Monday, May 18, 2009

From .. Kaung ma lay

Kissing Prairie Dogs Pictures, Images and Photos

အမြဲတမ်းပြောနေကျ စကားတစ်ခွန်းကိုပဲ ငါထပ်ပြောမယ်။ အရမ်းသတိရတယ်ဟာ။ နင်နဲ့ငါနားထောင်နေကျ သီချင်းတွေကို နင့်ကိုငါသတိရတဲ့အချိန်တိုင်း နားထောင်မိတယ်။ အဲဒီသီချင်းလေးတွေကို နားထောင်ရင်း ငါတို့ ၂ ယောက်နီးခဲ့ရသလို၊ အဲဒီသီချင်းလေးတွေကို နားထောင်ရင်းနဲ့ပဲ နင်နဲ့ငါခွဲခဲ့ကြရတယ်နော်။ ငါဘယ်လိုနေရမလဲ။ နင့်ရဲ့ငိုသံတွေကို ငါဘယ်လိုနားထောင်ရမလဲ။ နင်ပြောခဲ့သလို နောင်တချိန်ငါတို့ အမြဲတူတူနေရဖို့ အခုခဏဝေးနေရတာပဲ ဖြစ်ပါစေဟာ။

ကောင်မလေးရေ....

နင်ပို့ပေးလိုက်တဲ့ အိတ်ဆောင်အဘိဓါန်လေးကို အခုလည်းငါဖတ်နေတုန်းပဲ။ အဲဒီအဘိဓါန်စာအုပ်လေးရဲ့ Alpahbets တွေနဲ့အတူတူ နင့်ရဲ့စိတ်ကူးလှလှလေးနဲ့ ရေးပေးခဲ့တဲ့ နင့်ရဲ့စာရွက်အပိုင်းလေးတွေကို အခုလည်းငါဖတ်နေတုန်းပဲ . . .

A - အလိုတော်နဲ့ (ဘုရားသခင်) အလိုတော်နဲ့ နီးစပ်ခွင့်ရခဲ့တဲ့ မင်းခက်နဲ့ Paraween ကိုအမြန်ဆုံး နီးကပ်ခွင့်ပေးပါစေ။ အလိုတော်နဲ့ မင်းခက်အစစအရာအရာ အဆင်ပြေပါစေ။ Paraween ကိုလည်း အရင်ကထက် ပိုပြီးချစ်နိုင်ပါစေ။

B - ဘာတွေစဉ်းစားနေတာလဲ။ Paraween အကြောင်းရော ပါရဲ့လား။ မင်းခက် ဘာတွေပဲလုပ်နေလုပ်နေ၊ ဘယ်သူနဲ့ပဲရှိနေရှိနေ Paraween ကိုတော့ သတိရပေးပါနော်။

C - စွန်းစားပြီးမောင့်အချစ်နောက်ကိုလိုက်ခဲ့တဲ့ Paraween ကိုတသက်လုံး ချစ်နေပါနော်။

D - ဒီလိုသာအကြာကြီး ခွဲပြီးနေရရင် Paraween သေသွားလိမ့်မယ်သိလား။ Paraween ကိုမင်းခက်အနား အမြန်ခေါ်ပါနော်။

E - အရာရာမင်းရဲ့သဘောပါ သွားချင်ရာသွား တားခွင့်မရှိသူပါ။ (ဒါက သီချင်းနော်)၊ ဘယ်ပဲသွားသွား Paraween ကိုပြောပြရမယ်နော်။ ကြားလား။ Paraween မှာတားခွင့်အပြည့်အ၀ရှိတယ်။ မင်းခက်မိန်းမအကြောင်း မင်းခက်သိတယ်နော်။

F - Family တစ်ခုဖြစ်ဖို့အတွက် ကြိုးစားကြရအောင်နော်။ မင်းခက်ရေ... အားတင်းထားပါ။ နောက်ဆို ပြည့်စုံတဲ့မိသားစုလေးဖြစ်အောင် ကြိုးစားကြမယ်နော်။

G - G ဆိုတော့ (ဂငယ်) ပေါ့။ ဘာရေးရမှန်းလည်း မသိတော့ဘူး။ အင်း။ ဂါးဂါးငါးမုန့်စားချင်တယ်။ ၀ယ်ကျွေးနော်။

H - Hello ... ဒါလင် မတွေ့ရတာကြာပြီနော်။ ဟိတ်- Paraween ကိုချစ်လား။ တစ်သက်လုံး ချစ်ရမယ်နော်။

I - အချိန်တိုင်း မင်းခက်ကိုလွမ်းနေတယ်ဆိုတာ မင်းခက်အကြွင်းမဲ့ ယုံကြည်ပေးထားပါနော်။ အချစ်ရယ်.. မင်းခက် Paraween အနားမှာမရှိပဲ Paraween တစ်စက္ကန့်လေးတောင် မပျော်နိုင်ဘူး။ (တကယ်)

J - J ဆိုတော့ (ဂငယ်) ပဲပေါ့။ လာပြန်ပြီ။ မရေးတတ်ပါဘူးဆိုမှ။ တစ်ခုတော့ရှိတယ်။ အွန်လိုင်းမှာ တွေ့မှပဲ ပြောပြမယ်နော်။

K - ကောင်းကင်ပေါ်က ကြယ်လေးတွေမရေတွက်နိုင်အောင် များပြားသလို Paraween ရင်ထဲက အချစ်တွေလဲ မင်းခက်မရေတွက်နိုင်ဘူး။ (ဟုတ်တယ်မလား)

L - Lovely လေး။ မင်းခက်ကို Paraween အရမ်းချစ်တာ မင်းခက်သိလား။

M - မင်းခက်ရေ။ ဘာလိုလိုနဲ့ Paraween တို့ရဲ့အချစ်ခရီးလမ်းလေး (၂) နှစ်ပြည့်တော့မယ်နော်။ မင်းခက်အပေါ် ဆိုးခဲ့တာတွေ အနိုင်ကျင့်ခဲ့တာတွေ ခွင့်လွှတ်ပေးပါနော်။ မင်းခက်ကို အရမ်းချစ်တယ်။


Dic

ကောင်မလေးရေ... ကျန်တာတွေကို နောက်နေ့မှဆက်ရေးပေးမယ်နော်။ ဒီမှာ အရမ်းမိုးချုပ်နေပြီ။ နင်အိပ်မက်လှလှမက်နေပါစေ။

1 comment:

  1. ၀ူး........... မိုက်တယ်ကွာ၊ အားကျမိ၏။ တချို့နေရာလေးတွေ တူသဗျာ၊ စာလေးတွေ ရေးပေးလိုက်တာမျိုးပေါ့။ အနော့်ကိုဆိုရင် တနေ့ကို တရွက်ဖတ်ရမယ်ဆိုပြီး စိတ်ကူးကောင်းကောင်းနဲ့ စာကြောင်းလေးတွေ ရေးပေးလိုက်ပါသတဲ့။

    ReplyDelete