နှစ်ယောက်ကို ဆုံစည်းစေခဲ့တဲ့
အရှင့်ကို ငါပထမဆုံး ယုံကြည်တယ်။
အဲဒီလို ဆုံစည်းစေမယ့် ငါတို့ရဲ့ နှဖူးစာကို
အစောကြီးကတည်းက ရေးသားပေးခဲ့တဲ့
အဲဒီအရှင့်ကိုပဲ ငါဒုတိယ ယုံကြည်တယ်။
ငါတို့ဘ၀ရဲ့ အကောင်းအဆိုး အားလုံး
အဲဒီ အရှင့်အလိုတော်အတိုင်းပဲ ဖြစ်မယ်ဆိုတာကိုလည်း
ငါတတိယ အနေနဲ့ ယုံကြည်တယ်။
ငါတို့ရဲ့ မျှော်လင့်ချက်တွေအတွက်၊
ဘယ်လိုမှ ပြောင်းလဲလို့ မရတဲ့ နဖူးစာကို
ငါတို့ရဲ့ ခိုင်မာတဲ့ ဆုတောင်းတွေနဲ့
ပြောင်းလဲသွားစေမယ် ဆိုတာကိုလည်း
ငါ စတုတ္ထအနေနဲ့ ယုံကြည်တယ်။
သူ့ဟာသူ တောက်လျှောက်ခုန်နေတဲ့
ငါ့ရင်ဘတ်ထဲက သွေးတုံးတစ်ခုဆီကနေ...
နင့်အတွက်ချည်းသက်သက်
ငါသေမယ့် တစ်နေ့အထိ
အချစ်တွေ ထွက်လာမှာကိုလည်း
ယုံကြည်တယ် ကောင်မလေးရယ်။



(မိုးထက်အိမ် တဂ်လာတဲ့ ကိုယ်ယုံကြည်ရာ ဆိုတဲ့ တဂ်ပို့စ်လေးပါ။ အများကြီးရေးဖို့ အားခဲထားတဲ့ အကြောင်းလေး ရှိပါတယ်။ ဒါပေမယ့် ဒီကဗျာလေးကို ရေးချင်စိတ်များနေတာရယ်၊ အမြန်တင်ချင်တဲ့ စိတ်ရယ်ကြောင့် ဒါလေးကိုပဲ တင်ဖြစ်လိုက်ပါတယ်။)

Thursday, October 22, 2009

အန်းတားသည် ဘလော့ဂ်ဂင်း

Photobucket

ဘလော့ဂ်ရေးဖော် သူငယ်ချင်းတွေနဲ့ အတူတူ ကျွန်တော် ဘလော့ဂ်ဘက်ကို လာခဲ့ဖို့ ဖိတ်ခေါ်ပို့စ်လေးကို ရေးခဲ့ပြီးပါပြီ။ ဒီပို့စ်လေးကို ဖတ်မိပြီး ဘလော့ဂ်ဂင်းဘက်ကို စိတ်ပါဝင်စားသူ ရှိသလို၊ ဖာသိဖာသာ နေသွားတဲ့ သူတွေလည်း ရှိမှာပါ။ တဂ်ပို့စ်ကို ရေးပေးခဲ့တဲ့ သူငယ်ချင်းတွေ အားလုံးကတော့ သူတို့နည်း သူတို့ဟန်နဲ့ သူတို့ရဲ့ သူငယ်ချင်း အပေါင်းသင်းတွေကို ဘလော့ဂ်ဂင်း ဘက်ကို ထပ်ပြီး ဖိတ်ခေါ်နေလောက်ပါပြီ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ညံ့ဖျင်းချက်ကတော့ ဘလော့ဂ်ဘက်ကို လာဖို့သာခေါ်တဲ့ ပို့စ်ကိုရေးပြီး ဘယ်လိုဘလော့ဂ်ကို ဖန်တီးရမယ် ဆိုတာကိုတော့ ညွှန်ပြဖို့ မေ့ခဲ့မိပါတယ်။ ဒါကြောင့်မို့ ဘလော့ဂ်ဂင်း ကို စိတ်ဝင်စားမယ့် သူငယ်ချင်းတွေအတွက် လမ်းညွှန်မှုလေးတွေ ပေးချင်ပါတယ်။
ကျွန်တော် ဘလော့ဂ်ကို စစချင်း byethost မှာ လုပ်ခဲ့တာပါ။ ကိုသင်္ကြန်ရဲ့ အီးဗုက်ထဲက အတိုင်းပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ byethost က hosting နဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေ၊ စိတ်မချရတာတွေ ရှိလာပါတယ်။ ခဏခဏ hosting ပြုတ်ကျပါတယ်။ ကျွန်တော်ရဲ့ zox-netmaze.iblogger.org ကို အဲဒီမှာ လုပ်ခဲ့တာပါ။ ကျွန်တော့်ရဲ့ ပထမဦးဆုံး ဘလော့ဂ်ပါ။ အဲဒီ ဘလော့ဂ်လေးကို ရေးနေရင်း တန်းလန်းမှာပဲ ကျွန်တော် mmnetmaze.co.cc ကို webhost နဲ့ co.cc အားကိုးနဲ့ ကိုသင်္ကြန်ရဲ့ အီးဗုက် အသစ်အတိုင်း၊ သူရဲ့ လမ်းညွှန်မှုနဲ့ ထပ်မံ တည်ဆောက်ခဲ့ပါတယ်။ အစပိုင်းမှာတော့ တော်တော် အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် ဆရာကိုသင်္ကြန်ရဲ့ သတိပေးချက်အရ co.cc free domain အဖွဲ့ကနေ လူလည်ကျမှုတွေကို ကြားသိခဲ့ရပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ တဆင့်စကား၊ တဆင့်နားနဲ့ free hosting တွေရဲ့ အာမခံမဲ့ အဆင်မပြေမှုတွေကို သိလာရတဲ့နောက် ကျွန်တော်လည်း တော်တော်ခေါင်းခြောက်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် myanmargenius ကို စတင်သိကျွမ်းခွင့် ရခဲ့ပါတယ်။ ဒါလည်း ကိုသင်္ကြန်ရဲ့ mmwordpress က လမ်းညွှန်မှုကြောင့်ပါပဲ။ မြန်မာတွေ အချင်းချင်း ၀န်ဆောင်မှုပေးတယ်။ အခမဲ့ ဘလော့ဂ်ပိုင်ဆိုင်မှုရမယ်။ အာမခံချက် ရှိတယ်ဆိုပြီး ကြားသိရတဲ့နောက် ကျွန်တော် mmgenius ကို ခုန်ကူးခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် စသုံးခဲ့တဲ့ အချိန်ကနေစပြီး အခုအချိန်အထိ အစစ အရာရာကို mmgenius မှာ လွယ်ကူခဲ့ပါတယ်။ ဘလော့ဂ်လုပ်လိုသူ မည်သူမဆို www.myanmargenius.com မှာ Register လုပ်ပြီး Blog Invitation မှာ မိမိမေးလ်ကို ပေးပြီး ဘလော့ဂ်တောင်းခံပါ။ Reply မေးလ် လက်ခံရရှိချိန်မှ စပြီး အဆင့်ဆင့် Fill up ပြုလုပ်၊ ဘလော့ဂ်တိုင်တယ်လ် ရွေးကာ ဘလော့ဂ်တစ်ခုကို အမြန်ဆုံး ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ အားလုံးပဲ လှပတဲ့၊ အကျိုးဖြစ်ထွန်းမယ့် ဘလော့ဂ်တွေ ပိုင်ဆိုင်နိုင်ပါစေ။

Monday, October 19, 2009

ဂျီတော့ခ်ချည်း သုံးနေမယ့်အစားလာ့ဂ်တင်ပါလား။

Photobucket

ဘယ်သူ့ကိုမှတော့ ထိခိုက်စေချင်တဲ့ ဆန္ဒမပါပါဘူး။ အကြံအပေးအယူနဲ့ ဖိတ်ခေါ်ချင်တဲ့ စိတ်ကလေးကြောင့်ပါ။ ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ အချို့အချို့ဖြစ်ရပ်တွေကို ကြည့်ပြီး သက်ပြင်းလည်း ခဏခဏချမိလို့ပါ။ ကျွန်တော်တင်ခဲ့တဲ့ ပို့စ်အဟောင်းလေးက အကြောင်းအရာလည်း အပါအ၀င်ပါပဲ။ ဂျီတော့ခ် ချက်တင်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်လာလို့ပါ။ အခုနောက်ပိုင်းမှာ အင်တာနက်ဆိုင်တွေ ကျွန်တော်တို့ နိုင်ငံမှာ ပွထလာပြီး ဂိမ်းဆိုင်လေးတွေတောင် တော်တော်မှေးမှိန်သွားပါတယ်။ လူငယ်ယောက်ျားလေး နည်းနည်းပါးပါးလောက်ပဲ ဂိမ်းဆော့ကြတာ တွေ့ရတယ်။ တော်တော်များများက အင်တာနက်ဆိုင်ကို ရောက်နေကြပါပြီ။ အင်တာနက်နဲ့ နီးစပ်မှု ရှိလာတာ ကောင်းပါတယ်။ ယူတတ်ရင် အင်တာနက်ကနေ အများကြီးရတတ်ပါတယ်။ အသိပညာ၊ ဗဟုသုတ၊ စီးပွားရေးဆိုင်ရာ ကိစ္စ၊ အလုပ်အကိုင် အခွင့်အရေး အားလုံးလိုလို အင်တာနက်မှာ ရနိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် အခုခေတ်လူငယ်တွေ သုံးနေတဲ့ အင်တာနက်က ဘာအတွက် အဓိကဖြစ်နေလဲ။ ကျွန်တော် အင်တာနက်ဆိုင်ကို ရောက်တိုင်း မိန်းကလေး၊ ယောက်ျားလေး အားလုံးလိုလို အင်တာနက်ဆိုင်မှာ ထိုင်ပြီး ချက်တင်ချည်း သုံးနေတာတွေ့ရပါတယ်။ ပန်းခြံမှာတောင် ကျယ်ကျယ်မပြောရဲတဲ့ စကားတွေကို အင်တာနက်ဆိုင်မှာ ပေါ်တင် စိတ်လွတ်ကိုယ်လွတ် ပြောလာတာကို ကြားရပါတယ်။ တချို့တချို့ဆို ကျောင်းစိမ်းအင်္ကျီလေးတွေနဲ့ " ကိုယ်က ဘယ်ကလဲ၊ မ ကဘယ်ကလဲ၊ တို့က ပဲခူးကလေ " ဆိုပြီး ရန်ကုန်မှာ ထိုင်ရင်း ပြောတတ်လာပါတယ်။ အရွယ်မရောက်သေးတဲ့ သူတွေ ချက်တင်မှာပဲ သူတို့ကိုယ်တိုင် မမြင်ဖူးသေးတဲ့သူတွေနဲ့ ချစ်သူတွေ ဖြစ်နေကြပါတယ်။ အခုမှ ခုန်ဖို့အားယူနေတဲ့ သူတို့နှလုံးသားတွေ စောစောစီးစီး အားတွေကုန်နေရပါတယ်။ ကျွန်တော် ကြုံဖူးပါတယ်။ ဂျီတော့ခ်ကို သုံးပြီး ၄ နှစ်လောက် ချက်တင်ထိုင်နေတဲ့ သူတစ်ဦးဟာ Google ကနေ image ကိုကလစ်နှိပ်ပြီး ဓါတ်ပုံ မရှာတတ်သေးပါဘူး။ သူအင်တာနက် သုံးခဲ့တဲ့ လေးနှစ်တာ သက်တမ်းဟာ ဂျီတော့ခ် Sign in, Sign out ဆိုတဲ့ အသိပညာတစ်ခုကိုပဲ ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော် နိုင်ငံခြားမှာ ရှိနေတဲ့ အချိန်မှာ ပေါက်ကရ ပညာရှင်တချို့ရဲ့ အစွမ်းတစ်ခုကို ကြုံခဲ့ရဖူးပါတယ်။ ဒူဘိုင်းက အင်တာနက်ဆိုင် တစ်ဆိုင်မှာပါ။ မိန်းကလေး တော်တော်များများ ခံလိုက်ရပါတယ်။ VZO ကို အသုံးချခဲ့တာပါ။ ဖြစ်ပုံကို ပြောပြပါမယ်။



အဲဒီ သူတွေက မိန်းကလေးလို့ ထင်ရတဲ့ ယူဇာနိမ်းတွေကို အင်ဗိုက်လုပ်ပါတယ်။ ဒီဘက်ကလက်ခံလိုက်ပြီဆိုရင် တဆက်တည်း call ပါတယ်။ ဒီဘက်က လူက အဲဒီ call ကိုလက်ခံလိုက်ပြီ ဆိုတာနဲ့ webcam ကနေ အသုံးပြုသူရဲ့ ပုံမပေါ်လာပဲနဲ့ (ညစ်ညမ်း ဗွီဒီယို) ကား ပေါ်လာပါတယ်။ ပြန်ပိတ်လို့လည်း မရပါဘူး။ ဒါကလည်း ဆော့ဖ်ဝဲရ် တစ်ခုကို သုံးပြီး နှောင့်ယှက်တာပါ။ စကားစပ်မိလို့ ပြောတာပါ။ (ဘယ်တောင် ရောက်သွားလဲ မသိဘူး)။ ဒီလိုပဲ ချက်တင်ကနေ လူရောင်းစားတာတို့ ငွေလိမ်တာတို့ ခဏခဏ ကျွန်တော်ပြည်ပမှာ ကြားဖူးပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း တစ်ခုစ နှစ်ခုစ ဖြစ်လာပါပြီ။ တချို့တချို့ မိန်းကလေးတွေ အင်တာနက်မှာဖြစ်သွားတဲ့ ချစ်သူကို ပေါ်ပေါ်ထင်ထင် ပိုက်ဆံချေးတတ်လာပါပြီ။ ယောက်ျားလေးတွေကလည်း webcam ကနေ မျက်နှာမပြရင်နေ၊ တခြားတစ်ခုက ပြဖို့ တောင်းဆိုလာပါပြီ။ ကျွန်တော် ဘယ်သူ့ကိုမှ တိတိကျကျ မရည်ရွယ်ပါဘူး။ ချက်တင်ကို အကျိုးမရှိအသုံးချနေတဲ့ သူတွေအတွက် ပြောပြနေတာပါ။ အပျင်းပြေကနေ တစိုက်မတ်မတ် ငြိမသွားဖို့တော့ ဂရုပြုကြဖို့လိုပါတယ်။
ကျွန်တော် ဘလော့ဂ်နဲ့ ပတ်သက်ပြီး တော်တော်ရူးသွပ်ခဲ့ပါတယ်။ မိတ်ဆွေတော်တော်များများကို မေးခဲ့ပေမယ့် တိတိကျကျ ညွှန်ပြမှု မရခဲ့ပါဘူး။ တစ်ချိန်မှာတော့ royal myanmar က အစ်ကိုက ကျွန်တော့်ကို ဘလော့ဂ်လုပ်နည်း အီးဗုက်တစ်ခု ပေးပါတယ်။ ကိုစေတင်ဂေါ့တ် ရဲ့ စာအုပ်လေးပါ။ blogspot အတွက်ပါ။ ဒါပေမယ့် အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ကော်နက်ရှင်ကလည်း တော်တော်ဆိုး၊ ဘန်းတဲ့ ပြသနာတွေကလည်းရှိ၊ အနီးကပ်ပြသပေးမယ့် ဆရာကလည်း မရှိတော့ ကျွန်တော် အထမမြောက်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော် သားဖြိုးနဲ့ ဆုံခဲ့ပါတယ်။ သားဖြိုးက ကျွန်တော့်ကို wordpress အတွက် လမ်းညွှန်ပေးပါတယ်။ ကိုသင်္ကြန်ရဲ့ အီးဗုက်ပေးပါတယ်။ အနီးကပ်ပြသပေးပါတယ်။ အစပိုင်းမှာ အခက်အခဲတွေနဲ့ ကြုံရပေမယ့် သူ့ရဲ့ အနီးကပ် ပြသပေးမှုတွေကြောင့် ကျွန်တော် wordpress နဲ့ ဘလော့ဂ် အထမြောက်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ လုပ်ငန်းလေးတစ်ခု ဖြစ်တဲ့ (ကျောက်ပန်းချီ) လုပ်ငန်းအတွက် ဘလော့ဂ်တင်ပါတယ်။ အစပိုင်းမှာတော့ အခက်အခဲတွေ၊ နားမလည်မှုတွေ၊ မှားယွင်းမှုတွေ အများကြီးကြုံရပေမယ့် သားဖြိုးရဲ့ ကူညီပြသပေးမှုရယ်၊ ကိုယ်ကိုယ်တိုင်က ၀ါသနာပါလွန်းတဲ့ အတွက် မဖြစ်မနေ ကြိုးစားအားထုတ်မှုရယ် ပေါင်းစပ်ပြီး နောက်ပိုင်းမှာ ကျွန်တော် လွယ်ကူမှုတွေ ရခဲ့ပါတယ်။ ဘလော့ဂ်နဲ့ ထိတွေ့မှုနောက်ပိုင်းမှာ အဲဒီဘလော့ဂ်ကနေပဲ အသိပညာတွေ အများကြီးကို ရရှိခဲ့ပါတယ်။ စီးပွားရေး အဆက်အသွယ်တွေ ရရှိခဲ့ပါတယ်။ ယောင်တောင်တောင် ဟိုမေးဒီမေး ခေါင်းကုတ်ပြီး သင်ပြပေးသူ တစ်ယောက်လောက်နဲ့ ဘလော့ဂ်စရေးခဲ့တဲ့ ကျွန်တော်ဟာ နောက်ပိုင်းမှာ အဲဒီဘလော့ဂ် လောကကနေပဲ ကူညီသင်ပြပေးသူ၊ အသိပညာ ဝေမျှသူတွေ မြောက်မြားစွာကို ရရှိခဲ့ပါတယ်။ ငွေမပေးရပဲ အခမဲ့ စိတ်ရှည်လက်ရှည် သင်ပြပေးတဲ့ အသိပညာ ကျောင်းတော်တွေကို လအနည်းငယ်အတွင်းမှာပဲ တွေ့ခဲ့ရပါတယ်။ ခံစားချက်ချင်းတူညီတဲ့ မိတ်ဆွေတွေကို ခက်ခက်ခဲခဲ မရှာရပဲ သိခွင့်ရခဲ့ပါတယ်။ လေးစားစရာ ပုဂ္ဂိုလ်တွေကို ဘလော့ဂ်စာမျက်နှာရဲ့ သူတို့ရေးသားထားတဲ့ စာလုံးတွေကနေ ရှုမြင်ခဲ့ရပါတယ်။ အဲဒီ ဘလော့ဂ်ကနေပဲ ကျွန်တော့်ရဲ့ computer knowledge ကို မြင့်တက်စေခဲ့ပါတယ်။ (ဘလော့ဂါအားလုံးလည်း ကျွန်တော်နဲ့ ထပ်တူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်)။ ကျွန်တော် အာမခံပါတယ်။ ဘလော့ဂ်လောက ထဲကို ရည်မှန်းချက် ကြီးကြီး နဲ့ ၀င်လာခဲ့ပါ။ ဇွဲ လေးနည်းနည်းလည်း ထည့်လာခဲ့ပါ။ ဘလော့ဂ်ကို ချစ်တဲ့ စိတ်လေးရှိရင် ဘလော့ဂ်ကလည်း ကိုယ့်ကို ပြန်ချစ်ပါလိမ့်မယ်။ မမျှော်လင့်ထားတဲ့ အသိပညာတွေကို သူက ပြန်ပေးပါလိမ့်မယ်။ ဆုံးရှုံးမှု တစ်ခုမှ မရှိစေရပါဘူး။ ကျွန်တော် အာမခံ ပါတယ်။ ကျွန်တော် ရဲရဲကြီးအာမခံပါတယ်။ အားလုံးပဲ ဂျီတော့ခ်ချည်း သုံးနေမယ့် အစား ဘလော့ဂ်တစ်ခုလောက် တင်ပါလားခင်ဗျာ။

Sunday, October 18, 2009

ကျွန်တော်နှင့် Rainbow Hotel

Photobucket

အေးဗျာ။ ပြန်ရောက်တာလဲ နှစ်လကျော်လောက် ရှိပြီဆိုတော့ ကျွန်တော့်ဟိုတယ်နဲ့လည်း အဆက်အသွယ်က ပြတ်နေပြီ။ ဘာတွေဖြစ်လို့ ဘာတွေလုပ်နေလည်း ဆိုတာတောင် မသိတော့ဘူး။ မေးလည်း မမေးကြည့်ဖြစ်ဘူး။ နဂိုလိုပဲ အခန်းတွေအများကြီး vacant ဖြစ်နေတုန်းလား။ ဒါမှမဟုတ် Full Book နဲ့ လက်မလည်အောင် အခန်းတွေရောင်းနေရလား။ တခါတခါမှပဲ အလုပ်နဲ့ ပတ်သက်ပြီး တွေးကြည့်မိတော့တယ်။ ဒါကလည်း ကျွန်တော်ကိုယ်တိုင်က ဟိုတယ်လိုက်ဖ်ကို ၀ါသနာတော်တော် ပါလို့ပါ။ သူများတွေတော့ မသိဘူးပေါ့။ ဟိုတယ်လ် RECEPTIONIST ဘ၀ကို ကျွန်တော် တော်တော်နှစ်သက်တယ်ဗျ။ အဲဒီနေရာမှာ အလုပ်လုပ်ရတာ စိတ်ကျေနပ်ဖို့ ကောင်းတယ်။ (မိန်းမကို လွမ်းတဲ့ အချိန်တွေက လွဲရင်ပေါ့။) ဒူဘိုင်းမှာ အလုပ်လုပ်ပြီး တခြား POSITION တွေကလွဲရင် ကျွန်တော် ဒီအလုပ်မှာ ရှိနေတာကို ဂုဏ်ယူတယ်ဗျာ။ ကျွန်တော့်မှာက ဟိုတယ်လ်လိုက်ဖ် Experience မရှိခဲ့ဘူးဗျ။ ဒါပေမယ့် ကျွန်တော်ဒီပိုစေရှင်ကို စကားတတ်တဲ့ အကြောင်းခံတစ်ခုနဲ့ ရခဲ့တယ်ဆိုတော့ သူများတွေလောက်တော့ ကျွမ်းကျွမ်းကျင်ကျင် အစမှာမရှိခဲ့ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်ကြိုးစားသင်ယူရင်း တခြားအလုပ်သမား၊ အထက်လူကြီးတွေနဲ့ အဆင်ပြေအောင် ပေါင်းရင်း ကျွန်တော် အချိန်တိုအတွင်းမှာပဲ တော်တော်ကို တိုးတက်ခဲ့ပါတယ်။ မြင်တယ်မဟုတ်လား။ အပေါ်က မီးတွေလင်းနေတာ ကျွန်တော်တို့ Dubai RAINBOW Hotel လေ။ ဖွင့်ပွဲနေ့က ဓါတ်ပုံပေါ့။



Photobucket

ဒူဘိုင်းမှာတော့ လူသိနည်းသေးတယ်ဗျ။ အဘူဒါဘီ မှာကတော့ မိန်း ဟိုတယ်ရှိတယ်လေ။ အဲဒီဟိုတယ်ကတော့ နေ့တိုင်း Full Book ပဲဗျာ။ အခန်းအားတယ်လို့ကို မရှိဘူး။ နံမည်လည်း ကြီးတယ်ဗျ။ ဟိုတယ်ကတော့ ခပ်သေးသေးပါပဲဗျာ။ ဒါပေမယ့်...

လူတွေက ဘာကိုကြိုက်တယ် မသိဘူး။ နေ့တိုင်းကို ပြည့်နေတာပဲ။ အဲဒီ အရှိန်နဲ့ ကျွန်တော်တို့ ဒူဘိုင်းဟိုတယ်ကို ဖွင့်တာပေါ့။ ဒူဘိုင်းဟိုတယ်ကတော့ 3 စတား အဆင့်ဆိုတော့ တော်တော် Facilities စုံတယ်ဗျာ။ ကြည့်ကြည့်ပါဦး။



Photobucket

Photobucket

Photobucket

Photobucket

Photobucket

Photobucket

Photobucket

Photobucket

အပေါ်ပုံကတော့ Sauna လေဗျာ။ ထမင်းစားချိန်မှာ တခါတခါ ကျွန်တော်တို့ ခိုးခိုးပြီး သွားနှပ်တဲ့ အခန်းပေါ့။ ဒူဘိုင်းရောက်လို့ ဟိုတယ်အခက်အခဲ ရှိရင် ကျွန်တော့်ကို ပြောပေါ့ဗျာ။ ဘော်ဒါအချင်းချင်း Discount ပေးပါ့မယ်။ ကျွန်တော့်ကိုတော့ Tips လေး၊ ဘာလေး ပေးခဲ့ပေါ့။ အဟေးဟေး.........။

Saturday, October 3, 2009

ဂျီတော့ခ် သုံးရင်း ရေနစ်ခဲ့သူတစ်ဦး အကြောင်း

Photobucket

တစ်နေ့ ကျွန်တော်တို့ ရုံးခန်းကို ကျွန်တော့်သူငယ်ချင်းရဲ့ မိတ်ဆွေ အန်တီတစ်ယောက် ရောက်လာပါတယ်။ သူ့လက်ထဲမှာ စာရွက်စာတမ်း တထပ်ကြီးကိုပါ ကိုင်ထားပါတယ်။ သူ့မျက်နှာကတော့ သိပ်မကောင်းဘူး ခင်ဗျ။



သူက ကျွန်တော်တို့ကို နှုတ်ဆက်စကားပြောပြီး သူ့လက်ထဲက ပါလာတဲ့ စာရွက်တွေနဲ့ ပတ်သက်တဲ့ အကြောင်းတစ်ခုကို ကျွန်တော်တို့ကို ပြောပြရင်း အကူအညီ တောင်းလာပါတယ်။ သူပြောပြတဲ့ အကြောင်းအရာကို ကျွန်တော်အရင် တင်ပြပါ့မယ်။

အားလုံးသိတဲ့ အတိုင်း ဒီကနေ့ မြန်မာနိုင်ငံမှာ ချက်တင် ယဉ်ကျေးမှု တော်တော်ခေတ်စားလာပါတယ်။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ချက်တင်ကို သုံးစွဲကြပါတယ်။ အဲဒီအထဲမှာမှ မိန်းကလေး တစ်ယောက်ဟာ အားလုံးနည်းတူ ချက်တင်ကို နေ့စဉ်ဂရုတစိုက် သုံးစွဲပါတယ်။ သူ့ရဲ့ ချက်ဘောက်စ် သူငယ်ချင်းလစ် ထဲမှာ သူငယ်ချင်းပေါင်း မြောက်မြားစွာကို ထည့်ပြီး စကားပြောလေ့ရှိပါတယ်။ တစ်နေ့မှာ သူဟာ လူတစ်ယောက်နဲ့ ချက်တင်မှာ သူငယ်ချင်းဖြစ်ပါတယ်။ အဲဒီလူက နယ်သာလန် ကလို့ သူ့ကိုယ်သူ ပြောပါတယ်။ ပထမပိုင်းမှာတော့ အဲဒီမိန်းကလေးကို သမရိုးကျ မိတ်ဆက်ပါတယ်။ သူ့အပေါ်မှာ အထင်ကြီးအောင် စကားလှလှတွေကို ပြောပါတယ်။ ဒီလိုနဲ့ တစ်လနီးပါးကြာလာတဲ့ အချိန်မှာ အဲဒီမိန်ကလေးကို လက်ထပ်ခွင့် ဒါရိုက်တောင်းပါတယ်။ မိန်းကလေးက သူမမှာ ချစ်သူရှိကြောင်း ပြောပါတယ်။ ဒါပေမယ့် အဲဒီလူက သူ့ကိုယူရင် နယ်သာလန်ကို ခေါ်မှာဖြစ်ကြောင်း၊ နိုင်ငံသားလည်း ရမှာဖြစ်ကြောင်း စည်းရုံးပါတယ်။ နောက်ပြီး အဲဒီမိန်းကလေးရဲ့ လက်ရှိချစ်သူကိုလည်း ဖြတ်ဖို့တိုက်တွန်းပါတယ်။ မိန်းကလေးကလည်း ပြောရတော်တော်ခက်ပါတယ်။ အဲဒီလူ တိုက်တွန်းပြီး နောက်နေ့မှာပဲ သူ့ချစ်သူကို ....


အဲဒီမိန်းကလေးက ဖြတ်လိုက်ပါတယ်။ တဆက်တည်း အဲဒီလူရဲ့ လက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်ပါတယ်။ နယ်သာလန်က တော်တော် ဆွဲဆောင်မှုရှိပါတယ်။ အထင်ကြီးစရာ စကားတွေနဲ့ ဆွဲဆောင်ရင်း အဲဒီမိန်းကလေးကို အပျိုဟုတ်မဟုတ် မေးပါတယ်။ ကောင်မလေးကလည်း အပျိုဟုတ်ကြောင်း၊ ကျွန်မတို့ မြန်မာပြည်မှာ စုံတွဲတွေဟာ မင်္ဂလာမဆောင်ခင် ကျူးလွန်လေ့ မရှိကြောင်း ပြန်ရှင်းပြပါတယ်။ ဒီလိုနဲ့ အဲဒီလူက မိန်းကလေးကို ထိုင်းကို လာခဲ့ဖို့ ပြောပြီး သူ့မိတ်ဆွေ မိန်းကလေး တစ်ယောက်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကို ပေးပါတယ်။ ထိုင်းကို ရောက်ရင် အဲဒီမိတ်ဆွေက လာကြိုပြီး သူ့အိမ်မှာပဲ နေစရိတ်၊ စားစရိတ်ငြိမ်း နေထိုင်နိုင်ကြောင်း ပြောပါတယ်။ အဲဒီနောက်မှာမှ သူက နယ်သာလန်ကို လာဖို့ လေယာဉ်လတ်မှတ်နဲ့ ဗီဇာကြေးပို့ပေးမှာ ဖြစ်ကြောင်း ထပ်ပြောပါတယ်။ အဲဒီ မိန်းကလေးကလည်း အဲဒီလူ ပြောသမျှစကားတွေကို ယုံပြီး ကိုယ့်စရိတ် ကိုယ်စိုက်ထုတ်၊ ထိုင်းကို သွားလိုက်ပါတယ်။ သူသွားလိုက်တဲ့ နေ့က စလို့ အခုတစ်လကျော် ရှိသွားပါပြီ။ အဲဒီမိန်းကလေးရဲ့ သတင်းအစအနမကြားရတော့ပါဘူး။ သူမသွားခင် သူ့မေးလ် အကောင့်ကို သူ့ညီမကို ပေးခဲ့ပါတယ်။ အခုသူ့မေးးလ်ကို ဖွင့်ကြည့်ရင်လည်း အဲဒီလူရဲ့ အကောင့်က မရှိတော့ပါဘူး။ သူတို့လည်း အခုမှ ယူကြုံးမရ ဖြစ်ရပါတယ်။ ဘာမှ လုပ်လို့မရတော့ပါဘူး။


အစမှာ ပြောခဲ့တဲ့ အန်တီကိုင်ထားတဲ့ စာရွက်တွေဆိုတာ အဲဒီမိန်းကလေးနဲ့ နယ်သာလန်က လူ စကားပြောခဲ့တဲ့ Gtalk အစအဆုံး ချက်စာရွက်တွေပါ။ အဲဒီလူ ရေးသားတဲ့ အင်္ဂလိပ်စာ အရေးအသားဟာ မြန်မာနိုင်ငံက မူလတန်းကလေးရဲ့ အရေးအသားလောက်တောင် မရှိပါဘူး။ အဲဒါကိုတောင် အဲဒီမိန်းကလေးက နယ်သာလန် ကလို့ ပြောတာကို ယုံကြည်ခဲ့တယ် ဆိုတာ အံ့သြရပါတယ်။ ကျွန်တော်တို့ စုံစမ်းကြည့်ရသလောက် အဲဒီ မိန်းကလေးဟာ ထိုင်းက လူပွဲစားတစ်ယောက်ရဲ့ သွေးဆောင်ရောင်းစားခြင်းကို ခံလိုက်ရတာပါ။ စိတ်မကောင်းစရာပါ။ ကျွန်တော် ဒီပို့စ်ကိုတင်တာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ချက်တင် မမ တွေ စဉ်းစားဆင်ခြင်နိုင်ဖို့ ဖြစ်ပါတယ်။ အားလုံး အလည် မလွန်ကြဖို့ ဆုတောင်းလိုက်ပါတယ်။ လည်လွန်းတဲ့ ဘီးဟာ...........................။

Thursday, October 1, 2009

မြှောက်နည်းမဟုတ်သော ပေါင်းနည်း။

Photobucket

ဒူဘိုင်းမှာပဲဖြစ်ဖြစ်၊ တခြားဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် Hotel life အပါအ၀င် အလုပ်တိုင်းလိုလိုဟာ မန်နေဂျာရဲ့ လက်အောက်မှာပဲ လုပ်ကြရပါတယ်။ (အကုန်လုံးသိပြီးသားဟာကို)။ အဲလိုလုပ်ကြရတဲ့အခါမှာ ကိုယ့်အလုပ်ရဲ့မန်နေဂျာနဲ့ အဆင်ပြေသူတွေဟာ အခွင့်အရေးတွေလည်း ပိုရတတ်ကြပါတယ်။ အလုပ်မှာလည်း လွယ်ကူမှုရရှိကြပါတယ်။ များသောအားဖြင့် ကုမ္ပဏီတော်တော်များများမှာလည်း ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုတွေကို ပိုင်ရှင်ထက် မန်နေဂျာကပဲ ပြုလုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့ဟိုတယ်မှာလည်း ကိစ္စတော်တော်များများကို ကျွန်တော်တို့ဟိုတယ်သူဌေးထက် ဟိုတယ်မန်နေဂျာကပဲ တာဝန်ယူဆုံးဖြတ်လေ့ရှိပါတယ်။ ကျွန်တော်တို့ မန်နေဂျာနဲ့ စတင်တွေ့ဆုံပုံကို ကျွန်တော်တစ်ခေါက်ရေးပြဖူးပါတယ်။ အခုကျွန်တော်ပြောချင်တာက ကျွန်တော့် မန်နေဂျာကို ကျွန်တော်ဘယ်လို (ချုပ်) ခဲ့သလဲဆိုတာကိုပါ။ နိုင်ငံခြားမှာ အလုပ်လုပ်သွားလုပ်မယ့်သူများရှိရင် ကျွန်တော်နည်းလမ်းလေးက အထောက်အကူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဟဲ။ ကျွန်တော် မန်နေဂျာနဲ့ စတင်သိကျွမ်းပြီးတဲ့ အချိန်ကစပြီး သူနဲ့ရင်းနှီးဖို့ ကျွန်တော်ကြိုးစားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဟိုတယ်မှာက မြန်မာဆိုလို့ ကျွန်တော်တစ်ယောက်တည်း ရှိတာပါ။ ကျွန်တော့်မှာ တိုင်ပင်ဖေါ်၊ တိုင်ပင်ဖက်၊ အခက်အခဲရှိရင် အကူအညီတောင်းနိုင်မယ့်သူ ဆိုလို့ အနီးကပ်ဘယ်သူမှ မရှိဘူးဗျ။ လက်ရှိရှိနေတဲ့ စတဖ်တွေမှာလည်း ဘယ်သူကမှ အဆင်ပြေအောင် ပေါင်းလို့မရဘူးလို့လည်း ကျွန်တော်ကထင်နေတယ်။ စကားပြောရတာ သိပ်အစီးမကပ်ဘူးဗျ။ ဒါကြောင့် မန်နေဂျာနဲ့ ဆုံတဲ့အခါတိုင်းမှာ ကျွန်တော်သူ့ကို တရင်းတနှီး စကားပြောပါတယ်။ လေးလေးစားစား ဆက်ဆံပါတယ်။ ဖားတယ်လို့ မထင်အောင် အထူးဂရုစိုက်ပြီး နေပါတယ်။ (တခြားသူတွေ အမြင်ကတ်မှာ စိုးလို့)။ သူ့ဘက်ကလည်း ကျွန်တော့်အပေါ် ပထမပိုင်းမှာတော့ နည်းနည်းခပ်တန်းတန်းနေပါတယ်။ နောက်ပိုင်းမှာတော့ ...

