Sunday, March 7, 2010

Left4Dead Pc Game

ကျွန်တော် ဘလော့ဂ်ရေးချိန် လေးတွေကို ဒီဂိမ်းက ဖဲ့ယူနေတာ ကြာပြီဗျ။ ပို့စ်တွေတောင် မတင်ဖြစ်ဘူး ဖြစ်နေတယ်။ ရေးမယ်လို့ စိတ်ကူးထားတဲ့ အကြောင်းတွေ ရှိပေမယ့် ဘလော့ဂ်ရေးချိန် ဒီဂိမ်းကို ဆော့နေရတာနဲ့ ကျွန်တော် ပို့စ်မတင်ဖြစ်တော့ဘူး ခင်ဗျ။ အခုဆို Left4Dead3 တောင် ထွက်နေပါပြီ။ ဇာတ်လမ်းရော၊ ဂရပ်ဖစ်တွေကပါ တော်တော်ကို ဆော့လို့ကောင်း စိတ်ဝင်စားဖို့ ကောင်းလွန်းလို့ပါ။ ပုံကို မြင်ရင် ဘာဂိမ်းလဲဆိုတာ ပြောစရာလိုမယ် မထင်ပါဘူးဗျာ။ နားကြပ်တပ်ပြီး အသံကိုချဲ့၊ ညသန်းခေါင်လောက်မှာ ဆော့ရင် ပိုတောင် ဆော့လို့ကောင်းသေးတယ်။ ကိုယ့်စိတ် ကိုယ်မနိုင်ရင်တော့ ကလေးသေးခံ လေးတစ်ခု အောက်မှာ ခင်းထိုင်ပြီး ဆော့ပေါ့ဗျာ။ အဟဲ။ နှလုံးရောဂါရှိသူတွေတော့ မဆော့ဖို့ ကြိုတင် သတိပေးချင်ပါတယ်။ ဘာရယ် မဟုတ်ပါဘူး။ ဒီလိုပဲ လက်တို့လိုက်တာပါ။
အဲ..ဒါပေမယ့် သုံး၊ လေးယောက် ချိတ်ဆက် ကစားဖို့ အခက်အခဲ ရှိနေတယ်ဗျ။ ဘာလိုနေလဲတော့ မသိဘူး။ တကယ်လို့ သိတဲ့ သူများ ရှိရင် ဖြေကြားပေးကြပါ။

3 comments:

  1. ဆားချက်တာလားဗျ.။ LAN ချိတ်ပြီးကစားချင်တာလို့နားလည်မိတယ်။ LAN Setting မှာ တစ်ခုခုမှားနေလို့ဖြစ်ပါလိမ့်မယ်။ Server တစ်ခုထဲမှာဆိုရင် LAN ချိတ်ပြီးကစားလို့ရပါတယ်။ ဆက်တင်တွေကို သေချာ ပြန်စစ်ကြည့်လိုက်ပါ။ မရှင်းရင် ဂူဂင်းလိုက်လေ။ ဟီးး

    ReplyDelete
  2. အော် ဒါကြောင့်ပျောက်ပျောက်နေပါတယ်လို့ ဂိမ်းဆော့နေတာကိုး
    တားတော့ မဆော့တတ်ဖူးရယ်း)

    ReplyDelete
  3. zox ရေ..
    ဂိမ်းဆော့တာ ၀ါသနာမပါပဲ....ဒီပို့စ်လေးကို အူကြောင်ကြောင်နဲ့ ၀င်ဖတ်သွားတယ်....။
    ကိုဏီက အဲ့သလိုမျိုးးးးးးးး...........း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete