Friday, May 15, 2009

တစ်ခါက စာတစ်စောင်

catsss

ကောင်မလေးရေ...

နေကောင်းလား။ အခုဘာတွေလုပ်နေလဲ။ ငါ့ကို သတိရနေရဲ့လား။ ငါကတော့ နင့်ကိုအချိန်တိုင်း သတိရတယ်။ သိလား။ (ခဏခဏ) သတိရနေတာက တစ်နေ့လုံးပါပဲ။ ငါ့ရဲ့နေ့တစ်နေ့က နင့်ကိုသတိရတဲ့ အဲ့ဒီခဏများစွာနဲ့ပဲ ဖွဲ့စည်းထားပါတယ် ကောင်မလေးရယ်။ နင်နဲ့ပတ်သက်ပြီး သတိရစရာတွေ ငါ့အတွက်အများကြီးရှိပေမယ့်လည်း နင်ကတော့ ငါ့အနားမှာရှိမနေသေးဘူးနော်။ ငါအရမ်းဝမ်းနည်းတယ်သိလား။ နင့်ကိုလည်း အရမ်းလွမ်းတယ်။ ငါယုံကြည်တယ်။ နင်ငါ့အနားမှာရှိရင် ငါပျော်နေလိမ့်မယ်။ မြန်မြန်လာပါတော့။ နင်မြန်မြန်လာပါတော့။ ငါ့နှလုံးသားက တောင်းဆိုနေပါတယ်။

(ကောင်မလေးရေ.. နင်မှတ်မိလား ဒီစာလေးကို။ သိချင်ရင် အောက်ကလိုင်းကို မောက်စ်နဲ့ ဒရဂ် ဆွဲပြီးကြည့်ကြည့်)

... မောင်တို့ချစ်သူဘ၀တုန်းက မောင့်မိန်းမရေးပေးခဲ့တဲ့ စာလေးတစ်စောင်လေ။ မောင်ပြန်ပြင်ရေးထားတာ ...

0 comments:

Post a Comment