သူ့ဘက်ကလည်း ကျွန်တော့်ကို အရေးပေးစ ပြုလာပါတယ်။ ကျွန်တော်အပါအ၀င် ၀န်ထမ်း ၆ ယောက်နဲ့ မန်နေဂျာက တထပ်တည်းမှာ နေတာပါ။ မန်နေဂျာကတော့ တခြားတစ်ခန်းပေါ့။ မန်နေဂျာက အဆောင်အပြန် နောက်ကျပါတယ်။ အားလုံးက အလုပ်အပြီး အဆောင်ရောက်ရင် စောစောစီးစီး အိပ်ကြပါတယ်။ အဲလိုအခါမျိုးမှာ ကျွန်တော်က မန်နေဂျာ ပြန်အလာထိ စောင့်ပြီးနေပေးပါတယ်။ တံခါးဖွင့်ပေးပါတယ်။ သူ့ပစ္စည်း ဘာညာသာရကာ နည်းနည်းပါးပါးကို သယ်ပေးပါတယ်။ (စာရွက်စာတမ်းနဲ့ လက်ဆွဲအိတ်ပါ။) ကျွန်တော်လုပ်ပေးရတာက မဖြစ်စလောက်လေးပါ။ (ဒါပေမယ့် အဲလိုပြုမူပေးခြင်းအားဖြင့် နောင်တချိန်မှာ ရလဒ်ကောင်းတတ်ပါတယ်။ ) ဒီလိုနဲ့ သူကလည်း မနက်သူလမ်းလျှောက်ထွက်ပြီး ပြန်လာရင် ကျွန်တော့်ကို ကော်ဖီဝယ်ဝယ်လာတတ်ပါတယ်။ တခြား ကျွန်တော့်ထက် ပိုစေရှင် မြင့်တဲ့သူတွေ အများကြီးရှိပေမယ့် ကျွန်တော့်အပေါ်မှာ ပိုအရေးပေးလာပါတယ်။ တောင်းဆိုချက် တော်တော်များများကို အလွယ်တကူ ခွင့်ပြုပေးပါတယ်။ မတော်တဆ အမှားအယွင်းရှိခဲ့ရင် လျှော် ပေးပါတယ်။ များသောအားဖြင့် မြန်မာမှအပ တခြားနိုင်ငံတွေမှာ ဂုဏ်ပေးလေးစားခြင်းဆိုတာ မရှိသလောက်ရှားပါတယ် ခင်ဗျ။ ဒါကြောင့် ကျွန်တော်တို့ မြန်မာတွေအတွက် ဘာမဟုတ်တဲ့ လေးစားမှုလေးက တခြားနိုင်ငံသားတွေ အပေါ်ကြီးမားသွားစေ တတ်ပါတယ်။ အပြောအဆို အနေအထိုင်က အစပေါ့ဗျာ။ ကျွန်တော်ကြုံဖူးလို့ပါ။ ကျွန်တော်တို့ မန်နေဂျာကလည်း တော်တော် စိတ်သဘောထား ကောင်းတဲ့သူ တစ်ယောက်ပါ။ အပြောအဆိုတွေမှာ အပေါ်စီးက ပြောလေ့မရှိဘူးခင်ဗျ။ ဒါကိုကြုံရတဲ့ တခြားတခြားသော သူတွေက အချာဘင်ပါဆိုပြီး အခွင့်အရေးယူတတ်ပါတယ်။ ကျွန်တော်ကတော့ အနူတောက လူချောပေါ့ဗျာ။ မြန်မာတွေ ထုံးစံအတိုင်း သူ့အပေါ်တလေး တစား ဆက်ဆံပါတယ်။ ကျွန်တော့်မိုဘိုင်းလ် ထဲက နံမည်စာရင်းမှာ ကျွန်တော့်မန်နေဂျာကို Our good manager ဆိုပြီး ကျွန်တော်က နံမည်ရေးထားပါတယ်။ တစ်နေ့ ကျွန်တော်ပဲ ကံကောင်းတာလား၊ ဘာလားတော့ မသိဘူး။ ကျွန်တော့် မိုဘိုင်းလ်ဖုန်း ကြောင်သွားပါတယ်။ လိုင်းပျောက်လိုက်၊ အသံမထွက်လိုက်နဲ့ တော်တော်ဒုက္ခတွေ့ပါတယ်။ အဲဒါကို မန်နေဂျာနဲ့ စကားပြောရင်း စကားစပ်မိတော့ သူ့ကိုပြောပြလိုက်ပါတယ်။ အဲဒီ အခါမှာ သူက ပြစမ်း မင်းဖုန်းဆိုပြီး ကျွန်တော့် မိုဘိုင်းလ်ကို ယူကြည့်ပါတယ်။ ပြီးတော့ သူ့ဖုန်းနဲ့ခေါ်ပါတယ်။ ဖုန်းလိုင်း ၀င်သွားပြီး ခေါ်တဲ့သူနေရာမှာ ကျွန်တော် ထည့်ထားတဲ့ Our good manager ဆိုတာ ပေါ်လာပါတယ်။ အဲဒါကို မြင်သွားတဲ့ သူက စိတ်ထဲမှာတော့ ဒီကောင် ငါ့ကို တော်တော်ကြွေတာပဲ ဆိုပြီး ထင်သွားတယ် ထင်ပါတယ်။ အဲဒီနေ့ကစလို့ ပါချီပါချက် ကျွန်တော်ဟာ ၀န်ထမ်းတွေထဲမှာ မန်နေဂျာရဲ့ အရေးအပေးဆုံး သူတစ်ယောက်ဖြစ်လာပါတော့တယ် ခင်ဗျ။

Wednesday, September 23, 2009

MMgenius Vote အစီအစဉ်။

Photobucket

ကျွန်တော်တို့ရဲ့ mmgenius က သတင်းကောင်းလေးကို ပေးချင်ပါတယ်ခင်ဗျာ။ အောက်ပါအတိုင်းပါ။

ကျွန်တော်တို့ရဲ့ MMGenius Blog Service အား ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှစတင်ကာ မြန်မာလူ ငယ်များ အဆင်ပြေလွယ်ကူစွာ ကိုယ်ပိုင် Website များပိုင်ဆိုင်နိုင်ရေးအတွက် စတင်တည်ထောင် ဖွဲ့စည်းခဲ့ပါတယ်..။ ယခုအခါ ကျွန်တော်တို့ရဲ့ MMGenius Blog Service တွင် Register လုပ်ကာအသုံးပြုနေသော Blog (၈) လအတွင်း စုစုပေါင်း ၃၀၀ ကျော်ခဲ့ပြီဖြစ်ပါတယ်..။


ကျွန်တော်တို့ရဲ့ MMGenius Blog Service အား အဓိကရည်ရွယ်ချက်နှစ်ခုဖြင့် တည်ထောင်ခဲ့ပါတယ်။ ပထမ အချက်အနေဖြင့် Website တစ်ခု အား မည်သို့မည်ပုံအသုံးပြုတည်ဆောင်နိုင်ပုံကို လေ့လာနိုင်ရန်နှင့်။ ဒုတိယ အချက်မှာ မိမိတို့သိထားတတ်ထားသည်များ၊ အနုပညာဖန်တီးမှုများ ကို ခင်းကျင်းပြသရန်တို့ ဖြစ်ပါတယ်..။


အထက်ပါ အချက် ၂ ခုအနက်မှ ယခုအခါ ကျွန်တော်တို့ရဲ့ MMGenius Blog Service တွင် အမှန်တစ်ကယ် တစ်စိုက်မတ်မတ်ရေးသားနေသော User များအား ပိုမိုအဆင်ပြေချောမွေ့စွာ အသုံးပြုရေးသားစေနိုင်ရန်အတွက် အထူးအစီစဉ် တစ်ခုကို စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်..။


၎င်းအစီအစဉ်မှာ ယခင်က ကျွန်တော်တို့ရဲ့ Myanmar Genius Forum တွင် ပို့စ် ၁၀၀ ပြည့်မှ ပေးမည်ဖြစ် သော Fully Access Account များအား Vote အရေအတွက်အများဆုံးရရှိမည့် Blog ၁၀ ခုအား မေတ္တာလက်ဆောင် (အခမဲ့) ပေးသွားမှာဖြစ်ပါတယ်။ ထိုကဲ့သို့ Fully Access များအား မေတ္တာလက်ဆောင်အဖြစ်ရွေးချယ် သတ်မှတ်ပေးရာတွင် ...

တရားမျှတမှု၊ တန်းတူညီမျှမှု ရှိစေရန်အတွက် အသုံးပြုသူများအချင်းချင်း မှသော်လည်းကောင်း၊ စာဖတ်သူများမှသော်လည်းကောင်း၊ Member များမှသော် လည်းကောင်း မဲပေးရွေးချယ် သတ်မှတ်ပေးရသည့် စနစ်ကို အသုံးပြုသွားမည်ဖြစ်ပါ သည်။


Vote လုပ်ရမည့် နေရာမှာ Myanmar Genius Forum တွင်ဖြစ်ပြီး Vote လုပ်လိုသူများမှာ လွတ်လပ်စွာ Vote လုပ်ပိုင်ခွင့်ရှိမည်ဖြစ်ပါသည်။ Vote လုပ်ရန်အတွက် Myanmar Genius Forum တွင် Member အဖြစ်ဝင်ရာက်ရန် လိုအပ်မည်ဖြစ်ပါသည်။ Member မဖြစ်သေးပါက Register လုပ်ရုံဖြင့် မိမိ၏ သူငယ်ချင်း၊ မိတ်ဆွေနှင့် မိမိနှစ်သက်သော Blog အား Fully Access ရရှိစေရေးအတွက် ဆန္ဒပြုနိုင်မည်ဖြစ်ပါသည်။ Vote လုပ်နိုင်ရန်အတွက် ကျွန်တော်တို့ လက်ရှိ MMGenius တွင် တည်ဆောက်ထားသော Blog များအားလုံးရဲ့ Link များနဲ့ ဘလော့အမည် များကို ဖော်ပြပေးထားမည်ဖြစ်ပြီး မိမိတို့ ဆန္ဒရှိသော Blog အား ရွေးချယ်ပေးရုံ သာဖြစ်ပါတယ်…။


ရွေးချယ်၊ ဆန္ဒပေးနိုင်ခွင့်ရှိမည့်ကာလမှာ ၂ ပတ်ဖြစ်မည်ဖြစ်ပြီး စတင် Vote လုပ်နိုင်မည့်နေ့အား ကျွန်တော်တို့မှ တစ်ဆင့်အများသိစေနိုင်ရန် ကြော်ငြာအသိပေးသွားမည် ဖြစ်ပါကြောင်း။


ဖြည့်စွက်ချက်။ ။ MMGenius Full Access Blog Account များအတွက် အောက်ပါ Link တွင်Vote များစတင်ပေးနိုင်ပါပြီ ဖြစ်ပါတယ်..။ http://www.myanmargenius.com/viewtopic.php?f=128&t=1115



Administrator
www.mhyanmargenius.com
www.mmgenius.com

ဘလော့ဂ်မရှိသေးသူများလည်း ဘလော့ဂ်လာလုပ်ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။

Thursday, September 10, 2009

ရွှေအိမ်သာ

လူမှုကိစ္စ အထွေထွေကို နေ့စဉ်ကြုံဆုံကြရင်း၊ စိတ်ညစ်ကြရင်းနဲ့ ကျွန်တော်တို့ အချိန်တွေ ကုန်ဆုံးကြ ရပါတယ်။ တစ်ခါတလေ ရယ်ကြ ရပေမယ့် ညစ်ထွေ ရမှုတွေက ပိုများသလို ပါပဲ။ ရယ်စရာကို မရှာချင်တော့ပါ။ ပြုံးစရာလေး တစ်ခုတော့ ရှာတွေ့ထားပါတယ်။



Photobucket

Wednesday, September 9, 2009

ဒူဘိုင်း MEDICAL CHECK UP

Photobucket

ဘယ်လိုလုပ်မလဲဗျာ။ ကျွန်တော်တို့ ဟိုတယ်ရဲ့ သူဌေးကချစ်တီးကျတော့၊ အကောင့်တင်းမန်နေဂျာကလည်း ချစ်တီးပိုကျတော့တာပေါ့။ ကျွန်တော်တို့ အုပ်စုဆေးစစ်ဖို့ကို ကုန်းကြောင်းသွားခိုင်း တယ်ဗျာ။ ဒီဟာလည်း ကျွန်တော်ဒူဘိုင်းကို ဒုတိယအကြိမ် ရောက်ခါစတုန်းကပါပဲ။ ကျွန်တော်တို့ ဟိုတယ်က Bur Dubai မှာဗျ။ ဆေးစစ်တဲ့ ဆေးရုံက Deira Dubai မှာ။ ဒူဘိုင်းရဲ့ ဟိုဘက်ကမ်းပေါ့ဗျာ။ လမ်းလျှောက်ရင် ၁ နာရီလောက် လျှောက်ရတာဗျ။ အစက သူတို့ပြောတော့ မဝေးဘူးနီးနီးလေးတဲ့။ မရောက်သေးတော့လည်း ယုံတာပေါ့ဗျာ။ လျှောက်ရင်း လျှောက်ရင်း မရောက်နိုင်တော့မှ အားလုံးကျိန်ဆဲမိကြတာပေါ့။



medical

ကြည့်လေဗျာ။ လှည်းတစ်တန်၊ လှေတစ်တန်။ တမျှော်တခေါ်ကြီး လျှောက်ရပြီးတော့လည်း ရောက်မလား အောက်မေ့တယ်။ ...

