Saturday, May 2, 2009

မောင့်မိန်းမကို ပြောချင်လိုက်တာ ...

c eye

ကောင်မလေးရေ . . .

၂ နှစ်စာ ပြက္ခဒိန်တွေကုန်သွားပေမယ့်

ငါ့ရင်ထဲမှာ နင့်ကိုချစ်တဲ့ အချစ်တွေ

အခုထိ လျှံနေတုန်းပဲ။

ချစ်သူဘ၀မှာကတည်းက

ဘယ်သူနဲ့မှ မတူအောင် ချစ်ခဲ့ကြတဲ့

ငါတို့ ၂ ယောက်၊ အခုလည်း ဘယ်သူနဲ့မှမတူအောင်

ငါလွမ်းနေရတယ်။

ခိုင်မာတဲ့ကတိတွေနဲ့ အချစ်ကို အစပြုခဲ့ပြီး

ဘ၀ကိုလည်း အဲဒီကတိတွေနဲ့ပဲ

ငါတို့လျှောက်လှမ်းခဲ့ကြတယ်။

နင်ငါ့ကို အရမ်းချစ်သလို လူတကာ သတိပြုမိလောက်အောင်

ငါလည်း နင့်ကိုအရမ်းချစ်နေပါတယ်။

အရမ်းချစ်ခဲ့ပါတယ်။

အဲဒီလိုပဲ နင့်ကိုငါ အရမ်းချစ်နေပါမယ်။

သစ္စာကို တခြားလူတွေ ဘယ်လိုပြောမှန်း ငါမသိပေမယ့်

ငါတို့အတွက်တော့ အချစ်တွေရဲ့၊

ဘ၀ရဲ့ အုတ်မြစ်တစ်ခုဆိုတာကို တခြားလူတွေကို

ငါပြောပြချင်တယ်။

နင့်အပေါ် ငါအသက်ရှင်နေသရွေ့ သစ္စာရှိရင်း ငါ့ကိုယ်ငါ

ဂုဏ်ယူနေမယ်။

နင့်ရဲ့အဝေးမှာ အခုငါရှိနေပေမယ့်

နင့်ကိုအချိန်တိုင်း သတိရနေတယ်။

ငါ့အနားမှာ အမြဲတမ်းမခွာပဲ နင်ရှိနေတာကို အခုလည်း

ငါလိုချင်နေမိတယ်။

တဘ၀လုံးလည်း အဲဒီအတိုင်း ဖြစ်နေပါစေလို့ မျက်ရည်တွေနဲ့အတူ

ငါဆုတောင်းနေမိတယ်။

ကောင်မလေးရေ။

နင်ရောအခု ငါ့ကိုလွမ်းနေမှာလား။

ငါကတော့ ငါ့တို့ရဲ့မှတ်မှတ်ရရဒီနေ့လေးမှာ နင့်ကိုအရမ်းသတိရနေမိတယ်။

ငါငိုနေတုန်းပဲ ကောင်မလေးရေ။ ဘယ်အချိန်ထိ ငိုနေမိမယ်မှန်းလည်း ငါမပြောပြတတ်ဘူး။

နင့်အနားက မခွာချင်ပေမယ့်၊ နင့်ကိုထားပြီး တစ်ယောက်တည်း ဘယ်မှမသွားဘူးလို့ ငါကတိပေးခဲ့ပေမယ့်...............။

ငါ့ကိုခွင့်လွှတ်ပါဟာ။

ငါတို့ဘ၀အတွက်ပဲ ငါနင့်ကိုထားခဲ့ရတာပါ။ အနာဂတ်ငါတို့ဘ၀ပြည့်စုံဖို့ ခဏတော့ငါ ရင်အကွဲခံလိုက်ဦးမယ်။

ငါတို့ ဆုတောင်းတွေပြည့်မယ်လို့ ငါယုံကြည်တယ်။

ငါ့အပေါ်အမြဲတမ်း အနစ်နာခံပြီး ချစ်ခဲ့တဲ့နင့်အတွက်

ငါဘ၀နာပြီး ကြိုးစားလိုက်ဦးမယ်။

နောင်ရှိလာမယ့် ငါတို့ရင်သွေးတွေ ငါတို့လို အားမငယ်ရအောင် ငါရှေ့ကို တည့်တည့်မတ်မတ်

လျှောက်လိုက်ဦးမယ်။

အဲဒီလမ်းမှာ နင့်လက်ကလေးကိုပါ တွဲထားနိုင်အောင် အခုငါပြေးသွားမှ ဖြစ်မယ်ထင်တယ် ...

ကောင်မလေးရေ.......................။

2 comments:

  1. ချစ်သူကို တော်၂ချစ်တယ်နော် ကောင်းတယ် .. ပျော်ရွင်ပါစေ..

    ReplyDelete
  2. wooooooooooooooooo
    i like it

    thank u bro

    ReplyDelete