Saturday, February 20, 2010

Slider Problem

ကျွန်တော် Web2feel wordpress themes website ကနေ ဒီ Theme လေးကို တင်လိုက်တာပါ။ မောင်သားဖြိုး တင်ထားတာကို အားကျပြီး ကျွန်တော်လည်း ဒီလိုလှတ ပတ Theme လေးကို တင်ချင်တဲ့ စိတ်လေးတွေ တဖွားဖွား ပေါ်လာပါတယ်။ ဒါနဲ့ ကျွန်တော့်ဆရာ မောင်သားဖြိုး ကို မေးတော့ သူကလမ်းညွှန် ပေးပါတယ်။ သူ့လိုသီးမ်စ် တွေလိုချင်ရင် အဲဒီ ၀ဗ်ဆိုဒ်ကို သွားပြီး ကြိုက်တာကို ရွေး၊ ကြိုက်သလို သုံးနိုင်ကြောင်း ပြောပါတယ်။ ကျွန်တော်ကလည်း ဟုတ်ပြီပေါ့။ သူပြောသလိုပဲ Web2feel ကို သွားပြီး ကျွန်တော်ကြိုက်မယ့် သီးမ်စ်တွေကို ဒေါင်းလုဒ်ချပါတယ်။ Web2feel မှာ wordpresser တွေအတွက် wordpress theme တွေတော်တော် စုံပါတယ်။ တော်တော်လည်း မိုက်ပါတယ်။ အဲ... ဒါနဲ့ ကျွန်တော့် wordpress မှာ သီးမ်စ် တစ်ခုကို အင်စတော လုပ်ပါတယ်။ အားလုံး အဆင်ပြေပေမယ့် သီးမ်စ် ထိပ်ဆုံးက စလိုက်ဒါမှာ ပြသနာတက်ပါတယ်။ သူတို့က Theme Option မှာ ပြောထားတာက စလိုက်ဒါမှာ ပေါ်ဖို့အတွက်၊ ပေါ်စေချင်တဲ့ Categories နဲ့ ပေါ်မယ့် ပို့စ်အရေအတွက် ကို ဖြည့်ခိုင်းပါတယ်။ ကျွန်တော်ကလည်း ကျွန်တော့် Categories တွေထဲက (ဖတ်ကြည့်ဖို့) ဆိုတဲ့ ကတဂိုရီ ကို ရွေးပေးလိုက်ပါတယ်။ ဒါပေမယ့် စလိုက်ဒါမှာ ပို့စ်က ပုံတွေ မပေါ်လာပါဘူး။ ကျွန်တော် တခြား ကတဂိုရီကို ပြောင်းကြည့်ပါသေးတယ်။ ဒါပေမယ့် အဆင်မပြေဘူး ခင်ဗျ။ ပို့စ်က ပုံတွေက ပေါ်မလာပါဘူး။ နောက်ဆုံး ကျွန်တော်လည်း ကြံရာမရတာနဲ့ ကိုသင်္ကြန် ကိုမေးကြည့်ပါတယ်။ ကိုသင်္ကြန်က စိတ်ရှည်လက်ရှည်နဲ့ သူဝင်ကြည့်ပေးပါတယ်။ အဲဒီနောက် သူက Categories name တွေကို အင်္ဂလိပ်လို ပြောင်းကြည့်ဖို့ ပြောပါတယ်။ ကျွန်တော်လည်း သူပြောသလို အင်္ဂလိပ် လိုလည်း ပြောင်းလိုက်ရော ပို့စ်ကပုံတွေက သေသေချာချာ စလိုက်ဒါမှာ ပေါ်လာပါတော့တယ်။ ဒါလေးက ကျွန်တော်တို့လို မတောက်တခေါက် ဘလော့ဂါလေးတွေ အတွက် ဖြစ်တတ်တဲ့ အကြောင်းလေးပါ။ တချို့တွေအတွက် ဘာမှမဟုတ်ပေမယ့် ကျွန်တော်တို့ အတွက်တော့ စဉ်းစားမရတဲ့ အခက်အခဲ တစ်ခုပါ။ ဒါကြောင့်မို့လို့ ကျွန်တော့်လိုမျိုး Theme ကလိချင်သူတွေ အခက်မကြုံရအောင် ကျွန်တော် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

4 comments:

  1. ကောင်းပါ့ဗျာ။ ကျွန်တော်လဲ Themes ကောင်းကောင်းလေးတွေလိုချင်နေတာ..။ ခုလိုရှေ့ကလူတွေ ဒုက္ခက နောက်ကလူတွေအတွက် သုခပဲ။
    ဘောစိကတော့ ..ဘောစိပါပဲ..အာစရိရယ်

    ReplyDelete
  2. အကိုရေ ကျွန်တော်လည်း ဒါမျိုးတွေကိုကြောက်လို့ မပြောင်းရဲတာဗျ ဘယ်တော့တွေမှာလဲ အကို ဘာကိစ္စရှိတာလဲ ချိန်းလိုက်လေအကို တွေတာပေါ့

    ReplyDelete
  3. အစ်ကိုရေ ကတတဂိုရီကို ဘိုလိုပြောင်းပြီတာတောင် ပုံမပေါ်ဘူးဗျ လုပ်ပါအုန်း နောက် တဂ်ထားတဲ့ဟာ ရေးပြီးပြီနော်

    ReplyDelete
  4. ကောင်းပါတယ်ဗျာ themes လေးက ဂွတ်တယ်။
    ညီလဲ အဲ့လို ပြဿနာတွေ ကြောက်လို့ မပြောင်းရဲတား)

    ReplyDelete