မရောက်ဘူးဗျာ။ လှေစီးရသေးတယ်။ မော်တော်ပေါ့ဗျာ။ တဖက်ကကြည့်တော့လည်း ပျော်စရာလေးဗျ။ အဟဲ။ တစ်ယောက် တစ်ကျပ်တစ်ကျပ်စီ ပေးပြီး ၁၀ မိနစ်လောက် ဟိုဘက်ကမ်းကို စီးရတယ်။ လေတဟူးဟူးနဲ့ပေါ့ဗျာ။ အတွေ့အကြုံသစ်လေးတော့ ရတာပေါ့။ မြန်မာနိုင်ငံမှာ မော်တော် တစ်ခါမှ မစီးဖူးဘူး။ ဒူဘိုင်းရောက်မှပဲ မော်တော်စီးရတော့တယ်။



boat

boat

Photobucket

Photobucket

Photobucket

ဟိုဘက်ကမ်း ရောက်တော့လည်း ပြီးမလားကြည့်တယ်။ မပြီးသေးဘူးဗျာ။ လျှောက်ပါဦးပဲ။ ဒီလိုနဲ့ ကျွန်တော်တို့လည်း ချွေးတပြိုင်းပြိုင်းနဲ့ လျှောက်ရင်း နောက်ထပ် နာရီဝက်လောက်မှပဲ ဆေးရုံကိုရောက်တော့တယ်ဗျာ။ အထဲမှာလည်း ဆေးစစ်မယ့်သူတွေ ပြည့်ကျပ်နေတာပေါ့။ အမိုးမိုးထားပေမယ့် အပြင်အပူရှိန်က ဘယ်နေနိုင်မလဲဗျာ။ ပါလာတဲ့ ငွေစလေးနဲ့ ရေတစ်ဗူးပြီး တစ်ဗူးဝယ်သောက်ပြီး ကိုယ့်အလှည့်ကို စောင့်ရတာပေါ့။ ဒီဆေးရုံက ဒူဘိုင်းရဲ့ လုပ်သားအားလုံး ဆေးစစ်ရတဲ့ဆေးရုံပါ။ နေ့တိုင်းလူပြတ် သွားတဲ့ နေ့ဆိုတာ မရှိဘူးတဲ့။ နေ့တိုင်းလည်း အလုပ်သမားတွေက ရောက်နေတာကိုး။ ဒါပေမယ့်ဗျာ။ ကျွန်တော်တို့ အလှည့်ရောက်ခါနီးမှ ဒီနေ့ဆေးစစ်တာ ပိတ်သွားပြီဆိုပြီး ကျွန်တော်တို့ကို တာဝန်ယူတဲ့ ပွဲစားက လာပြောတယ်။ ကဲ... စဉ်းစားကြည့်။ ကျွန်တော်တို့ ဘယ်လောက် စိတ်ညစ်မလဲ။ နောက်နေ့ ဒီလိုပဲ လမ်းလျှောက်လာရ ဦးမယ်လေ။

Saturday, September 5, 2009

Computer နေ့တိုင်းသုံးရင် ဖတ်ကြည့်ပါ။

Photobucket

ဘလော့ဂါအစ်ကိုအစ်မများနဲ့ ကွန်ပျူတာကိုနေ့စဉ်သုံးနေတဲ့ သူငယ်ချင်းအပေါင်းကို အသိပညာလေးတစ်ခု မျှဝေချင်ပါတယ်။ ကျွန်တော့်ဆီကိုလည်း အီးမေးလ်ကနေတဆင့် ပို့လိုက်တဲ့ သတိပြုဆင်ခြင်စရာ အကြောင်းအရာလေးတွေပါ။ အားလုံးသိသင့်သိထိုက်တယ်ထင်လို့ ကျွန်တော်ပြန်လည်ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ကွန်ပျူတာကို သုံးစွဲဖို့အတွက် ကီးဘုတ် နဲ့ မောက်စ်ကတော့ မပါမဖြစ်အသုံးပြုရတဲ့ အစိတ်အပိုင်းတွေပါ။ ဒါပေမယ့် အဲဒီပစ္စည်းတွေကို သုံးစွဲရာမှာ အနေအထားမမှန် စည်းစနစ်မကျပဲ သုံးစွဲခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်စေတာကို အောက်ကပုံတွေမှာ တွေ့ရမှာပါ။ ဘာမဟုတ်တဲ့ကိစ္စလေးကနေ ခွဲစိတ်ကုသရတဲ့အထိ ဖြစ်သွားစေမှာပါ။ အောက်ကပုဂ္ဂိုလ်ဟာလည်း အဲဒီလိုမှားယွင်းစွာ သုံးစွဲခဲ့လို့ အခုလိုကုသမှုကို ခံယူခဲ့ရပါတယ်။ တစ်နေ့တစ်နေ့ ချက်တင်မှာ အချိန်ကုန်နေကျတဲ့ ညီငယ်၊ ညီမငယ်တို့လည်း ဒါလေးတွေကို သတိပြုစေချင်ပါတယ်။



Photobucket
Photobucket
Photobucket

အဲဒီလိုဆိုးကျိုးတွေ မဖြစ်လာစေဖို့အတွက် စနစ်ကျနစွာ ကွန်ပျူတာကို ကိုယ်တွယ်သုံးစွဲတတ်ဖို့ လိုပါတယ်ခင်ဗျာ။ အဲဒီအတွက် စနစ်ကျနစွာ ကွန်ပျူတာကိုင်တွယ်သုံးစွဲနည်းလေးကိုလည်း အောက်မှာ ကျွန်တော်မျှဝေပေးပါရစေဦးလားခင်ဗျာ။

Sunday, August 23, 2009

သွေးစုပ်မခံရဖို့

Photobucket
ရောက်ပြီးကတည်းက အေဂျင်စီတွေနဲ့ ပတ်သက်ပြီး မကောင်းသတင်းတွေပဲ ကြားနေရတယ်ဗျာ။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ကလည်း အေဂျင်စီတစ်ခု ဖွင့်ထားတော့ ကျွန်တော်သူ့ဆီ တစ်ခါတစ်ခါ ရောက်သွားတဲ့ အချိန်တွေမှာ သူ့ဆီကနေ အဲဒီသတင်းတွေကို ကြားရတယ်။ တော်တော်များများ နာမည်ကြီး အေဂျင်စီတွေမှာ အလုပ်အပ်ပြီး လူလည်ကျသွားတာတွေ ခံလိုက်ရတော့ စိတ်ညစ်ညစ်နဲ့ ကျွန်တော့်မိတ်ဆွေဆီကို ရောက်လာကြတယ်ဗျာ။ အဲဒီမှာ သူတို့ပြောသမျှ အကြောင်းစုံကို ကြားရတာပေါ့ဗျာ။ ဖြစ်ပုံတွေကတော့ အဖုံဖုံပေါ့။ တစ်ချို့ နာမည်ကြီးအေဂျင်စီတွေမှာ နာမည်ကြီးနိုင်ငံနဲ့ လစာကောင်းကောင်းကို ကြော်ငြာပြီး အင်တာဗျူးအတွက် လူခေါ်တယ်။ အင်တာဗျူးကြေးကို အနည်းဆုံး ၅၀၀၀ ကနေအသီးသီးတောင်းကြတယ်။ လူတွေကတော့ လစာကိုမက်မောပြီး အလုအယက်သွားဖြေကြတာပေါ့။ ဖြေပြီးလို့မအောင်ဘူးဆိုရင် အဲဒီအင်တာဗျူးကြေးက အရှုံးပေါ့ဗျာ။ (တချို့တချို့ကျတော့ ဖြေဆိုသူအားလုံးကို မအောင်ဘူးဆိုပြီး ပြောပါတယ်။ အင်တာဗျူးကြေးတွေတော့ တော်တော်ရလိုက်ပါတယ်။) တကယ်တမ်း ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်တဲ့၊ အရည်အချင်းရှိသူတွေကိုကျတော့ ဘယ်နှရက်ကြာရင် ဗီဇာကျမယ်ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ စရံငွေ နှစ်သိန်းလောက်ကို တောင်းထားလိုက်ပါတယ်။ သူတို့ချိန်းတဲ့နေ့ကိုရောက်လို့ သွားမေးတဲ့အခါမှာတော့ ဟိုဘက်အေဂျင်စီက ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး ထပ်ချိန်းပါတယ်။ ဒီလိုနဲ့ တချို့ဆို ၄၊ ၅ လအထိ ကြာသွားပါတယ်။ စိတ်မရှည်တဲ့၊ မစောင့်နိုင်တဲ့ သူတွေက စရံငွေကိုသွားပြန်တောင်း၊ အလုပ်ဆက်မလျှောက်ဘူး ပြောတော့ သူတို့က စရံငွေကို ချက်ချင်းပြန်မပေးနိုင်ကြောင်း၊ ဟိုဘက်ကို အကြောင်းကြားပြီးမှ သူတို့ဘက်က ပြန်လွှဲပေးမှ ရမည်ဖြစ်ကြောင်း ပြောလွှတ်လိုက်ကြပါတယ်။ ဒီလိုပုံစံမျိုးနဲ့ပဲ လူတော်တော်များများခံနေကြပါတယ်။ အေဂျင်စီဖွင့်၊ အင်တာဗျူးလုပ်၊ စရံငွေယူပြီး တော်တော်များများ လုပ်စားနေကြပါတယ်။ ကျွန်တော်တစ်ခု ပြောချင်တာက ဒူဘိုင်းတို့လိုနိုင်ငံကနေ အင်တာလာဗျူးရင် သူ့အတွက်(အင်တာဗျူးလာလုပ်တဲ့သူ) ကျွေးမွေးဧည့်ခံစရိတ်တော့ ကုမ္ပဏီက အနည်းအကျဉ်းကျခံရတာလွဲလို့ တခြားဘာမှမပေးရတတ်ပါဘူး။ စရံဆိုတဲ့ငွေကိုလည်း သူတို့ကိုမပေးရပါဘူး။ အဲဒီနိုင်ငံတွေက သူတို့စရိတ်နဲ့ပဲ လာခေါ်ကြတာပါ။ နောက်တစ်ခုက အင်တာဗျူးကြေးတောင်းပြီး အလုပ်ခေါ်တဲ့ အေဂျင်စီတွေမှာ ဘယ်တော့မှ အလုပ်မလျှောက်ပါနဲ့။ ဒူဘိုင်းကတော့ တစ်ခါတစ်လေ ဗီဇာအပလိုင်းလုပ်ချိန် တစ်လ၊ နှစ်လလောက်တော့ကြာတတ်ပါတယ်။ သူထက်ပိုမကြာပါဘူး။ နောက်တစ်ခု ကူဝိတ်အလုပ်တွေလည်း တော်တော်ခေတ်စားပါတယ်။ ကူဝိတ်ရဲ့ ဗီဇာအပလိုင်းချိန်ကတော့ နှစ်ပတ်ထက်ပိုမကြာပါဘူး။ သူ့ထက်ပိုကြာနေရင်တော့.......................... (အေဂျင်စီ၊ (နာမည်ကြီးတွေလည်းပါတတ်ပါတယ်) တွေရဲ့ သွေးစုပ်ခံရခြင်းမှ ကင်းဝေးကြပါစေ။)

Monday, August 10, 2009

ဘယ်လိုပြောရမလဲ....

