Friday, March 19, 2010

အသိတရား

ကျွန်တော်တို့ အားလုံး လူအဖြစ် မွေးဖွားလာပြီး တဲ့နောက်မှာ အသိတရား ကိုယ်စီတော့ ရှိလာကြပါတယ်။ အရူးတွေမှာ တောင် သူတို့နဲ့ ပတ်သက်တဲ့ အသိတရားလေး တွေတော့ အနည်းနဲ့ အများရှိကြပါတယ်။ အဲ.. လူမဟုတ်တဲ့ တိရစ္ဆာန်တွေ မှာလည်း သူတို့နည်း သူတို့ဟန်နဲ့ သူတို့နဲ့ ပတ်သက်တဲ့ အသိတရားလေးတွေ ရှိကြပါတယ်။ ဒါပေမယ့် လူကောင်း ပကတိ ဖြစ်ပြီး လူ့အသိစိတ် ပါမလာတဲ့ သူတွေကတော့ အဲဒီ အရူးတွေ၊ တိရစ္ဆာန်တွေလောက် တောင် တန်ဖိုးရှိနိုင်မှာ မဟုတ်ပါဘူးဗျာ။ မိနှင့်ဘ ကမွေးဖွားလို့ ကျွန်တော်တို့ လူ့လောက ကိုရောက်လာပါတယ်။ ဘာမှမလုပ်ပဲ နို့သောက်ပြီး ဗိုက်ပြည့်လာခဲ့တယ်။ ဒီအသက်အရွယ်ထိ ကြီးပြင်းလာခဲ့ပါတယ်။ စာတတ်လာတယ်။ လူတွေနဲ့ ဆက်ဆံတတ်လာတယ်။
အရင်တချိန်မှာ ကိုယ့်အပေါ် လိုလေးသေး မရှိအောင် ထားနိုင်ခဲ့တယ်။ သူတို့ကြောင့် အသိုင်းအ၀ိုင်းကြားမှာ မျက်နှာရခဲ့တယ်။ လောက နိယာမ အတိုင်း အခြေအနေ ဆိုတာ တသမတ်တည်း မရှိနိုင်ဘူးပေါ့။ အခုအချိန်၊ ကိုယ် အိမ်ထောင်ရက်သား ကျပြီးနောက်ပိုင်း သူတို့ဆီမှာ သေးငယ်တဲ့ အကူညီလေး တစ်ခုတောင် မရနိုင်တော့ဘူးဆိုရင်.... ကျွန်တော်တို့ ဘယ်လိုထင်ကြမလဲ။ ငြူစူမယ်။ မကောင်းပြောမယ်။ (နောက်ကွယ်မှာရော... တချို့တချို့ ရှေ့တင်ရော)။ ကိုယ့်မွေးချင်းတွေထဲမှာ မိဘက ကိုယ့်ထက် ဦးစားပေးတဲ့ မွေးချင်း ရှိကောင်းရှိမယ်။ ဒါကလည်း သူ့ကုသိုလ်နဲ့ သူပဲဗျ။ သူ့ကို မနာလို၊ မိဘကို မကောင်းပြောလို့ မရဘူး။ ကိုယ်လိုအပ်နေတဲ့ အချိန်မှာ မိဘဆီက မရခဲ့လို့ သွေးပူပူနဲ့ ကိုယ့်မိဘ အပေါ်ပြောလိုက်တဲ့ စကားတစ်ခွန်း၊ သူတို့ နာကျင်သွားရင် ကျွန်တော်တို့ တသက် ခေါင်းမဖော်နိုင်အောင် လူ့လောကမှာ နေထိုင်သွားရမယ်။ စိတ်ဆိုးတာက ခဏပါဗျာ။ စိတ်နာတာက ဖျက်မရအောင် ဖြစ်တတ်တယ်။ မိခင်က ပြည့်တန်ဆာပင် ဖြစ်ပါစေ မိခင်ကို မိခင် နေရာမှာပဲ ထားပါလို့ အဆိုတစ်ခု ကျွန်တော် ကြားဖူးတယ်။ ကျွန်တော်တို့ ကိုယ်တိုင် တချိန် မိဘတွေ ဖြစ်လာကြမယ်ဗျာ။ ၀ဋ် ဆိုတာ လည်ကို လည်မယ်ဗျ။ ကိုယ် ကိုယ်တိုင် အသိတရား ရှိမှ၊ ကိုယ့် အပေါ်လည်း အသိတရားတွေ ရှိလာကြလိမ့်မယ်။ လူ ပီသဖို့ ကျွန်တော်တို့ အမြဲတမ်း ကြိုးစားနေကြရမှာပေါ့ ဗျာ။


(ကျွန်တော်ရေးတာ အဆီအငေါ် မတည့်ဖြစ်ချင် ဖြစ်မယ် ကိုမောင်မိုး ရေ။ ဒါပေမယ့် ရင်ထဲမှာ ထွက်လာတာတွေကို လက်တမ်းချ ရေးလိုက်တဲ့ အတွက် ခွင့်လွှတ်ပါ။)

2 comments:

  1. ကျေးဇူးဗျာ ..ရေးပေးတဲ့အတွက်။ ဘောဇိက မိဘအပေါ် သိတတ်ရမယ့် အသိတရားအကြောင်းကို အတိုဆုံးနဲ့ အထိမိဆုံး ရေးသွားတာပဲ။ မိဘဘာဖြစ်ဖြစ် မိဘဆိုတဲ့ ဂုဏ်ပုဒ်ကနေ မလျော့ကောင်းပါဘူး။ အင်းဗျာ.. ကျွန်တော်တော့ မိဘအပေါ် သိတတ်ဖို့ ကြိုးစားနေတုန်းပါပဲ။ အထူးသဖြင့် မိဘကျေးဇူးပေါ့ဗျာ။ ဆပ်မကုန်တဲ့ကျေးဇူးပေါ့။

    (တန်းပလိတ်လှတယ်ဗျာ။ ဒါပေမဲ့ နှင်းတွေကျနေတာက ရှုပ်နေသလိုပဲ။ အဲဒါလေးဖြုတ်လိုက်ပါလား)

    ReplyDelete
  2. zoxရေ....
    ဟုတ်ပါ့ဗျားးးးး
    အဲ့ဒီအသိတရားလေးကတော့ အတော်ကောင်းတယ်.....။
    မိဘတွေနဲ့ပတ်သတ်လို့လေ......။
    ကိုဏီ့အတွက်ကတော့ မိဘက နံပါတ်၁၊ ၂၊၃၊ ၄၊၅၊ စသဖြင့်ပါပဲဗျာ........။
    (တက်ဂ်ထားသေးတယ်နော်....။ ထပ်ပြောတာ.......း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete