Sunday, December 20, 2009

ပီတိအော့ဖ်ဘလော့ဂ်

Photobucket

သူငယ်ချင်းတွေရဲ့ ကျောင်းအဆောင်ကို ခဏရောက်ရင်း သူတို့နောက်နေ့ စာမေးပွဲရှိတာနဲ့ ကျွန်တော်လည်း စောစောစီးစီး ညက အိပ်လိုက်မိပါတယ်။ ၀ါယာလက်စ် ကော်နက်ရှင်ကလည်း လုံးဝအဆင်မပြေတာနဲ့ ဆန္ဒရှိပေမယ့်လည်း ဘလော့ဂ်ကို ဖွင့်မကြည့်ဖြစ်တော့ဘူးပေါ့။ နောက်တစ်နေ့မှာတော့ သူငယ်ချင်းတွေက စောစောစီးစီးထပြီး သူတို့ကျောင်းကို သွားကြပါတယ်။ ကျွန်တော်ကတော့ အားအားရှိရှိတာနဲ့ ဆက်အိပ်နေလိုက်တာပေါ့။ အရင့်အရင် ရက်တွေက အိပ်ပျက်ထားတာတွေကို အတိုးချတယ်လို့လည်း ဆိုရပါမယ်။ ခရီးသွားလုပ်ငန်း နဲ့အတူ ဒီနိုင်ငံကို ရောက်လာပြီး ကတည်းက ခရီးသည်တွေကို အကျိုးဆောင်ပေးရင်း နားချိန်က သိပ်မရှိတော့ နားချိန်လေး ရတုန်းမှာ အားရပါးရ နားနေလိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ခရီးသွားကာလမှာက မျက်စိလည်ပြီး ပျောက်သွားတဲ့ ခရီးသည်တွေကို ရှာရရင် ထမင်းစားချိန်ပါ မေ့ပြီး ထမင်းပါငတ်ရတာကိုးဗျ။ ကိုယ့်မှာကလည်း တာဝန်ရှိတော့ မဖြစ်မနေ မတွေ့တွေ့အောင် ရှာရတာပေါ့။ နောက်ဆုံးတော့ အကုန်ပြန်တွေ့ပါတယ်။ အကုန်လုံးလည်း အဆင်ပြေခဲ့ပါတယ်။ ကျွန်တော်ကတော့ တော့်တော့်ကို ပင်ပန်းခဲ့ပါတယ်။ ထားပါတော့။ ဒီလိုနဲ့ အိပ်ရာနိုးနိုးချင်း လက်ပ်တော့ပ်လေးကိုပဲ အရင်ဆုံး စဖွင့်မိတာပေါ့။ ပြီးတော့ ကျွန်တော့် ဘလော့လိပ်စာလေးကို ရိုက်ထည့်ပါတယ်။ ကျွန်တော် ပထမဆုံးကြည့်ဖြစ်တာက ကောမန့်စာရင်းကိုပါ။ (အားလုံးလည်း ကျွန်တော့်လိုပဲလို့ ထင်ပါတယ်) ကျွန်တော့်အတွက် ၀မ်းသာစရာ ကောမန့်လေးတွေက စောင့်ကြိုနေပါတယ်။ ကျွန်တော့် အမျိုးသမီးရဲ့ မွေးနေ့အတွက် တင်ထားတဲ့ ပို့စ်လေးမှာ ကျွန်တော့်ဘလော့ဂါ သူငယ်ချင်းတွေ ဆုတောင်းပေးသွားတဲ့ ကောမန့်လေးတွေပါ။ ကျွန်တော် ဖတ်ရင်းကြည်နူးနေမိပါတယ်။ ကျွန်တော့်ရဲ့ ဒီနေ့ မနက်ခင်းက မင်္ဂလာအလိုလို ရှိသွားပါတယ်။ ထပ်ခါတလဲလဲ ကျွန်တော် အဲဒီကောမန့်လေးတွေကို ကျွန်တော် ဖတ်နေမိပါတယ်။ ဒီပို့စ်လေး ရေးပြီးရင်လည်း နောက်တစ်ခါ ဖတ်ပါဦးမယ်။ အဲဒါ ဘာဖြစ်လို့လဲ ဆိုတော့.....................။

6 comments:

  1. ကွန်မန့်လိုချင်တယ်လား.. အဲဒါဆို သူများတွေဆီမှာလဲ လိုက်ပြန်ကွန့်လေ.. ဟုတ်သည်ရှိ မဟုတ်သည်ရှိ၊ နဲနဲတော့ ရေး... ဒါမှ နင်ပြီးငါ့အလှည့် လုပ်လို့ရမှာဗျ.. အဟီး .. လိုချင်တယ်ဆိုလို့ ကျပ်ပေးတာပါ။ ကျနော့်ဆီလဲ ပြန်လာနော် အခုဆို ၂ပုဒ်ရှိပြီ ဒီမှာကွန့်ခဲ့တာ ..ဟဲဟဲဟဲ.. ။

    ReplyDelete
  2. အစ်ကိုရေ လာမလည်ဖြစ်တာကြာပြီနော် နေကောင်းရဲ့လား

    ReplyDelete
  3. ဖတ်ဖတ်နော်... ဖတ်လို့ရအောင် ကောမန့်ရေးပေးသွားပြီ.. ဟုတ်တယ်နော် ကောမန့်က ဘလော့ဂ်ဂါရဲ့အားပဲ

    ReplyDelete
  4. အားဆေးလာပို့တာဗျး) အားတွေရှိပါစေလို့
း)ညကတည်းကရောက်တယ် ဝိုင်ဖိုင်ကွန်ပစ်ရင်း မန့်မရလို့အခုမှလာမန့်ရတာား)

    ReplyDelete
  5. ဟ ဟ PT of Blog လို့ ဖတ်နေတာ.... အထဲက စာကို ဖတ်ပြီးမှပဲ ပီတိ of Blog မှန်း သိတော့တယ်... :P

    ReplyDelete
  6. အားဆေးတွေ လာလာပေးတယ် အကိုရေ
    စီဘောက်ကလဲ အးဆေးတစ်မျိုးပဲး)

    ReplyDelete