Photobucket

ရန်ကုန်ကို ရောက်ပြီးကတည်းက ကျွန်တော်လည်း ဘလော့ဂ်လေးကို ပစ်ထားမိတယ်။ အဓိက အကြောင်းကတော့ ရန်ကုန်က လိုင်းမကောင်းတာကြောင့်ပါ။ ဘယ်လိုမှ စိတ်ရှည်စရာ မကောင်းတဲ့ ကော်နက်ရှင်ကြောင့် ကျွန်တော့် ဘလော့ဂ်ကို ဖွင့်ကြည့်ဖို့ဆန္ဒမရှိဘူး ဖြစ်နေတယ်။ တစ်ခါတစ်ခါ စိတ်ကူးပေါက်လို့ ကိုယ်ဖီးလ်နဲ့ကိုယ် အားရပါးရရေး၊ ရေးပြီးလို့ publish လုပ်လဲလုပ်ရော စာတွေကတက်မလာ။ ကြိုးစားပန်းစားရေးထားတာတွေလည်း အကုန်ဘယ်ရောက်လို့ ဘယ်ရောက်ကုန်မှန်းမသိ။ ကော်နက်ရှင်ကို စိတ်နာလွန်းလို့ ကျွန်တော်လည်း ဘလော့ဂ်လေးကို ဖွင့်ကြည့်ရုံနဲတင် အဆုံးသတ်နေရပါတယ်။ တစ်ခါတစ်ခါတော့ ကျွန်တော်ဆရာသမား မောင် Breeze ဆီသွားပြီး သူ့စာတွေကိုဖတ်၊ သူ့ကိုနည်းနည်းပါးပါး ဒုက္ခပေးပြီး ကွန်ပျူတာကို ပိတ်လေ့ရှိပါတယ်။ တစ်ခါတစ်ခါ သူကလဲသူ့ကောင်မလေးနဲ့ ဖုန်းစကားပြောနေရင် ဂျီတော့က်ကနေ ပျောက်ပျောက်သွားပါသေးတယ်။ အဲ... ပြောရင်းနဲ့ဘယ်တွေရောက်ကုန်ပြီလဲ မသိဘူး။ အော်..ဟုတ်ကဲ့။ ကျွန်တော်ပြောချင်တာက ရန်ကုန်ရောက်ပြီး မကြာခင်မှာပဲ ကြားလိုက်ရတဲ့ သတင်းတစ်ခုပါ။ သတင်းကြားပြီးတော့ စိတ်မကောင်းတော့ ဖြစ်ခဲ့ရပါတယ်။ ရန်ကုန်မှာရှိတဲ့ အေးဂျင့်တစ်ခုက ဒူဘိုင်းနိုင်ငံအတွက် အလုပ်ရမယ်ဆိုပြီး လူတော်တော်များများကို ငွေတော်တော်များများ လိမ်ပြေးသွားတာပဲ။ တော်တော်များများ ခံလိုက်ရပါတယ်။ သူ့ဆီမှာ အလုပ်အပ်ထားတဲ့ လူတွေဆီက တစ်ယောက်ကို စရံငွေ (6) သိန်းဆီယူပြီး အပျောက်ရိုက်သွားတာပါ။ လူ (60) လောက်ခံလိုက်ရတယ်လို့ ကြားပါတယ်။ သူလုပ်သွားတဲ့ပုံစံကလည်း အတွေ့အကြုံမရှိတဲ့သူတွေအတွက် ဟုတ်မလိုလိုတော့ ထင်စရာပါ။ ဘာလို့လဲဆိုတော့ အလုပ်တင်ထားတဲ့သူတွေ အားလုံးကိုဗီဇာကျပြီဆိုပြီး ဗီဇာစာရွက်တွေထုတ်ပေးပါတယ်။ စရံငွေကိုယူပြီး မကြာခင်ဟိုဘက်က လေယာဉ်လတ်မှတ် ပို့ပေးမယ်၊ တစ်ရက် နှစ်ရက်စောင့်ပါဆိုပြီး ပထမစောင့်ခိုင်းပါတယ်။ လူတွေကလည်း ဗီဇာတောင်လက်ထဲ ရောက်နေပြီဆိုတော့ လတ်မှတ်အတွက် ၀မ်းပန်းတသာနဲ့ပဲ စောင့်တာပေါ့။ ဒီလိုနဲ့ပဲ တစ်ရက်၊ နှစ်ရက် ကနေ သုံးရက်၊လေးရက် ဒီလိုနဲ့ပဲ ကုမ္ပဏီပါပိတ်ပြီး ပြေးတော့တာပေါ့။ သူပြေးမှပဲ လူတွေကလည်း လိမ်ခံထိပါလား။ သူတို့ရထားတဲ့ ဗီဇာကြီးကအတုကြီးပါလား ဆိုပြီးသိရတော့တာပေါ့။ အဲဒီအကြောင်းကြားပြီး ကျွန်တော်တစ်ခုစဉ်းစားမိပါတယ်။ ဒူဘိုင်းကနေ အလုပ်ခန့်ပြီဆိုရင် ပထမအနေနဲ့ အလုပ်ကုမ္ပဏီက Employment Visa ကို ဒူဘိုင်းကနေပဲ ပို့ပေးပါတယ်။ အီးမေးလ်နဲ့သော်လည်းကောင်း၊ ဖက်စ်နဲ့သော်လည်းကောင်း မူရင်းဗီဇာရဲ့ ဖိုတိုကော်ပီအဖြူ၊ အမဲကိုပဲ ပို့တာပါ။ အဲဒီစာရွက်ကိုကိုင်ပြီး ဒူဘိုင်းလေဆိပ်အထိသွား၊ လေဆိပ်ရောက်မှ ဗီဇာချိန်းတဲ့နေရာမှာ မူရင်းနဲ့လဲရတာပါ။ ဒါကြောင့်မို့လို့ အဖြူ၊ အမဲဗီဇာစာရွက်ဟာ အတုလုပ်ချင်ရင် လုပ်လို့အရမ်းလွယ်ပါတယ်။ ဖိုတိုရှော့ပ်နဲ့ နံမည်လေးတွေ ကောက်ပြောင်းလိုက်ရုံပါပဲ။ တော်ပါသေးရဲ့ လို့ပြောလို့ ရမလား။ ဘာကိုလဲဆိုတော့ ကျွန်တော်အရှေ့ မှာပြောခဲ့တဲ့လူက အဲလိုဗီဇာအတုတွေ အများကြီးထုတ်မယ်ဗျာ။ လေယာဉ်လတ်မှတ်လည်း ၀ယ်ပေးလိုက်မယ်ဗျာ။ ပြီးတော့ ကျန်နေသေးတဲ့ အေးဂျင့်ဖီးစ်ကိုလည်း အကုန်ယူမယ်ဗျာ။ ပြီးတော့ အဲဒီလူတွေကို ဒူဘိုင်းကိုလွှတ်လိုက်မယ်ဗျာ။ အဲဒီလူတွေအားလုံး ဒူဘိုင်းလေဆိပ် ဗီဇာလဲတဲ့နေရာရောက်ရင်တော့ ဘာဆက်ဖြစ်မလဲ။ တွေးကြည့်ရင်တော့ ပဟေဠိတွေပဲရှိနေမှာပါ။ တော်ပါသေးရဲ့ လို့ပြောလို့ရမလား ခင်ဗျ။

Tuesday, June 23, 2009

အိမ်ပြန်ချိန်

Photobucket

အခုအချိန်ကတော့ ကျွန်တော့်အတွက် ပျော်ရွှင်စရာအချိန်လေးပေါ့ခင်ဗျာ။ ဘာကြောင့်လည်းဆိုတော့ ဒူဘိုင်းရဲ့ အခန်းထဲမှာရော၊ ဘလော့ဂ်ပေါ်မှာရော ငုတ်တုတ်ထိုင် ငိုငိုနေရတဲ့ဒုက္ခက ကင်းသွားခဲ့ရပါပြီ။ ဟုတ်ကဲ့.. ကျွန်တော်အမိမြန်မာနိုင်ငံရန်ကုန်မြို့ ကိုခေတ္တခဏ ပြန်ရောက်နေလို့ပါခင်ဗျာ။ ကျွန်တော့်ဇနီးလေးအနား ပြန်ကပ်နေခွင့်ရတော့ အရမ်းကိုပျော်နေပါတယ်။ ဘယ်သွားသွား၊ ဘယ်လာလာ သူ့လက်ကလေးကိုတွဲတွဲပြီး သွားနေရတာ မိုးမမြင်လေမမြင်လည်း ဖြစ်နေပါတယ်။ ဘလော့ဂ်ကိုလည်း တော်တော်ကိုမေ့ထားခဲ့မိပါတယ်။ အင်္ဂလန်က၊ အမေရိကားက၊ ဒူဘိုင်းကလာကြည့်ကြတဲ့ ကျွန်တော့်မိတ်ဆွေတွေကိုလည်း အားနာမိပါတယ်။ ကျွန်တော်လည်း ရန်ကုန်ရောက်နေတော့ ဒူဘိုင်းကအကြောင်းအရာတွေကို ရေးဖို့နည်းနည်းအလှမ်းဝေးသွားပါတယ်။ နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်ပါတယ်။ ဒါပေမယ့် တစ်ခုသတိပေးချင်တာက အောက်မှာပြထားတဲ့အရွယ်အစားအိတ်ကို ဘယ်တော့မှာ Hand Carry အဖြစ် Singapore Airline မှာမသုံးပါနဲ့။

Photobucket

တခြားလိုင်းတွေဆိုရင် ပြသနာမရှိပါဘူး။ ကိုယ်ကအစီအစဉ်တကျအိမ်မှာ အကုန်မိမိအိတ်ထဲမှာ ထည့်ပြီးမှ လေဆိပ်မှာပြန်ထုတ်နေရပါမယ်။ စကာင်္ပူအဲယားလိုင်းက ကီလို ၂၀ ရပါတယ်။ Hand Carry ကိုလည်းလက်ဆွဲအိတ်သေးသေးပဲ ယူပါ။ ကျွန်တော်အကြီးအကျယ်ဒုက္ခရောက်ခဲ့ရလို့ သတိပေးတာပါခင်ဗျာ။ တခြားဆားဗစ်တွေကတော့ အရမ်းကိုသာလွန်ပါတယ်။ စီးကြည့်ပေါ့ခင်ဗျာ။ Changi Airport ကိုရောက်ရင်ပဲ ထူးခြားမှုတွေကို တွေ့ရမှာပါ။

Saturday, June 13, 2009

ပြန်လည်တမ်းတခြင်း စကားပြေ

Love Light Pictures, Images and Photos

ကောင်မလေးရေ...

နေမ၀င်တဲ့ အချိန်မှာ
နေထွက်နေတယ်။
အဲဒီအခါမှာ နင်ဟာ ညရဲ့အရောင်လေးနဲ့ပေါ့။

မကြည့်ပဲ မြင်ခဲ့ပေမယ့်
မြင်ဖို့အတွက် နောက်တစ်ခေါက်
ကြည့်မိတယ်ဆိုရင်
ဒါဟာ ငါ့ရဲ့ပထမဆုံး တွေ့ဆုံခြင်းပဲလား။

ညနေခင်း....
ငါ့ဘ၀တစ်ခုလုံးအတွက်
အစပြုပေးခဲ့တဲ့ ညနေခင်းပါ။

လူတွေအများကြီးထဲမှာ
အထူးသဖြင့် ငါနဲ့ မတူသူတွေ အများကြီးထဲမှာ
နင့်ကို ငါ့အတွက် တူစေချင်ခဲ့တယ်။

နင်ပြောခဲ့တဲ့ စကားတစ်ခွန်းနဲ့ နင်ပြုံးခဲ့တဲ့
နှုတ်ခမ်းတစ်ခုကို ငါ့နှလုံးသားအတွက်
တွေးတောမိရင်းနဲ့ နင့်ရဲ့နှုတ်ခမ်းအစုံမှာ
ငါ့ရဲ့နှုတ်ခမ်းတစ်စုံကို တပ်ခွင့်ပြုပါလား . . ကောင်မလေးရေ။

ဒီလိုနဲ့...
ဒီလိုနဲ့...

နင်မှန်ခဲ့ပါတယ်။
ရေကိုနက်နက်မကူးဖူးခဲ့တဲ့ ငါဟာ
အချစ်နဲ့ ပတ်သက်ပြီး ငါးလိုနှုတ်မလုံခဲ့ဘူး။
မလေးနက်ခဲ့ဘူး။

ငါ့ရင်ဘတ်ထဲကို ခေါက်သံလေးတစ်ချက်နဲပ
နင်ဝင်လာခဲ့ပေမယ့်
ငါဝင်မယ်ကြံတဲ့ နင့်ရင်ဘတ်မှာတော့
အပေါက်လဲ မတွေ့ခဲ့ဘူး။

သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့
ကမ္ဘာကျော်အဆိုတစ်ခုကို ငါကလည်း
ကမ္ဘာမကျော်ပဲ လက်ဆွဲထားခဲ့တော့.......

သူငယ်ချင်းရေ...
ဒီလိုပဲ ငါခေါ်ရမလား။
ချစ်သူရေ...
ဒီလိုပဲ ငါခေါ်ရမလား။


မာနလား၊ သစ္စာလား ရွေးလို့မရတဲ့
ဒီပုံပြင်တွေထဲမှာ အချစ်ဟာလဲ တမတ်စေ့တစ်စေ့လိုပေါ့။
နင်ကလည်း မကောက်ခဲ့ဘူး။
ငါကလည်း မသိခဲ့ဘူး။

ဒါပေမယ့်...
ဒါပေမယ့်...
အရှင့်အလိုတော်နဲ့ ငါရော နင်ပါ ပြန်မြင်ခွင့်ရတဲ့
ငါတို့ရဲ့ မျက်နှာတွေဟာ လက်ဖ၀ါးတွေ
ကျင်ရလောက်အောင် အေးစက်စက်နဲ့ပေါ့။

အခုရော...
သူငယ်ချင်းရေ...
ဒီလိုပဲ နင်ခေါ်မလား။
ချစ်သူရေ...
ဒီလိုပဲ နင်ခေါ်မလား။


နင်မခေါ်ခင် နည်းနည်းတော့ ပြုံးပေးပါ။
လာမယ့်အနာဂတ်အတွက်ပေါ့။

လိုသလိုဆွဲယူလို့မရတဲ့ လ္ဘက်ရည်ဆိုင်ကတစ်ရှုးတွေလို
ငါတို့စကားတွေ လိပ်နေတယ်။
ဖော်ရွေမှုတွေ အများကြီးမပါခဲ့ဘူး။

ကောင်မလေးရေ...
ဒါတွေဟာ မှတ်တမ်းမဟုတ်ပါဘူး။
ဒါပေမယ့် ငါတို့ ၂ ယောက်ရဲ့သက်တမ်းတွေပါ။
ငါရောနင်ပါ လိုသလိုမဆွဲချင်ပါနဲ့။
အစကနေအဆုံး အရှင့်အမိန့်ထဲမှာ လိပ်နေတယ်။

ငါ့ကိုယ်ငါဂရုစိုက်ပြီး ပြန်ကြည့်လာတော့
တခြားလူတွေကိုပါ ငါပြန်မြင်တတ်လာတယ်။
ငါ့ကိုယ်ငါ ပြန်သင်တတ်လာတယ်။

ကောင်မလေးရေ...
ဟိုစာအုပ်ထဲကလို ပျံသန်းလို့မရတဲ့ငှက်လို့ပြောတိုင်း
ပင်ဂွင်းငှက်ကို ပြေးမြင်မိတယ်။


ငါရောနင်ဟာ လူတွေပါ။
လူတွေပျံသလို ပျံလို့ရပြီလား။
လူပီသပြီလား။
အချစ်ကိုသိတဲ့ လူတွေထဲမှာ
ငါကပဲ နောက်အကျဆုံးလား။
အချစ်ကပဲ နောက်ဆုံးမှာလား။

ပျော်ရတယ်...
ငိုရတယ်...
နောက်ဆုံးမှာပဲ ငိုရတယ်။
ပျော်ရတယ်။

သူငယ်ချင်း ...
နင်ဒီလိုပြောတဲ့အချိန် အရှင့်ဘက်က
ကြီးမားတဲ့ စီမံကိန်းနဲ့အတူ
ဒုတိယမြောက် တွေ့ဆုံပေးခဲ့ခြင်းပေါ့။
ငါ နဲ့ နင့်ကို။

ကောင်မလေးရေ...
နင်ဟာငါ့ရဲ့ဘ၀ပါ။

ငါတို့အချစ်တွေမှာ ငါတို့ဦးနှောက်တွေမပါဘူး။
မာနတွေမပါဘူး။ သံသယတွေမပါဘူး။
အရှင့်ကို သတိရပါ။ အရှင့်ကို ကျေးဇူးတင်ပါ။

ငါလည်းသတိရရင်း ကျေးဇူးတင်ရင်းနဲ့
အရှင့်ကျောင်းတော်ရှေ့မှာ
နင့်ရဲ့လက်ကိုငါတွဲထားချင်တယ်။
ငါတို့ရဲ့လက်ကို ကျမ်းဂန်တွေက တွဲထားပါစေ။

ကောင်မလေးရေ...
အရှင့်ကျေးဇူးတွေအတွက် ဖွဖွလေးပဲ
ရယ်ပါ။

Thursday, May 28, 2009

ကျွန်တော်နဲ့ ဒူဘိုင်းရောက်ခါစ . . .

heart

ဒူဘိုင်းရဲ့ တခြားကုမ္မဏီတွေတော့ မပြောတတ်ဘူး။ ကျွန်တော်တို့ ကုမ္မဏီကတော့ ရောက်ရောက်ချင်း ကြိုတင်ငွေ (Advance) ကို မပေးသေးဘူးခင်ဗျ။ ကျွန်တော်ပြောခဲ့ဘူးသလို ကျွန်တော်တို့ဟိုတယ်ကလည်း အဲဒီအချိန်မဖွင့်သေးတာလဲ ပါမှာပေါ့။ ဒီလိုနဲ့ အိပ်လိုက်၊ စားလိုက်ပေါ့ဗျာ။ ရန်ကုန်ကနေတော့ ကျွန်တော်ဒေါ်လာ (၅၀) ပဲထည့်လာတယ်။ ရောက်ပြီးသုံး၊ လေးရက်လောက်ကြာတော့ နိုင်ငံခြားမှာ အရမ်းလိုအပ်တဲ့ ဖုန်းကဒ်တစ်ကဒ်ဝယ်တယ်ဗျာ။ ဟဖ်ရှုးတစ်ရံဝယ်တယ်ဗျာ။ တခြားအပိုဆိုလို့ ကျွန်တော်ဘာမှ မသုံးခဲ့ဘူးဗျ။ (ယူလာမိတာကလည်း ၅၀ ပဲကိုး) အားလုံးသိကြတဲ့အတိုင်း ဘယ်နိုင်ငံကနေပဲဖြစ်ဖြစ် ကျွန်တော်တို့မြန်မာပြည်ကို ဖုန်းဆက်ရင် ဈေးအင်မတန်ကြီးတော့ ဖုန်းတောင်ကျွန်တော်ရောက်ပြီး ၃ ရက်လောက်နေမှ (၁) ခေါက်ပဲ ဆက်ဖြစ်တယ်။ မိန်းမကိုလည်း အရမ်းလွမ်းတာကိုးဗျာ။ ဒီလိုနဲ့ ကျွန်တော့်မှာ ကျန်နေတဲ့ငွေစလေးတွေကို ကျွန်တော်တစ်နေရာမှာပဲ သုံးစွဲခဲ့ပါတယ်။ (ဟုတ်ကဲ့၊ ကျွန်တော်အဓိက ပြောချင်တဲ့အကြောင်းက အခုမှစမှာပါ) ညနေပိုင်း ကျွန်တော်အိမ်မပြန်ခင် cyber cafe ကိုသွားပြီး ကျွန်တော့်မိန်းမနဲ့ ချက်တင်ထိုင်တာပါ။ တစ်နာရီကို ယူအေအီးပိုက်ဆံ ၃ ဒရ်ဟမ် ပါ။ ၁ ယူအက်စ်ကို ယူအေအီးငွေ 3.65 ပေါက်ပါတယ်။ နေ့တိုင်းလိုလို ကျွန်တော်တို့ ၂ ကြိမ်စီထိုင်ဖြစ်ပါတယ်။ အလုပ်ကလည်း မဆင်းဖြစ်သေးတော့ အဆင်ပြေပါတယ်။ ဒီလိုနဲ့ အလုပ်မှာ Training လည်းစရော ကျွန်တော်လည်း နဂိုလိုထွက်လို့မရတော့ဘူး။ အမြဲတမ်းမိန်းမနဲ့ ပြောနေကျအချိန်ဆို ရင်ထဲမှာပူသလို လောင်သလိုလိုပေါ့ဗျာ။ ဒါပေမယ့် တစ်ရက်မှာတစ်ကြိမ်တော့ ကျွန်တော်တို့တွေ့ဖြစ်ကြပါတယ်။ မကြာပါဘူး။ ကျွန်တော့်ရဲ့ အိတ်ဆောင်ပိုက်ဆံလေးတွေ ကုန်ပါရော။ ဘယ်လိုလုပ်ရမှန်းလည်း မသိဘူးပေါ့ဗျာ။ ကံကောင်းချင်တော့ ကျွန်တော်သယ်လာခဲ့တဲ့ ပုဇွန်ခြောက်ထုပ်ကို လိုချင်တဲ့သူတစ်ယောက် ပေါ်လာပါတယ်။ သူကလဲ ရောင်းခိုင်းတာပါ။ ကျွန်တော်လည်း ငွေလိုနေတဲ့အချိန်ဆိုတော့ ၇၀ နဲ့ရောင်းလိုက်ပါတယ်။ သူက ၁၀၀ ပေးသွားပါတယ်။ ကျွန်တော့်အတွက် အဆင်ပြေသွားပါတယ်။ ကျွန်တော်ချက်တင်ကို အရင်ထက်ပိုကြာကြာ သုံးနိုင်သွားပါတယ်။ ကျွန်တော့်မိန်းမကလည်း ရန်ကုန်အချိန် ၁၀ နာရီ၊ ၁၁ နာရီ အထိထိုင်ပေးပြီး ကျွန်တော်နဲ့ စကားပြောကြပါတယ်။ ပုဇွန်ခြောက်ရောင်းလို့ရတဲ့ ငွေထဲက ၁ ဒရ်ဟမ်ကိုပဲ ဆပ်ပြာမှုန့်ဗူးတစ်ခု ၀ယ်ခဲ့ပါတယ်။ ကျန်နေတဲ့ပိုက်ဆံတွေကတော့ ကျွန်တော့်မိန်းမနဲ့ အင်တာနက်မှာ စကားပြောရင်းနဲ့ပဲ ကုန်သွားခဲ့ပါတယ်။ ပိုက်ဆံကုန်သွားပြီး ၁ ရက်၊ ၂ ရက်လောက်ကြာတော့ ကုမ္မဏီက ကြိုတင်ငွေထုတ်ပေးပါတယ်။ ယူအေအီးပိုက်ဆံ ၂၀၀ ပါ။ ရလာတဲ့အဲဒီပိုက်ဆံလေးကို ကျစ်ထားပြီး ကျွန်တော် Breakfast တောင် အပြင်မှာဝယ်မစားခဲ့ပါဘူး။ ဟိုတယ်က နေ့လည်စာ၊ ညစာကျွေးပါတယ်။ ကုန်ကုန်ပြောမယ်ဗျာ။ တခါတလေညစာကျွေးချိန်အမှီ မရောက်သွားလို့ ညစာပျောက်သွားတာတောင် အပြင်မှာကျွန်တော်ဝယ်မစားခဲ့ပါဘူး။ အင်တာနက်သုံးဖို့၊ ကျွန်တော့်ဇနီးလေးနဲ့တွေ့ဖို့နေရာမှာ သုံးရမယ့်ပိုက်ဆံလေး ပဲ့သွားမျာစိုးလို့ပါ။
ဟုတ်ကဲ့.... တချိန်က ကျွန်တော့်ချစ်သူ၊ အခုကျွန်တော့်ရဲ့ဇနီး၊ သူ့ကို ကျွန်တော်အရမ်းချစ်ပါတယ်။

Sunday, May 24, 2009

လွမ်း၍ဖြစ်လာသော...

အလွမ်း

ကောင်မလေးရေ...

ငါညကအိပ်မက်မက်တယ်။
နင်ငါ့ဆီကို ရောက်လာတယ်တဲ့။
ငါပျော်လိုက်တာဟာ။
ငါမျှော်လင့်နေတဲ့ နင့်ကိုငါ့အနားမှာ မြင်လိုက်ရတော့
ငါဘယ်လောက်ပျော်လိုက်မလဲ။
ငါတို့ဆုတောင်းတွေ ပြည့်ပြီပေါ့။
ငါတို့ ရည်မှန်းချက်တွေ အထမြောက်ပြီဆိုပြီးတော့ပေါ့။

ဒါပေမယ့် ကောင်မလေးရယ်
နင့်ကိုငါ့အနားမှာတွေ့ပြီး စက္ကန့်ပိုင်းလေးမှာပဲ
နင်ပျောက်သွားတယ်။
ချက်ချင်းဆိုသလို ငါလိုက်ရှာပါသေးတယ်။
ငါ့ရင်ဘတ်ကို အရှင်လတ်လတ်ခွဲခံလိုက်ရသလိုပဲ ကောင်မလေးရယ်။
အိပ်မက်ထဲမှာ ဆိုပေမယ့်
ငါ့ခန္တာကိုယ်တစ်ခုလုံး တဆစ်ဆစ်နာနေတယ်။
ဘယ်လိုမှ နင့်ကိုရှာလို့မတွေ့ဘူး။
ခါတိုင်းလိုပဲ အားရပါးရငါငိုမိတယ်။

ကောင်မလေးရယ်
ဒီတစ်ခါကျတဲ့ မျက်ရည်တွေက အမြဲတမ်းထက် ပိုပူလောင်နေတယ်။
နင့်ကိုငါဘယ်မှာ ရှာရမလဲ။
နင်ပျောက်သွားတာကို ငါသိပေမယ့်
နင့်ကိုပြန်တွေ့နိုင်မယ့်နေရာကို ငါမသိဘူးဖြစ်နေတယ်။
အဲဒီအချိန်မှာပဲ ငါ့နားထဲကိုအသံတစ်သံဝင်လာတယ်။
ငါရန်ကုန်က ထွက်သွားတဲ့နောက်
နင်ပြောထားခဲ့တဲ့ နင့်ရဲ့ Voice Mail လေးပါ။
တကယ်ဆို ငါငိုမိမှာကိုကြောက်လွန်းလို့
ဒီနေ့ထက်ထိ အဲဒီ Voice Mail လေးကို ငါဖွင့်နားမထောင်မိသေးဘူး။
အခုတော့ နင်ငါ့ကိုအိပ်မက်ထဲမှာ ဖွင့်ပြလိုက်တယ်နော်။
အခု ငါ့ငိုသံတွေနဲ့အတူ ရှိုက်သံတွေကိုပါ ငါပြန်ကြားနေရတယ်။
အခု အရာအားလုံးထက် နင့်ကိုပဲငါလိုချင်တယ်။ နင့်ဆီကိုပဲ ငါပြေးလာချင်တယ်။
ဘယ်လိုပဲ လူတွေကပြောကြပါစေ... နင့်အနားမှာပဲ နင့်လက်ကလေးကိုကိုင်ပြီး
ငါအသက်ဆက်ရှင်ချင်တယ်။

ငါတို့ကျမှ ဒီလိုဖြစ်ရတယ်လို့ဟာ။
နင်နဲ့ခွဲရမှာကို ကြောက်လွန်းလို့
နိုင်ငံခြားလောကကြီးကို မုန်းတဲ့ငါ
အခုတော့နင့်ကိုခွဲပြီး ဒီနိုင်ငံခြားဆိုတာကြီးကိုပဲ ရောက်ခဲ့ရတယ်။

ကောင်မလေးရယ်။ နင်ယုံပါ။
နင့်ကိုငါ အချိန်တိုင်းသတိရနေတယ်။
နင့်ကိုပဲ အချိန်တိုင်း ငါမျှော်လင့်နေတယ်။
နင့်ကိုလွမ်းလို့ပဲ ငါအခုငိုနေရတယ်။
ငါတို့ရဲ့ဘ၀တွေ အမြန်ဆုံး ပြည့်စုံမှုရရှိပါစေ။
နင့်ကိုငါ အမြန်ဆုံးဆုံတွေ့ခွင့်ရရှိပါစေ။
နင့်ရဲ့ဆုတောင်းတွေကို ငါ့ရဲ့ဆုတောင်းတွေထက် လက်ခံတော်မူပါစေ။

ကောင်မလေးရေ
အလွမ်းနဲ့တော့ ဇာတ်မသိမ်းပါရစေနဲ့။
အလွမ်းဇာတ်ပဲ သိမ်းပါစေ။

Friday, May 22, 2009

ငါ့ရဲ့သက်တမ်းတစ်ခု

ဘိုဂျုပ်

ကောင်မလေးရေ...

နင်နဲ့ ပြန်ဆုံဖိုအတွက် ငါအသက်ဆက်ရှင်ရဦးမယ်။
နင့်မျက်နှာလေးကို ပြန်မြင်ရဖို့အတွက် ဒီမျက်လုံးတွေနဲ့ငါ ငိုနေရဦးမယ်။
နင့်ကိုနောက်ထပ်ချစ်တဲ့အကြောင်းတွေ ပြောဖို့အတွက် ဒီနှုတ်ခမ်းနဲ့ နင့်ကိုတသနေရဦးမယ်။
နင်နဲ့ ငါ့ဘ၀တစ်ခုလုံးအတွက် ငါအသက်ဆက်ရှုနေရဦးမယ်။

ကောင်မလေးရေ...

ငါဘယ်လိုနေရမလဲ...။
အခုရှိနေတဲ့ အလွမ်းတွေထက်စာရင် အရင်ကအဆင်မပြေမှုတွေကတောင် ငါခံနိုင်ရည်ရှိပါသေးတယ်။
နင့်လက်ကလေးကို ဒီအချိန်ဝေးနေရတာထက်စာရင် အရင်က ဖုန်ပေနေတဲ့ လက်နဲ့တွဲထားရတာကို
ပြန်တမ်းတမိတယ်။
အခုအချိန်အိပ်မရတာတွေထက်စာရင် အရင်က အိပ်ရေးပျက်တာတွေကတောင် ငါ့အတွက်အဆင်ပြေပါသေးတယ်
ကောင်မလေးရေ...

နင့်ဆုတောင်းတွေကို ငါမျှော်လင့်နေတယ်။ နင့်အားပေးစကားတွေကို ငါကြားယောင်နေတယ်။ ငါတို့အနာဂတ်ကို
ငါဖန်တီးနေတယ်။
ကောင်မလေးရေ... နင့်ရဲ့ ကိုယ်ခန္တာကိုပြန်လည်ထွေးပွေ့နိုင်ဖို့အတွက် ဒီလက်တွေနဲ့ပဲ ငါကီးဘုတ်ကို ရိုက်နေရဦးမယ်။

Monday, May 18, 2009

carrefour ကအကြောင်း

bus stand

ဒီနေ့သူငယ်ချင်းတစ်ယောက်နဲ့ ဂျူတီအပြီးလမ်းလျှောက်ရင်း ဒူဘိုင်း Bus stand ကိုရောက်ခဲ့ပါတယ်။ တနေကုန် အလုပ်တွေနဲ့ပဲ နပန်းလုံးရင်း အလုပ်ပြီးချိန်မှာ အညောင်းအညာပြေ လမ်းလျှောက်ကြတာပါ။ ကျွန်တော်တို့အတွက်ကတော့ မြန်မာစကားကို အားရပါးရပြောရတဲ့ အချိန်လိုသတ်မှတ်ထားပါတယ်။ အဲဒီသူငယ်ချင်းက ကွန်ပျူတာဆက်စပ်ပစ္စည်းဆိုင်မှာ အလုပ်လုပ်တာပါ။ ကျွန်တော့်ဂျူတီက ညနေ ၅း၀၀ နာရီပြီးပေမယ့် သူ့အလုပ်ပြီးချိန် ည ၁၀း၀၀ နာရီကိုစောင့်ရင်း သူနဲ့အတူတူ ၁၀း၀၀ ကျော်မှ ထွက်လာဖြစ်ပါတယ်။ ဘတ်စတန်းကိုလည်းရောက်ရော ထူးထူးခြားခြား တခါမှ အားတယ်ဆိုတာ မတွေ့ရတဲ့ Taxi တွေ၊ အားလုံးခါလီနဲ့ လူခေါ်နေတာကို တွေ့လိုက်ရလို့ ကျွန်တော်တို့ ၂ ယောက်ကြည့်ပြီး အံ့သြနေမိကြပါသေးတယ်။

taxi stand

ဘတ်စ်စတန်းကို လာတယ်ဆိုတာကလည်း ဘတ်စ်တန်းရဲ့ ဟိုဘက်မှာ Super Market အကြီးကြီးတစ်ခုရှိပါတယ်။ အဲဒီမှာ အအေးဝယ်သောက်၊ ဘယ်အီလက်ထရောနစ် ပစ္စည်းဈေးပေါနေပြီလည်း ဘာလည်းကြည့်ဖို့ လာခဲ့တာပါ။ ကမ္ဘာနဲ့အ၀န်း အီလတ်ထရောနစ်ပစ္စည်းတွေ ဈေးပေါနေချိန်မှာ ဒီမှာလည်းလွန်ခဲ့တဲ့ ၂ လလောက်က ၁၈၀၀ ကျော်လောက်ရှိတဲ့ Laptop တွေကိုအခု ၉၀၀ ကျော်နဲ့ ဒီစူပါမားကက်ကြီးမှာ ရောင်းနေတဲ့အတွက်ကြောင့်ပါ။ သူ့နံမည်ကတော့ Carrefour ပါ။

carrefour

အပြင်ဆိုင်တွေထက်စာရင် ဒီမှာကဈေးသက်သာလို့ အအေးဘူးလေးကအစ ကျွန်တော်တို့တတွေဒီမှာပဲ ၀ယ်လေ့ရှိပါတယ်။ ထုံးစံအတိုင်းဒီရောက်တဲ့ အအေးကောင်တာကိုသွား အအေး ၂ ဗူးကိုတစ်ယောက်တစ်ခုဆီကိုင်ရင်း မြန်မာပြည်က အကြောင်းတွေကို ရောက်တတ်ရာရာပြောနေမိကြပါတယ်။ ကျွန်တော်တို့ မြန်မာအချင်းချင်းတွေ့ဆုံချိန်မှာတော့ အဓိကမြန်မာပြည်ကအကြောင်းတွေကိုပဲ ပြောဖြစ်ကြတာများပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ဇနီးလေးကို လွမ်းတဲ့အကြောင်းပေါ့။ တခါတလေကျွန်တော့်သူငယ်ချင်းတွေကတောင် ကျွန်တော့်ကို အမြင်ကတ်ပါတယ်။ ဒါပေမယ့်များသောအားဖြင့် နားလည်ပေးကြပါတယ်။

Photobucket

Photobucket

ဒီလိုနဲ့ ကျွန်တော်တို့လည်း ပြန်မယ်အလုပ်မှာ ဟိုမကျ၊ ဒီမကျ အခြောက်တစ်ယောက်ကို ဒီဈေးကြီးထဲမှာ တွေ့လိုက်ပါတယ်။ သာမန်ဆိုရင် ကျွန်တော်တို့လည်း သတိထားမိမှာ မဟုတ်ပါဘူး။ သူပုံစံက အသားကလည်းမည်းမည်း၊ ဗိုက်ကလည်းရွှဲနေပြီး ထိပ်ပါပြောင်နေပါသေးတယ်။ ကျွန်တော့်သူငယ်ချင်းက နဂိုကတည်းက ခပ်နောက်နောက်လူဆိုတော့ အဲဒီအခြောက်မလာခင်ကတည်းက အဝေးကနေအမျိုးမျိုးလုပ်ပြနေပါတယ်။ တဖြေးဖြေးနဲ့ ပိုက်ဆံရှင်းခါနီးမှာ သူကကျွန်တော်တို့ အနားရောက်လာတော့ ကျွန်တော်သူငယ်ချင်းကလည်း ထုံးစံအတိုင်း မြန်မာလိုအားရပါးရ ပေါက်ကရဟာသတွေကို သူ့ကိုကြည့်ပြီးပြောတာပေါ့။ မကြာပါဘူး။ သူကကျွန်တော်တို့ကို စိမ်းစိမ်းကြီးစိုက်ကြည့်ရင်း " သေနာကောင်တွေ" ကနေအစပြုလို့ မြန်မာလိုအမျိုးမျိုး ပြန်ဆဲသွားပါတယ်။ ဟုတ်ကဲ့။ ခင်ဗျားတို့ထင်တဲ့အတိုင်းပါပဲ။ သူကလည်း မြန်မာဖြစ်နေပါတယ်။

Photobucket